#အပါယ်လေးပါး 😃
#ကပ်သုံးပါး
#ရပ်ပြစ်ရှစ်ပါး😃
" ဟဲ့ ဒကာ မိုက်ကြီး "
" ဘုရား "
" ဒီနေ့ ဥပုသ်နေ့မှာ ငါ့ကျောင်းကိုမလာစဖူး အလာထူးလို့ပါ့လားဟ "
" တင့်ပါဘုရား မယ်တင်က ကုသိုလ်ရအောင် လပြည့်နေ့ ဥပုသ်စောင့်ပါလားဆိုလို့ပါဘုရား"
" ဒါနဲ့ နေစမ်းပါဦး မင်းက ပဋိစ္စသမုပ္ပါဒ်ဆိုတာသိလားဟဲ့ "
" သိပါတယ်ဘုရား အကြောင်းတရားနဲ့ အကျိုးတရားပါ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်တာကို ပဋိစ္စသမုပ္ပါဒ်လို့ ဆိုပါတယ်ဘုရား "
" အံမယ် တယ်ဟုတ်ပါ့လား လင်းစမ်းပါဦးဟ "
" တင့်ပါဘုရား ဥပမာအနေနဲ့ ဘုန်းဘုန်းကို ရှင်းပြရရင် မျက်စိကအရာဝတ္ထုတစ်ခုကိုကြည့်ရင် ဒါကအကြောင်းတရား အရာဝတ္ထုကိုမြင်လိုက်တာက အကျိုးတရား ဒါ့ကြောင့် ကြည့်တာကအကြောင်း
မြင်တာက အကျိုး Therefore အကြောင်းတရားကြောင့် အကျိုးတရားဖြစ်တယ် ရှင်းပြီလားဘုရား "
" ရှင်းပါပြီဘုရား အာ ဟုတ်ပါဘူး ငါသိပါတယ်ဟ အဲဒါ့ဆိုရင် အပါယ်လေးပါးတို့ ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါးတို့ဆိုတာကောသိလားဟဲ့ "
ဘုန်းကြီးက ဥပုသ်သည်တွေရှေ့ ပညာစမ်းသကိုး ဘယ်ရမလဲ မိုက်ကြီးဘဲ…
" သိပါတယ်ဘုရား "
" သိရင် ရှင်းစမ်းကွာ "
" ဘုရားရှင်လက်ထက်ကပေါ့ဘုရား သူဌေးကြီးတစ်ဦးက သူ့့အိမ်မှာ အန္တရာယ်ကင်းပရိတ်တရားနာဆွမ်းကပ်ချင်တော့ ရွာကဘုန်းကြီးကျောင်းကို သံဃာသွားပင့်တယ် ကျောင်းရောက်တော့ သံဃာက ၁၅ ပါးရှိတယ်
သူပင့်ချင်တာက ၁၁ ပါး အဲ့ဒါကြောင့် ၄ ပါး ပယ်လိုက်တယ် ဒါ့ကြောင့် အပယ်လေးပါးဖြစ်သွားပါတယ်ဘုရား အဲ့ဒါနဲ့ ပင့်ထားတဲ့သံဃာ ၁၁ ပါးဟာ ဆွမ်းကပ်မယ့်အိမ်ကို နံနက်ဝေလီဝေလင်း တန်းစီပြီးကြွလာလိုက်တာ ရွာထဲကခွေးတွေလိုက်ဆွဲလို့ သံဃာရှစ်ပါးက ပါလာတဲ့ယပ်တောင်တွေပြစ်ပြီး ပြေးကြလို့ ရပ်ပြစ်ရှစ်ပါးဖြစ်ရတာပါဘုရား
ကျန်တဲ့ သံဃာသုံးပါးကတော့ ကြောက်ကြောက်နဲ့ ဝန်းထရံတွေပြေးကပ်ကြလို့ ကပ်သုံးပါးဖြစ်ရ…"
(စကားတောင်မဆုံးလိုက်ရ )
" ဒုန်း ဂလုံး ဒုန်း ဒုန်း "
( ဘုန်းကြီးက ကျောင်းပေါ်ကနေ ကန်ချ )
" သေချင်းဆိုး ငါကအဟုတ်မှတ်လို့ ငါ့ကျောင်းတစ်သက်လုံးမလာနဲ့ "
တဒင်္ဂအမောများပြေပျောက်နိုင်ကြပါစေ
အရှင်ကေသရ မေတ္တာရေစင်
Crd ဦးကဝိဓဇ...❣
Good example.
ReplyDelete😆😆
ReplyDelete😂😂😂
ReplyDelete