ကျွန်တော့ Taxi ကားကို
အမျိူးသမီးတယောက် ငှား
စီးပါတယ်။သူငှားတဲ့နေရာက
မြို့ပြင်.....။
အသွားအပြန် ၃၀၀၀၀ ကျပ်။
စျေးတည့်လို့ သူမက ကားပေါ်ကို
ရှေ့ခန်းက တက်ထိုင်ပါတယ်။
တန်ဖိုးကြီးရေမွှေးနံ့က သင်းပျံ့
ပျံ့။
ညနေစောင်းချိန်မို့---
ကားကို ဂရုစိုက်မောင်းလာ
ရာမှ--မြို့ပြင်ရောက်လာတော့
နေဝင်လုအချိန်။
သူမရပ်ခိုင်းသည့်နေရာ---
ကားကိုလမ်းဘေးချကာ ရပ်
ပေးလိုက်သည်။
သူမသည် ချက်ခြင်း မဆင်း
သေးဘဲ သူ၏ခြေနင်းတွင်
ချထားသော အိပ်ကိုဖွင့်ကာ
လည်ရှည်တောစီးဖိနပ်ကို
ထုတ်လိုက်ပြီး ဝတ်ဆင်တော့သည်။
"ကားဆရာ ခဏနော် နာရီဝက်ထက် ပိုမကြာပါဘူး"
ပြောပြောဆိုဆို ကားငှားစဉ်က
စီးလာသော မမြင့်တမြင့်
ဒေါက်ဖိနပ်ကို ခြေနင်းမှာထား
ခဲ့ကာ ဆင်းသွားပါတော့သည်။
သူမ သွားရာ လှမ်းကြည့်လိုက်တော့----
ခြံကကျယ်ဝန်းပြီး ခြံတံခါးမကြီး
မှာ ခြုံ နွယ်များပင်ပိတ်နေတော့
သည်။
သူမသည် လူဝင်ပေါက်တခါးကို
အသာတွန်းကာ---အောက်ခြေ
မျက်ပင်ရှည်များကို နင်း၍ --
ခြံထဲ ဝင်သွားပါတော့သည်။
ကျွန်တော် အောင့်မေ့မိသည်
ဒီအမျိူ းသမီး မကြောက်မရွံ့
ခြံထဲ လှမ်းကြည့်လိုက်တော့
ခပ်ဝေးဝေးမှာ
နှစ်ထပ်အိမ် အိမ်အိုကြီးတလုံး
အောက်ပိုင်းကိုမမြင်ရပေ။
အပေါ်ပိုင်းကိုသာမြင်ရလေ
သည်။ ရေနံမဲနေအောင်သုပ်
ထားသော--ရှေးအိမ်ကြီး။
ကားပေါ်မှာ တယောက်ထဲထိုင်ကာ သူမ
ကိုစောင့်နေရအုံးမည်။
ကျောချမ်းပေစွ။
အဘယ့်ကြောင့်ဆိုသော်
ကျွန်တော့ကားရပ်ထားသောနေရာကား သစ်ပင်ကြီးများက
အုံ့အုံ့ဆိုင်းဆိုင်း။
နေကလည်းဝင်နေပြီမို့---
အမှောင်ထုကကြီးဆိုးလာသည်
တော်ပါသေးသည် လမ်းမပေါ်မှာ--ကားအချို့တလေ ဖြတ်မောင်း
နေကြသည်မို့။
ကျွန်တော် စက်ရပ်ထားသော
ကားကို စက်ပြန်နှိုးကာ---
AC တမှတ်ဖွင့်၍ အားသွင်းထား
သောဖုန်းကိုကောက်ကိုင်လိုက်စဉ်-----
သူမ ဝင်သွားသောခြံထဲမှ----
"အား" ကနဲအော်သံ
တဝုတ်ဝုတ် ခွေးအော်သံ
ကိန် ကိန်ဟူ၍ ခွေးအော်ပြီး
ထွက်ပြေးသံ တို့ကို ကြားလိုက်
မိသည်။
သူမကိုများ ခွေးကိုက်၍ "အား"
ဟုအော်လိုက်လေသလား?
သူမက ခွေးကိုရိုက်လိုက်၍
ခွေးကအော်ပြီး ထွက်ပြေးလေသလား?
ကျွန်တော် မသိချေ ။
အသံကို ထပ်ကြားရလေမလား
ဟူ၍ နားကိုစွင့်နေမိသည်။
ဘာသံမှ ထပ်မကြားရတော့။
ကျွန်တော် ကျောချမ်းမိသည်ကား အမှန်ပင်။
သူမအပေါ်စိုးရိမ်စိတ်ကို
ဖေါ့ပြစ်လိုက်သည်။
သူမ ဝင်သွားသည့် ဤခြံသည်
လူသူုမရှိဘဲ နဲ့ သူမ ဝင်မည်
မဟုတ်ခြေ။
ကျွန်တော် တံခါးလော့တွေ
အကုန်ချ လိုက်မိသည်။
ဖုန်းကို အာရုံပြု့၍---
တက်လာသော နိုင်ငံရေး Post
ကို ဖတ်နေလိုက်သည်။
တဖက်နဲ့တဖက် အမှားတွေ
မကြိုက်မနှစ်သက်တာတွေကို
အပြိုင်အဆိုင် မန့်နေကြသည်။
ထိုမန့်များကို ဖတ်ပြီး----
ငယ်ငယ်က ဖတ်ခဲ့ဘူးသော
"ခြေကျိူ း" နှင့် "မျက်ကန်း"
တို့အကြောင်း သတိရသွား
မိတော့သည်။
မျက်ကန်းကခြေလက်သန်သည်
ခြေကျိူ းက မျက်စေ့မြင်သည်။
သူတို့နှစ်ယောက်မှာ----
မျက်ကန်းက စပြောသည်
ဒီအနီးအနားက ရွာမှာ----
အသံချဲ့စက်သံ ကြားတယ်။
အလှူ ကြီးပေးနေတာဖြစ်မယ်
မင့်နဲ့ငါ အဲဒီရွာ အရောက်သွားနိုင်ရင်---
ထမင်း ကောင်းကောင်းစား
ရမယ်တဲ့။
ခြေကျိူ းက ပြန်ပြောတယ်။
မင့်မျက်စေ့က ကန်းနေတာ
မမြင်ရဘဲ ဘယ်လိုသွားမလဲ
တဲ့။
မျက်ကန်းကလည်း အားကျမခံ
ပြန်ပြောပြန်တယ်။
မင်းလည်း ခြေကျိူ းနေတာ
ငါမှမဟုတ် မင်းလည်း မသွား
နိုင်ပါဘူးတဲ့။
တယောက်အားနည်းချက်
တယောက် အပြိုင်ပြောနေစဉ်
အဖိုးအိုတေယာက္က ခရီးသြား
ရင်း သူတို့နှစ်ယောက်ပြောဆို
နေတာကို ကြားလို့---
သူတို့အနား ခဏဝင်နားကာ
ခုလိုပြောသတဲ့။
မောင်ရင်တို့နှစ်ယောက်
တယောက်အားနည်းချက်ကို
တယောက်ကထောက်ပြ
အပြစ်ဖို့နေမဲ့အစား----
နှစ်ယောက်ပေါင်းပြီး----
တယောက်လိုအပ်ချက်ကို
တယောက်က ဖြည့်စည်း
ကူညီ၍ ပူးပေါင်းသွားရင်---
လိုရာခရီး ရောက်လောက်ပြီတဲ့။
အဖိုးအိုစကားကြားရမှ---
မျက်ကန်းက ခြေကျိူ းကို
ပခုန်းနဲ့ထမ်းပြီး---
ခြေကျိူ းက မျက်စေ့နဲ့ကြည့်ကာ
ဘယ်ချိူ း ညာချိူ း လမ်းညွှန်
သည်လိုနဲ့ လိုရာခရီးရောက်
ခဲ့သတဲ့။
တယောက်နဲ့တယောက်
တဖက်နဲ့တဖက်
အားနည်းချက်ကို အပြစ်ဖို့နေမဲ့
အစား---
ခြေကျိူ းနဲ့မျက်ကန်းလို
လိုအပ်ချက်ကို ပူးပေါင်းကူညီ
ကြပြီး ရည်မှန်းချက် ခရီးကို
လျှောက်လှမ်းကြရင်----
ခရီးအတော် ပေါက်လောက်ပြီ
ပေါ့ဟူ၍----စဉ်းစားတွေးနေစဉ်
ခြံထဲမှ သူမက တောစီးဖိနပ်ကို
ခပ်ပြင်းပြင်း ခပ်သွက်သွက်နင်း
ပြီး ထွက်လာနေသံ ကြားလိုက်
လို့ ခြံပေါက်ကို လှမ်းကြည့်
လိုက်တော့----
ကျွန်တော့စိတ်မှာ---ဇဝေဇဝါ
ဖြစ်သွားမိတယ်။ ဝင်သွားတုန်းကနှင့် မတူ
ဆံပင်က ဖရိုဖရဲ
မှောင်နေလို့ စိတ်ကထင်မိလေ
သလားလို့ သေခြာကြည့်
လိုက်စဉ်---သူုမကတခါးကိုပြန်ပိတ်ပြီး
ကားဆီလာနေရင်း----
ဖရိုဖရဲဖြစ်နေသော ဆံပင်ကို
ပြန်သပ်တင်လိုက်မှ----
သူမဆိုတာ သေခြာသွားတော့
တယ်။
ဒီအခါမှ လော့ချထားတဲ့တံခါး
ကို --သူမ တက်ဖို့ဖွင့်ပေးလိုက်
တယ်။
သူမက ကားကို တခါးဖွင့်ပြီး
ရှေ့ခန်းကဘဲတက်ကာ---
မကြာပါဘူးနော် တဲ့။
ဟုတ်တယ် မြန်သားဘဲလို့
ပြန်ပြောလိုက်ပြီး---
ကားကို လာလမ်းပြန်ကွေ့ကာ
ခပ်မှန်မှန် မောင်းလာခဲ့တော့
တယ်။
ကားကိုမောင်းလာရင်း---
သူမဆီက အလာတုန်းကရတဲ့
ခပ်သင်းသင်းရေမွှေးနံ့ပျောက်
ပြီး --- ညှီစို့စို့အနံ့ကို
ခံစားလိုက်ရတယ်။
သူမက တောစီးဖိနပ်ကို
ပြန်ချွတ်ပြီး အိပ်ထဲပြန်ထဲ့
လိုက်တယ်။
ကျွန်တော် သူ့ကိုလည်းမမေးရဲ
ခုလိုစဉ်းစားမိတယ်။
တောစီးဖိနပ်နဲ့ သေနေတဲ့
အကောင်တကောင်ကိုများ
နင်းမိလာသလား။
ဒါဆိုလည်း ပုတ်ဆော်နံရမယ်။
အခုနံတာက ပုတ်ဆော်မဟုတ်
သွေးစိမ်းညှီနံ့ ဖြစ်နေတယ်။
ကျွန်တော် ဒီအနံ့က်ို ကြာရှည်
မခံနိုင်တော့၍---
AC ပိတ်ပြီး မှန်တွေဖွင့်လိုက်မယ်နော်
လို့ ပြောလိုက်တော့---
ကောင်းတယ် အပြင်လေက
ပိုကောင်းတာပေါ့ တဲ့။
ဒါနဲ့ မှန်တွေချ လိုက်ပြီး
AC ကို ပိတ်လိုက်မှ အနံ့သက်သာ သွားတော့တယ်
တဖြေးဖြေး မောင်းလာလိုက်တာ---
စည်ကားတဲ့နေရာ ရောက်လာ
မှ--သူမကို မေးလိုက်တယ်။
ငှားတဲ့နေရာကိုဘဲ ပို့ပေးရမလား လို့ဆိုတော့
သူမက ဟုတ်တယ် တဲ့။
ကျွန်တော်လည်း ဘာမှဆက်မပြောတော့ဘဲ
ကားကိုဘဲအာရုံစိုက်ကာ
မောင်းလိုက်တော့တယ်။
ငှားတဲ့နေရာပြန်ရောက်တော့--ရပ်ပေးလိုက်တယ်။
သူမ က ကားခထုတ်ပေးရင်း
နောက်တခါသွားအုန်းမှာ
လိုက်မယ်ဆိုရင် ဖုန်းနံပါတ်ပေး
သွားမဲ့ရက် ဖုန်းဆက်လိုက်မယ်တဲ့။
ကျွန်တော်လည်း ဖုန်းနံပါတ်ပေး
လိုက်ပါတယ်။
တပတ်အကြာမှာ ညနေစောင်းချိန်ပါဘဲ သူမဖုန်း
ဝင်လာပါတယ်။ ၁၀ မိနစ်
လောက်စောင့်ခိုင်းပြီး---
အရင်ငှားနေကျနေရာမှာ
သွားခေါ်လိုက်တယ်။
သူမက ရောက်နေပါပြီ။
သူမ ကားပေါ်ရောက်တာနဲ့
ခုလိုပြောတယ်။
သိပ်အရေးမကြီးဘူး။ ကားကို
မှန်မှန်ဘဲမောင်းပါတဲ့။
မှောင်မှရောက်လေ ကောင်းလေ တဲ့။
ကျွန်တော်လည်းကားကို
မှန်မှန်ဘဲမောင်းလာခဲ့ရင်း
တွေးနေမိတယ်။
မိန်းခလေးတယောက်ထဲ
ဘာ့ကြောင့် ဒီအချိန်မှ ရွေးပြီး
သွားတာလဲ။
ရိုးမှ ရိုးသားရဲ့လား။ တော်ကြာ
ကိုယ်ပါ အမှု့ပတ်နေအုံးမယ်။
အဲသလို--တောင်တွေးမြောက်
တွေးနဲ့ မောင်းလာလိုက်တာ--
မြို့ပြင်လည်ဲးရောက် နေလည်းဝင်ပါရော---
ခြံရှေ့ရောက်တော့ အတော်လေးမှောင်နေပြီ။
ဖုန်းမီးတောင်မထွန်းဘဲ
သတ္တိခဲမက အရင်တခါလို
တောစီးဖိနပ်စီးပြီး လူဝင်ပေါက်က ဝင်သွားပါတော့တယ်။
သူဝင်သွားပြီး အရင်တခေါက်ကလို အသံ
တွေကြားရမလား နားစွင့်ပေမဲ့
ဘာသံမှကို မကြားရပေ။
လေတိုက်၍ သစ်ရွက်လှုပ်သံ
မှ တပါး
ပကတိ တိတ်ဆိတ်လျှက်။
ကျွန်တော်--ကားကို လော့ချ
AC နဲ့ Fb သုံးနေရင်း---
သူမကို စောင့်နေလိုက်တော့သည်။
နာရီဝက်ခန့်အကြာ---ခြံထဲမှ
ခွေးအူသံကြားလိုက်ရသည်။
စိတ်ခြောက်ခြားဖွယ်--
ကျွန်တော်ခြံပေါက်ကို သူမ လာ
နေပြီလား အကြည့်လိုက်မှာ---
လန့်သွားမိသည်။
သူမကို မတွေ့ရဘဲ နီရဲနေတဲ့ မျက်လုံးတစုံ။ ဘာကောင်မှန်း
်မသိ။လန့်ပြီး မျက်နာလွှဲလိုက်
သည်။
ခဏအကြာ မဝံ့မရဲ ခြံပေါက်ကို
ပြန်ကြည့်လိုက်တော့ သူမက
ခြံအပြင်ရောက်ရုံမက ကားဆီ
ကို လာနေတော့သည်။
အရင်အခေါက်ကထက် ပို၍
ဆံပင်က ဖရိုဖရဲ။
အရင်အခေါက်ကလို မျက်နာပေါ်ကျနေတဲ့ဆံပင်ရှည်
ကို ပြန်သပ်မတင်။
ကားတံခါးကိုဖွင့်ပြီး ရှေ့ခန်း
ဝင်ထိုင်ကာ--အားမရှိတဲ့လေသံဖြင့်--"ရပြီ"
မောင်းတဲ့။
တောစီးဖိနပ်ကိုတောင်မချွတ်
ကားထိုင်ခုံကို မှီကာ မျက်နာကို
ကျွန်တော့ဖက်လှဲ့၍ မှိန်းလိုက်လာတော့သည်။
သူမကိုအကဲခတ်ရသည်မှာ
မောပမ်းနွမ်းနေသရောင်ရောင်။
ကျွန်တော့စိတ်မှာ ပဟေဠိများ
စွာနှင့်အတူ ကြောက်စိတ်က
ကားမောင်းရင်း ကြီးစိုးလျှက်။
သူမ ဆင်းမည့်နေရာ ရောက်ခါနီးမှာ---မနှိုးရပါဘဲ
သူမ နိုးလာခဲ့သည်။ တောစီးဖိနပ်ကို ချွတ်၍ အိပ်ထဲ
ပြန်ထဲ့ရင်း က---
သွားမဲ့ရက် ဖုန်းဆက်လိုက်
မယ်နော် တဲ့။ကားခကိုလည်း
ထုတ်ပေးတယ်။ သူမကို
ကြည့်ရသည်မှာ ဆင်းခါနီးမှာ
အေးဆေးပါဘဲ။
သူမဆင်းသွားအပြီး---
အိမ်အပြန်လမ်းတလျှောက်
ကျွန်တော့မှာ အတွေးများစွာ
ဒီတခါ သူမ ကားငှားလျှင်
သူမကို မေးဖြစ်အောင် မေး
မည်ဟူ၍ ဆုံးဖြတ်ချက်ချ လိုက်
မိသည်။
မေးလို့ ကားငှားမစီးလည်း
နေပါစေတော့။
စိုးတထိတ်ထိတ်နဲ့ရသောငွေ
မမက်မောချင်တော့ပေ။
နောက်သုံးရက်အကြာ--
သူမဆီက ဖုန်းဝင်လာသည်။
ထိုအချိန် ကျွန်တော်က အိမ်
ပြန်ရောက်နေသည်။
ထုံးစံအတိုင်း နေဝင်လုအချိန်။
ကျွန်တော် သူမကိုပြောလိုက်
သည်။ အမျိူ းသမီးကို ခေါ်လာလို့ ရမလားဟူ၍---
ခေါ်ခဲ့လေ အဖေါ်တောင်ရသေး။ပိုကောင်း
တာပေါ့ တဲ့။
ကျွန်တော်လည်း ဝမ်းသာ
စိတ်ပေါ့စွာ--အမျိူးသမီးနှင့်အတူ
သူမကိုသွားခေါ်၍---
သွားနေကျ ခြံကြီးဆီသို့---
နေဝင်ချိန်လေးမှာ ခပ်မှန်မှန်
မောင်းနှင်လိုက်တော့သည်။
မောင်းလာစဉ် လမ်းတလျှောက်
ကျွန်တော်တို့သုံးယောက်
စကားမပြောဖြစ်ချေ ။
ခြံနားရောက်လုအချိန် သူမသည် ထုံးစံအတိုင်း
တောစီးဖိနပ်ကို စီးတော့သည်။
သူမ၏ လှုပ်ရှားပုံတို့ကို
နောက်ထိုင်ခုံမှထိုင်လိုက်လာ
သော ကျွန်တော့အမျိူ းသမီးက
အကဲခတ် ကြည့်နေမည်မှာ
မလွဲချေ။
ခြံရှေ့ရောက်ပြီဆိုတာနဲ့---
လမ်းဘေးချ ကာ ရပ်နေကျနေရာမှာ ရပ်ပေး
လိုက်သည်။
ဒီအခါ သူမသည် ကားပေါ်မှ
ခပ်မြန်မြန် ဆင်းကာ---
ခြံတံခါးဝသို့ ပြေးသွား၍
မှောင်မဲနေသော ခြံထဲကို
ဝင်သွားတော့သည်။
ထိုအခါမှ---အမျိူ းသမီးက
ကျွန်တော့ပခုန်းကို ပုတ်ခါ
အကိုရေ--ဒီမိန်းမ အကြောက်တရားမရှိဘဲ
မှောင်မဲနေတဲ့ ဒီခြံကို ဘာလာလာ လုပ်တာလဲမသိ။
အကိုမကြောက်ဘူးလား
ကျမတော့ ကြောက်တယ်။
ဒီအမျိူ းသမီး ကြည့်ရတာ
မူမမှန်တဲ့ ပုံ။
ဒီအခေါက်ရောဆို ဘယ်နှစ်ခေါက်မြောက်လဲ
သုံးခေါက် ရှိပြီ။
ကားဆွဲရတာ သိပ်မကောင်း
တော့ ရတဲ့အော်ဒါ လိုက်ရ
တာဘဲ။နောက်တခါ ခေါ်ရင်
မလိုက်တော့ဘူး။
မလိုက်ပါနဲ့ အကိုရယ်---
ဘာမှန်းမသိ အန္တရာယ်များ
ပါတယ်။ ရှင်တို့ရှာတာစား
ရတာ မျိူ တောင်မကျခြင်တော့
ဘူး။
ထိုသို့ နှစ်ယောက်သားစကား
ပြောနေစဉ် ခြံဝင်းထဲမှ ပြေးလာသံတွေ ကြားရ
လေသည်။
နှစ်ယောက်သား ခြံဝင်းတံခါးဆီ
ပြိုင်တူ လှမ်းကြည့်ရင်းက--
သုံးလေးယောက် ပြေးလွှားနေတဲ့အသ။ံ
အကို ရေ
တယောက်ထဲရဲ့အသံမဟုတ်ဘူး။
အေး ဟုတ်တယ်ဟ အကိုလည်း အဲလိုဘဲထင်တယ်။
ထိုစဉ်--ခြံဝင်းပေါက်ကို တအား
တွန်းဖွင့်ပြီး သူမက ကားဆီကို
ပြေးလာတော့သည်။
သူမနောက်မှာလှမ်းကြည့်တော့ ဘယ်သူမှပါလာတာမတွေ့။
ကျွန်တော် တံခါးလော့ကို
အမြန်ဖွင့်ပေးလိုက်တယ်။
သူမ ကားပေါ်အမြန်တက်ကာ
မြန်မြန်မောင်း မြန်မြန်မောင်း
ဟူ၍ ပြောဆိုခြင်းကြောင့်--
ကားကိုလာလမ်းအမြန်ကွေ့
ကာ-- ခပ်မြန်မြန် မောင်းလိုက်
တော့သည်။
ထိုသို့ မောင်းနေစဉ် သူမကို
စောင်းငဲ့ကြည့်လိုက်တော့--
ပါးမှာ အစင်းရာများ--
နှုတ်ခန်းမှာလည်း သွေးစ
သွေးန။
ဒီတခေါက်တော့ မေးမယ်လို့
ဆုံးဖြတ်ထားသည့်အတိုင်း
ကျွန်တော် သူမကို စကားစ
လိုက်သည်။
တူမကြီး ဘာများဖြစ်လာတာ
လဲကွယ်။ပါးမှာလဲ အစင်းရာတွေ--
နှုတ်ခန်းမှာလည်း သွေးစ
ထင်တယ်။သုပ်လိုက်ပါအုန်း။
သည်အခါမှ သူမသည်
ကပြာကယာ တစ်ရှူ းထုတ်ကာ
သုပ်လိုက်တော့သည်။
မလုံမလဲဖြစ်နေသော သူမ ကို
ကျွန်တော်ဆက်မေးလိုက်သည်။
ဒီခြံကို နေဝင်ချိန် မှောင်ချိန်
ရွေးပြီး မကြာခဏ လာနေတာ
အကြောင်းတစ်ခုရှိလို့ဆိုတာ
တော့ သိပါတယ်။
အကြောင်းရင်းလေးကို သိခွင့်
ရမလား တူမကြီး။
ပဟေဠိဖြစ်နေလို့ပါ။ မှန်တာပြောရရင် တူမကို သံသယစိတ်နဲ့စိုးရိမ်စိတ်လည်း
ဖြစ်မိလို့ပါ။
လုံးဝပြောလို့မရရင်လည်း
မပြောပါနဲ့။ကိစ္စမရှိပါဘူးကွယ်
သူမသည် ကျွန်တော့ကိုတလှဲ့
နောက်ခုံတွင်ထိုင်လိုက်လာ
သော အမျိူ းသမီးဖက်ကိုပါ
လည်ပြန်ကြည့်ကာ---
ကျမလေ--ရင်ဖွင့်ခြင်ပါတယ်။
အကြောင်းစုံပြောပြပါ့မယ်။
ဦးကိုလည်း ကျေးဇူးတင်မိပါတယ်။
ဘာ့ကြောင့်လည်းဆိုတော့
အရင်အခေါက်တွေမှာ မစပ်စု
ဘဲ သုံးခေါက်မြောက်မှ--
ပွင့်လင်းစွာ ခုလိုမေးလို့ပါ။
သူမ ပြောပုံက
အရင်ခေါက်တွေက မေးမိရင်
ပြောမဲ့ပုံမမြင်ပေ။
သူမက သူပြောပြသော
သူမအကြောင်းကို ဘယ်သူ့မှ
ပြန်မပြောဖို့ "ကတိ"တောင်း
လေသည်။
ကျွန်တော်လည်း ကတိ ပေးလိုက်ပါသည်။
သူမ ပြောပြနေချိန် နားထောင်
နေသော ကျွန်တော့မှာ--
ရင်တလှပ်လှပ်။ သနားခြင်း
စိတ်မကောင်းခြင်း ရင်နာခြင်း
စိုးရိမ်ခြင်း တို့များစွာ----
ခံစားလိုက်ရပေသည်။
သူမ ပြောပြသော သူမ အကြောင်းကို သူများတွေကို
ပြန်ပြောပြချင်နေမိသည်။
သို့သော် ကျွန်တော့အား
"ကတိ"တည်ခွင့်ပေးပါ .......😞
😁😁😁😁😁😁😁😁😁😁
Credit Original Writer✍👸
ဟာ🙄🙄🙄
ReplyDeleteကတိ😁
ReplyDelete