နှလုံးသားအရည်အသွေး (EQ)
နှလုံးသားအရည်အသွေး (EQ)
EQ ဆိုတာ Emotional Quatient
သို့ Emotional Intelligence ကို အတိုကောက်ခေါ်ဝေါ်တာပါ။မြန်မာလိုဘာသာပြန်ရင်
နှလုံးသားအရည်အသွေး´လို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်တယ်။EQ သည်လူ့အဖွဲ့အစည်းအတွက်အရေးပါသလို လူတိုင်းအတွက်လည်းအရေးကြီးသည်။
EQကောင်းတဲ့လူတွေဟာ
-ဘယ်တော့မှစိတ်လိုက်မာန်ပါမလုပ်ဘူး
-မိမိရဲ့ခံစားချက်ကိုနားလည်ပြီးလိုအပ်သလို
ထိန်းသိမ်းနိုင်တယ်
-တစ်ဖက်သားရဲ့ခံစားချက်ကိုလည်းသတိထား
နားလည်ပေးသူ
-အပြောအဆိုသတိရှိသူ
-ကိုယ်ချင်းစာတရားကိုလက်ကိုင်ထားသူတွေ
ဖြစ်တယ်။
EQကောင်းဖို့မိမိစိတ်ကိုမိမိလေ့ကျင့်ပျိုးထောင်ရမယ်။ပညာရှင်တွေကတော့EQ ကောင်းတဲ့လူမှာ အဓိကအရည်အချင်းလေးခုရှိတယ်လို့ဆိုကြတယ်။
ပထမတစ်ခုကတော့ မိမိကိုယ်မိမိသတိရှိပါ။စိတ်ဆိုးစရာတစ်ခုနှင့်ကြုံတဲ့အခါလူတွေကစိတ်လိုက်မာန်ပါပြောဆိုလေ့ရှိတယ်။စိတ်ဆိုးတဲ့အခါငါစိတ်ဆိုးနေတယ်ဆိုတဲ့သတိရှိဖို့လိုပါတယ်။ကြမ်းကျွံရင်နုတ်လို့ရတယ် စကားကျွံရင်နုတ်မရဘူး ဆိုတဲ့စကားတောင်ရှိသေးတယ်။စိတ်ဆိုးတဲ့အခါ သတိလက်လွတ်ပြောမိ အော်မိရင် ဆိုးကျိုးတွေပဲ့ ဖြစ်ပါတယ်။ စိတ်ဆိုးတဲ့အခါတစ်ယောက်တည်းနေပါ။သတိရှိပါ။တကယ်တော့ဒေါသဖြစ်တယ်ဆိုတာ ကိုယ်ဖြစ်ချင်မှဖြစ်လို့ရတာပါငါစိတ်ဆိုးအောင်ဘယ်သူမှလုပ်လို့မရပါဘူး´ဆိုတဲ့အတွေးလေးထားလိုက်ရင် စိတ်ဆိုးပြေသွားပါလိမ့်မယ်။
ပြဿနာတွေရဲ့၈၅ ရာခိုင်နှုန်းဟာအပြောအဆိုကြောင့် ဖြစ်ပါတယ်လို့သုတေသီတွေက ဆိုခဲ့ပါတယ်။
ဒုတိယတစ်ခုကမိမိကိုယ်မိမိထိန်းကျောင်းတာပါ။အဓိကကတော့ စိတ်ရှည်ခြင်းပါပဲ့။လေ့လာတွေ့ရှိချက်တစ်ခုမှာ ကျောင်းသားလေးတွေကိုဆရာမကစားပွဲပေါ်မှာသကြားလုံးတွေတင်ခဲ့တယ်။ ဆရာမအပြင်သွားဦးမယ်။တစ်ယောက်တစ်လုံးယူလုံးယူလို့ရတယ်။ ဆရာမပြန်လာတဲ့အထိစောင့်တဲ့သူကို ၂ လုံးပေးမယ်´လို့ပြောပြီးအတန်းပြင်ကိုထွက်သွားပါတယ်။ဆာမထွက်သွားတာနဲ့အများစုကချက်ချင်းယူကြတယ်။စောင့်နေတဲ့သူကနည်းနည်းလေး။ထူးခြားတာကစိတ်ရှည်ရှည်စောင့်နိုင်တဲ့ကလေးတွေကအောင်မြင်တဲ့သူတွေဖြစ်လာပါတယ်။
တတိယက တစ်ဖက်သားရဲ့ခံစားချက်ကိုနားလည်ပေးတာကကိုယ်ချင်းစာစိတ်ရှိတာ၊ အကင်းပါးတာတွေဖြစ်ပါတယ် ။ ဥပမာ- သူငယ်ချင်းနှစ်ယောက် state show သွားကြတယ်။
သူငယ်ချင်းကအရပ်ပုလို့နောက်ကမမြင်ရတဲ့အတွက် show ပွဲကိုကြည့်ဖို့စိတ်မပါတော့ဘူး။ နောက်သူငယ်ချင်းတစ်ယောက်က ဒါကိုသတိထားမိဖို့လိုပါတယ်။ လာသူငယ်ချင်း ရှေ့တိုးကြည့်မယ်´ဆိုပြီးမြင်ရတဲ့အထိတိုးဝင်သွားကြပါတယ်။ နှစ်ယောက်စလုံးမြင်ရတယ်။နှစ်ယောက်စလုံးပျော်ရတယ်။ `လာသူငယ်ချင်း ရှေ့တိုးရအောင်´မင်းကအရပ်ပုတော့ဒီနေရာကနေမြင်ရမှာမဟုတ်ဘူးလို့ပြောရင်တစ်ဖက်သားကအောင့်သက်သက်ဖြစ်သွားမှာပါ။ ဒါကြောင့်EQ ကောင်းတယ်ဆိုတာကိုယ်ချင်းစာစိတ်တစ်ခုတည်းမဟုတ်ပါဘူး။အပြောအဆိုမှာလည်းသတိ ရှိရပါမယ်။
နောက်ဆုံးတစ်ခုကတော့သူငယ်ချင်းမိတ်ဆွေတွေကိုစည်းရုံးနိုင်၊ မိတ်ဆွေဖွဲ့နိုင်တာဟာ သူငယ်ချင်းမိတ်ဆွေတွေက မိမိကိုသဘောကျနှစ်ခြိုက်တာပါပဲ့။ လူတွေကိုအကူအညီပေးပါ။သူများအရေးကိုဦးစားပေးပါ။
ဒီစာမူကိုနားသောသဆင်ခံစားရင်းရင်း ဘဝကိုပျော်ရွှင်အောင်မြင်ပြီး နှလုံးသားအရည်အသွေး (EQ)ကောင်းတဲ့သူတွေအဖြစ်လူသားတွေကိုအကျိုးပြုနိုင်ပါစေလို့
ဆန္ဒပြုရင်း.....။
မိုးခကြယ် (ရူပ)
ရက်စ်
ReplyDeleteso good
ReplyDeleteYes sir
ReplyDelete