ဝန်ထမ်း (နှစ်ဦး) အလိုရှိသည် 💔
(၁) အိမ်သန့်ရှင်းရေး ၊ ထမင်းချက် ၊ အဝတ်လျှော် နှင့် လိုအပ်သော ကိစ္စမှန်သမျှလုပ်ဆောင်ရမည်။
(၂) တစ်နေ့လျှင် ၁၂ နာရီ အနည်းဆုံး လုပ်ဆောင်ရမည်။
(၃) အလုပ်ချိန်ဟူ၍ မရှိပါ။ မနက်မှ ညအထိ လိုအပ်သလို အလုပ်ဆင်းရပါမည်။ညအိပ်ချိန်၌လည်း လိုအပ်ရင် နိူးပြီးခိုင်းပါမည်
(၄) အနည်းဆုံး ၁၅ နှစ် ဆက်တိုက် လုပ်ဆောင်ရပါမည်။
(၅) လုပ်ခ လစာ မရှိပါ။
(၆) အလုပ်လုပ်ပေးရတဲ့ အတွက် ကျွန်တော်တို့ကို ပြန်လည်ပြီး လိုအပ်သော ငွေကြေးများကိုလည်း ထောက်ပံ့ပေးရပါမည်။
ဒီလို အလုပ်ခေါ်စာနဲ့
အလုပ်ခန့်လျှင် မိတ်ဆွေ အနေနဲ့ပျော်ရွှင်စွာ လုပ်ငန်းခွင်ကို ဝင်နိုင်မလား။
သေချာပါတယ်။
ဘယ်နည်းနဲ့မှ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဒီ အလုပ်တွေကို ပျော်ရွှင်စွာ လုပ်ဆောင် နိုင်တဲ့ လူနှစ်ယောက်ရှိတယ်ဆိုတာ မိတ်ဆွေ သတိထားမိပါလား။
မိတ်ဆွေ မွေးဖွားချိန်က စတင်ပြီး ယခု အချိန်အထိ မိတ်ဆွေရဲ့လိုအပ်သော ကိစ္စ မှန်သမျှ လုပ်ခ လစာ မရ ပဲ လုပ်ဆောင်နေတဲ့ လူနှစ်ယောက်က ဘယ်သူလဲ ဆိုတာ ကတော့ ။
သင့်ရဲ့မိဘနှစ်ပါးပါ 🙏♥♥
သူတို့အတွက် မိတ်ဆွေ ပြန်စဉ်းစားပြီးပြီလား။
သူတို့ရဲ့လုပ်အား ငွေကြေး အချိန်အားလုံး ပေးခဲ့တဲ့ လူနှစ်ယောက် ကို မိတ်ဆွေ အနေနဲ့ ပြန်ပြီး ကျေးဇူဆပ် ဖို့အချိန်တန်ပါပြီ။
ဒီအချိန်ဟာ အသင့်လျော်ဆုံး အချိန်ပါပဲ။
မွန်မြတ်တဲ့ ကာလ မှာ အမွန်မြတ်ဆုံး လူနှစ်ယောက်ကို အပျော်ရွှင်ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးလိုက်ပါတော့။
Credit to original writer.
မေတ္တာဖြင့်တဆင့်ပြန်လည် မျှဝေပေးပါသည်
Comments
Post a Comment