ဖုန်းcallတစ်ခု ဝင်လာသည်
ကောင်မလေးတစ်ယောက် ကိုင်လိုက်သည်
" ဟုတ်ကဲ့ အမိန့်ရှိပါရှင် "
တစ်ဖက်မှ ယောက်ျားတစ်ယောက်က ပြန်ပြောသည်
" ဟယ်လို မိန်းမလား ? "
ကောင်မလေး ဒေါပွသွားသည်
" ဘယ်က မိန်းမလဲ
ကျမ မိန်းမ မဟုတ်ဘူး "
" အမ်"
သောက်ကျိုးနည်း ကျမက မိန်းမမဟုတ်ဘူးတဲ့
တစ်ဖက်က အမျိုးသားလည်း ဒေါပွသွားသည်
" နင့်မေကလွှား...
ကျမလို့ပြောပြီး မိန်းမ မဟုတ်ဘူးဆိုတော့
နင်က အခြောက်လား ? "
" အိုး ဘာတွေလာပြောနေတာလဲ ?
ကျမက ရှင့်မိန်းမ မဟုတ်ဘူးလို့ပြောနေတာ "
" အာ့ဆို ငါ့မိန်းမဘယ်သွားလဲ ? "
" ဟာ ဘာတွေလဲ ?
ဒါ ရှင့်မိန်းမဖုန်း မဟုတ်ဘူးလို့ "
" အာ့ဆို နင်ကဘာလို့လာကိုင်တာလဲ ? "
" ဟော့တော့်
ရှင်က ကျမဖုန်းကိုဆက်တာလေ "
" ဟ ... ငါက ငါ့မိန်းမဆီဆက်တာကွ "
" ဒါ ရှင့်မိန်းမဖုန်း မဟုတ်ဘူးလို့ "
" မဟုတ်ရင် ဘာလို့လာကိုင်လဲ ? "
" ရွှမ် "
တိုင်ကတော့ ပတ်ကုန်ပြီ
ကောင်မလေးက ပြန်ပြောသည်
" ဒီမှာ ရှင်ရူးနေလား
ရှင်က ဖုန်းမှားဆက်နေတာလေ "
ထိုအခါ
တဖက်က ပြန်ပြောလိုက်ပုံက
" ဟေ့ ဒီမှာ ...
ဘာမှ ဖုန်းမှားမဆက်ဘူးကွ
ငါ့ဖုန်းနဲ့ငါ ဆက်နေတာ "
" အမ်"
😂😂😂
#Credit
😁😀😀
ReplyDelete