"သို့/-
အချစ်
ကိုယ် စာရေးလိုက်တယ်။
ဒီစာကိုဖတ်ပြီး
'မိကျောင်းမင်း ရေခင်းပြတယ်'
လို့မထင်ပါနဲ့။
'ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်'
လို့ ပြောချင်လည်းပြောပါ။
မင်းကိုချစ်နေမိတဲ့ ကိုယ့်အဖြစ်ဟာ
'မပိုင်ဝက်မွေး သလ်ိုလို'
'အိတ်ပေါက်နဲ့ဖားကောက်နေရသလိုလို'
ဖြစ်နေပြီလေ။
ခဲမှန်ဖူးတဲ့ စာသူငယ်ဘဝမျိုးတော့ မရောက်ချင်ဘူးကွယ်။ အခုအချိန်ရောက်နေမှ ဝက်ဖြစ်နေမှ မစင်
ကြောက်နေလို့ အပိုပါပဲ။
ကိုယ်ယူမှာက မင်းကိုပါ။
ဒါကို မင်းအဖေက မြင်းကမလှုပ် ခုံကလှုပ်
ယုန်ကမတိုး ပိုက်ကတိုး ဆိုသလိုလုပ်နေ
တာတော့ လွန်တယ်။ ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲသလိုဖြစ်နေတယ်။ မင်းအဖေက ကိုယ့်ကို မင်းက အလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့ လူစားမျိုးတဲ့။
ကိုယ့်ကို ကြောင်သူတော် ကြွက်သူခိုး ^ တောမီးလောင် တောကြောင်လက်ခမောင်းခတ်တဲ့ လူစားမျိုးများ ထင်နေလား မသိဘူး။ ကိုယ်ရတဲ့လစာက နည်းတော့ ကြောင်အို ကြွက်မလေး ဖြစ်နေတာ နေမပေါ့။
မင်းအဖေက မင်းနဲ့သဘောတူနေတဲ့ ဟိုကောင်ကလည်း ချမ်းသာတာကိုးလေ။ မင်းအဖေရဲ့လုပ်ရပ်က ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက် တောင်ပံကျိုး တွေ့နေသလို ဖြစ်နေလိုက်တာ။ ဟိုကောင်ကလည်း ကံကောင်းတဲ့ကျား လမ်းသွားရင်း သမင်တွေ့သလို တိုက်ဆိုင်သွားတာပါ။
ဒီကောင်က မိဘဘိုးစဉ်ဘောင်ဆက်က ချမ်းသာခဲ့ကြတာဆိုတော့ ရွှေပင်နားတော့ ရွှေကျီးလေးဖြစ်နေတာ မဆန်းပါဘူးလေ။ ဒီယုန်မြင်လို့ ဒီချုံထွင်နေတဲ့ဒီကောင်ဟာ ကြွက်သေတစ်ခု အရင်းပြုပြီး မင်းကို ယူဖို့ မင်းအဖေဆီကပ်နေတာကို သတိထားပါ။ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲဖြစ်နေတဲ့မင်းအဖေကတော့ ထန်းသီး
ကြွေခိုက် ကျီးနင်းခိုက်ဖြစ်နေတာကို မသိရှာဘူး … … …
ကျွတ် ကျွတ် ကျွတ် … …။ယုန်ထောင် ကြောင်မိပြီး
ကြက်ကန်းဆန်အိုးတိုးတာကို အဟုတ်ထင်နေတယ်လေ။
ဒီမှာ ကိုယ်ပြောမယ်။အဲဒီကောင်တွေ အသိုင်းအဝိုင်းအကြောင်းကို မင်းလည်းသိတာပဲ။ကျားကြီး ခြေရာကြီးပေမယ့် အများညီ ဤ ကျွဲဖတ်ဆိုတဲ့အသိုင်းအဝိုင်းတွေပါ။
ဆင်သေကို ဆိတ်သားရေနဲ့ဖုံးလို့ ရမတဲ့လားကွာ။ဆင်သတ် အရပ်ဝေတဲ့သူတို့လုပ်ရပ်တွေက ဟိုးလေးတကြော်လေ။ကျွဲကူး ရေပါဆိုပြီး ဒီကောင်က
မင်းအဖေနားကပ်နေတာ။မင်းအဖေကလည်း သူစီးတဲ့
မြင်း အထီးမှန်း အမမှန်းတောင်မသိဘူး။ ကျီးဘုတ်ရိုသေဘုတ်ကျီးရိုသေ နဲ့ ဟန်ဆောင်နေကြတာများ အံ့သြပါရဲ့။ ခွေးလေးအရောဝင် ပါးယက်နားယက်လုပ်နေတဲ့ ဒီကောင့်ကိုတော့ ကိုယ်ကြည့်မရတော့ဘူး။ထားလိုက်ပါ။ မင်းသာကိုယ့်ဘက်မှာ ရှိပါစေ။ ဒီကောင်ကတော့ ခွေးရူးကောင်းစား တမွန်းတည့်ပေါ့။ အချိန်တန်ရင် နွားပိန်ကန် မပေါ့နော်။
မင်းအဖေပေးစားတဲ့ ဒီကောင့်ကို ယူမိရင် မင်းအဖြစ်က ဆင်နားရွက် ကြွက်တပ် ကြွက်နားရွက် ဝက်တပ်မိသလိုမျိုးဖြစ်နေမှာကို သိထားပါ။မင်းအဖေကလည်း ကြောက်ပါတယ်ဆို ကြောင်နဲ့တို့ ဆိုသလို ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်ဖို့ကြိုးစားနေတော့တာပဲ။ ကိုယ့်ဘဝကတော့ ကျွဲ ၂ ကောင်ကြားက မြေစာပင်ဘဝပါ။ကျားချင်းကိုက်ရာ သမင်လမ်းကူးမှားဖြစ်နေတဲ့မင်းအကြောင်းတွေကို တွေးမိရင် ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်မယ့် မင်းကို ရင်မောမိတယ်။မင်းအဖေကလည်း ငှက်တစ်ကောင် မြှားတစ်စင်း ရှဉ့်တစ်ကောင်မြှားတစ်စင်းဆိုတာ သိပုံမရဘူး။ ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး ဇွတ်စီစဉ်နေတာ။
ပြောရင်း ဟိုကောင့်ကိုပဲဒေါသထွက်နေတာ။ငါးခုံးမတစ်ကောင့်တစ်လှေလုံး ပုပ်နေတဲ့ဒီကောင့်မိဘတွေအကြောင်းအားလုံးသိနေတာပဲ။ငါးတကာယိုတဲ့ချီး ပုဇွန်ဆိတ်ခေါင်းမှာစုမှ မင်းအဖေ နောင်တရမှာ မြင်ယောင်သေးတယ်။အညှီရှိရာ ယင်အုံ ဆိုသလို မင်းကလည်း လှနေတာကိုးလေ။ ငါးပွတ်ရာ ငါးစာချဖို့လာတဲ့ဒီကောင့်ကို မင်းသတိထား ဆက်ဆံပါ။ဒီကောင်က ငါးစိမ်းမြင် ငါးကင်ပစ်တတ်တဲ့လူစားမျိုးလေ။နောက်ဆုံးကျမှ လူတွင်ပါ နွားကျားကိုက်တဲ့အချိန်မှ ကျားသေကိုအသက်သွင်းလို့ စင်းစင်းသေပါပြီလို့ မင်းအဖေအော်လည်း ဘာမှမထူးတော့ဘူး။ သေချင်တဲ့ကျား တောပြောင်းမိပါတယ်လို့ နောင်တတွေနဲ့ ကျားရှေ့မှောက်လျက်လဲ နေမယ့်အဖြစ်ကို ကိုယ်သိနေတယ်။ကိုယ့်အဖြစ်ကလည်း ဆင်ပြောင်ကြီး အမြီးကျမှတစ် နေရတယ်လို့ကွာ ကတောက်စ်… …
ဒီကြားထဲ မင်းအမေကလည်းတစ်မျိုး။ အရပ်ထဲမှာ သမီးတစ်ကောင်နွားတစ်ထောင်ဆိုပြီး အရပ်ထဲ ပတ်နေလေရဲ့လက်ပံပင် ဆက်ရက်ကျတဲ့အတိုင်း ဖြစ်နေလိုက်တာ ။
မင်းအမေ ငွေကြိုက်တဲ့အဖြစ်က နွားငတ် ရေချ နေတဲ့
ပဲ … … ယွခမကျိပြောလို့ စိတ်မဆိုးနဲ့နော်။ဆင်သွား လမ်းဖြစ်မယ်ထင်နေတာဆိုတော့ ခက်တာပေါ့။ငါးစာ
သာမြင် ငါးမျှားချိတ်ကို မမြင်ဘူး။ သမီးချောလေးက်ို
သူဌေးနဲ့ပေးစားပြီး ဆင်ဖြူတော်မှီ ကြံစုတ်ချင်နေတဲ့
အကြံနဲ့လုပ်နေတာ။ မင်းကို အားနာလို့ မျောက်ပြဆန်
တောင်းတယ် နွားပေါ့ အစွံထုတ် လို့မပြောချင်ဘူး ။
နောက်မှ ဆင်မည်းမျက်နှာ ဆင်ဖြူမကြည့်ဝံ့တဲ့အဖြစ်
မျိုး အရောက်မခံနိုင်ဘူး။
ကိုယ်က ဆင်းရဲတယ် မဟုတ်လား။
နွားပျိုသန်လှ နွားအိုပေါင်ကျိုးအဆင့်သာသာရှိတဲ့ကိုယ့်
စီးပွားရေးအခြေအနေကြောင့် မင်းမိဘတွေ သဘောမတူ
တာ သိပါတယ်။မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုး လို့
ဆူတယ်ဆို။ ကိုယ့်အခြေအနေကလည်း လူမလေး ခွေး
မခန့်ဖြစ်နေတာမဟုတ်လား ။ အရပ်ထဲကလည်း ခွေးပစ်
တဲ့ တုတ်သာသာတဲ့။ ဟူး ရင်မောတယ်။တစ်ကယ်တော့
ကိုယ့်အဖြစ်ဟာ ခွေးရူးဖက်ကိုက် ခွေးကောင်းနားရွက်
ပြတ် ဖြစ်မှာစိုးမိတယ်။
ဒါပေမယ့် ခွေးဟောင်လို့ တောင်ပို့မပြေးနိုင်ပါဘူး။ ပို
နေမြဲ ကျားနေမြဲသာ နေကြရအောင်နော်။ကိုယ် ဒီစကား
တွေပြောနေရတာ ကျားတွေ့မှ တုတ်ခုတ် ဆင်တွေ့မှ သစ်ပင်ရှာ နေတာမျိုး မဟုတ်ရပါဘူး။ကိုယ်ရှာသမျှငွေ
တွေကလည်း သမင်မွေးရင်း ကျားစားရင်းဖြစ်နေတာ
မင်းအသိပါ။ ကံကမကောင်းလေတော့ မြွေပွေးခါးပိုက်
ပိုက်မိသလို အပေါင်းအသင်းတွေအတွက်ကလည်း နှိပ်
စက်ကြတယ်မဟုတ်လား။
ကိုယ့်မှာ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်
ရဆိုသလိုမျိုး မင်းမိဘတွေလည်းကြောက်ရ မင်းကို ဆုံး
ရှုံးမှာလည်း စိုးရိမ်နေရတယ်လေ။ကျားသနားမှ နွားချမ်းသာခွင့်ရမယ့် ကိုယ့်ဘဝကို စာနာပေးစေချင်တယ်
စိုင်ကော်လို့ ခြုံပေါ်ရောက်ပြီး
ရွှေပင်ပေါ်နား ရွှေကျေးလေး အဖြစ်ကို မျှော်လင့်နေ
မယ်နော်။
ချစ်တဲ့ ကိုကြီး......😁😁😁 😜😜😜
cr𝓮𝓭𝓲𝓽 𝓽𝓸 𝓸𝓻𝓰𝓲𝓷𝓪𝓵 𝔀𝓻𝓲𝓽𝓮𝓻 ✍️❤️
#တာဇဲ
😁😁
Comments
Post a Comment