ပတ်တရောင်ရဲအရာရှိက ရဲတပ်သားကိုမေးတယ်၊
"မင်း .. ဒီမိန်းခလေးကို ဘာအမှုနဲ့ဖမ်းလာတာလဲ?"
"ပြည့်တန်ဆာ အမှုနဲ့ပါ ဆရာ"
"သက်သေရှိလား?"
"ရှိပါတယ်ဆရာ .. ဒီမှာပါ" ဆိုပီး
စာအုပ်တစ်အုပ် ထုတ်ပြတယ်။
"ဒါဘယ်သူ့စာအုပ်လဲ?"
"ဒါသူ့စာအုပ်ပါ ဆရာ..သူ့လက်ထဲမှာ ဒီစာအုပ်ကိုင်ထားလို့
ပြည့်တန်ဆာအမှုနဲ့ ကျနော် ဖမ်းလိုက်တာပါ ..
စာအုပ် အဖုံးမှာ တစ်ညတစ်ထောင် လို့ရေးထားပါတယ်"
ရဲအရာရှိက စာအုပ်အဖုံးကိုကြည့်ပီး
"ဟေ့ကောင်.. ဒီမှာရေးထားတာ တစ်ထောင့်တစ်ညကွ ..
နင့်အမေ တစ်ညတစ်ထောင်"
"ကျနော်က ညလှည့်ကင်းဆိုတော့
ညပါတဲ့အခြမ်းကို အရင် ဖတ်မိလို့ပါ ဆရာ ဟီးဟီး" 😁😁😁
#မောင်လှမျိုး ( ချင်းချောင်းခြံ )✍️👸
#Pink🌸
#ဝါးလုံးကွဲဟာသလေးများ မှ
#Credit
Comments
Post a Comment