သားဖြစ်သူ လူပျိုကြီးတစ်ယောက်
မိန်းမခိုးလာတော့ ...အမေဖြစ်သူက..သူ့သားကို တိုးတိုးလေးလာပြောတာပေါ့....။
"ငါ့သားရယ်၊နင့်မိန်းမက ရုပ်ကဆိုးလိုက်ထာဟယ်"
"ရုပ်ဆိုးတာထက် စိတ်ထားလေးက တစ်ခါတစ်လေ ကောင်းပါတယ်"
"အန်…တစ်ခါတစ်လေ……" အေး … ထားလိုက်ပါတော့…သွားကခေါလိုက်တာ ငါ့သားရယ်"
"သွားခေါပေမယ့် အစားကတော့ ဘာစားနိုင်သလားမမေးနဲ့…အမေရဲ့…ဆန်သုံးလုံးချက်လောက်ကတော့ အသာလေးကုန်တယ်လေ"
"ဟမ်… …ငါ့နှယ်နော်… " အသားကလည်း မဲ နေပါလားဟယ့်..."
"အသားကတာ မဲတာပါ…တစ်သားမွေး တစ်သွေးလှ ဆိုပြီး ကလေးမွေးထားတာ ကလေး လေးယောက်အမေ
မုဆိုးမလေးဖြစ်နေပြီ အမေကလည်း"
"အမလေး… …လေး ငါ့သားရယ် …နင် လှည်းကြိုးထမ်းရပြီပေါ့ နွားလေးရဲ့"
အဲ့တော့သားဖြစ်သူ လူပျိုကြီးက အမေကိုပြန်ပြောလိုက်တယ်..
"ဟာ … …အမေရယ်… …ကျယ်ကျယ်ပြောပါဗျ… …အမေက တိုးတိုး တိုးတိုး ပြောနေတော့ ခက်တယ်…သူ့ကို အားနာမနေနဲ့ သူကဘာမှမဖြစ်ဘူး .။
သူကနားလည်းသိပ်မကြားဘူးလေ..."
"အယ်…မယ်…လေးတော်… …"
CREDIT_ORIGINALWRITER
😂😂😂မရယ်ချင်ဘူးလို့
ReplyDelete