" ကိုကို သီချင်းဆိုပြ "

" ငင် ဘာသီချင်းလည်း "

" ဇော်ပိုင်ရဲ့ မင်းနဲ့မှချစ်တတ်ပြီပေါ့ "

" ကိုကိုမှ အသံမကောင်းတာကို "

" ရဘူးကွာ ဆိုပြ နားထောင်ချင်လို့ "

ရုတ်တရက်ကြီး ဖုန်းထဲက ဂျီကျနေတာ ... ကျုပ်ကောင်မလေးက အဝေးကကိုးဗျ ... ကျုပ်ကလည်း ချစ်တော့ အလိုလိုက်ရတာပေါ့ဗျာ 

" အင်းအင်း ... အချစ်အကြောင်းများ မသိခဲ့ဘူး ... ငယ်စဉ်က ... "

" အာ အဲ့လိုမဟုတ်ဘူး "

" အန် ဟုတ်တယ်လေ အာ့ မင်းနဲ့မှချစ်တတ်ပြီပေါ့လေ "

" ဟုတ်ဘူး ဟိုနေ့က အိမ်အောက်မှာ လာဆိုတဲ့ ကလေးလေးတွေဆိုသလို နားထောင်ချင်တာ "

" ငင် ဘယ်လိုတုန်း "

" ဝါးစစ်ပိတ်လေးနဲ့ဆိုတာ တတုံတုံ့ တုန် တတုံတုံ့တုန်နဲ့ "

" ငှယ် အာ့လိုဆိုရအောင် သတောင်းစားမှမဟုတ်တာကွ "

" ရဘူး ချစ်ရင်ဆိုပြ မဆိုရင် အပြတ်ပဲ "

" ငွဲ "

နောက်နေ့ကစပြီး ကျုပ်မှာ ဝါးစစ်ပိတ်နဲ့ဆိုတဲ့ သူတောင်းစားလေးတွေလိုက်ရှာရရော ... ရှာတော့မှမတွေ့ဘူး အာ့ကလေးတွေက ... ဟောနောက်ဆုံးကျ တွေ့ပါပြီ ... ငတိလေးတွေ တောင်းစားနေတာ ...

" ညေး "

" ဟုတ်ကဲ့ သနားပါဗျာ ထမင်းမစားရသေးလို့ပါ "

" အင်း သနားပါတယ်ကွာ ... ပိုက်ဆံလည်းပေးမယ် အစ်ကို့ကိုလေ ညီလေးတို့ ခု တီးနေတဲ့ ဝါးစစ်လေးရောင်းပါလား "

" ဘာလုပ်ဖို့လည်းဗျ " 
ကောင်လေးတွေက မသင်္ကာတဲ့ပုံနဲ့ ... ဒီကြားထဲ သူ့အဖော်ကောင်လေးက 

" ဟျောင့် ငါတို့ဈေးကွက်လုမလို့ထင်တယ် "

" အာ မဟုတ်ပါဘူးကွာ "

" ဘာမဟုတ်တာလည်းဗျ ... အခြားနည်းနဲ့တောင်းစား ကျုပ်တို့ မိရိုးဖလာနည်းကို စီးပွားမလုပါနဲ့ဗျ ... တောင်းရခက်နေတဲ့ကြားထဲ "

" ဘာကိစ္စတောင်းရမှာလည်းကွ ... လူများ တောင်းစားတဲ့ရုပ်များထင်နေလို့လား "

" ဟုတ်တာပဲလေ ခင်ညားရုပ်က တောင်းရင်တောင်း မတောင်းရင် လုမယ့်ရုပ်နဲ့ "

သတောင်းစားတွေဖဲ့တာ ဒီတစ်ခါပဲခံဖူးသေးတယ် ... တောက်စ် ကျုပ်ရုပ်ကလည်း ဒီလောက်တောင် ရုပ်ခံကောင်းနေတာလားမသိပါဘူးဗျာ ...

" မဟုတ်ပါဘူး ညီလေးတို့ရာ ကိုကြီးက အာ့လေး၀ယ်ပြီး လေ့လာချင်လို့ပါကွ "

" ရဘူးဗျာ "

" လုပ်ပါကွာ ၅၀၀၀ ပေးမယ်လေ "

" ဟေ့လူ တစ်ရက်တောင်းရင် ၇၀၀၀ အောက်ထစ်ရတယ်ဗျ .. လူများ အထင်သေးလို့ "

ငှယ် ကိုယ့်ထက်တောင် ၀င်ငွေကောင်းနေသေးတယ်

" လုပ်ပါကွာ ၁ သောင်းပေးမယ် "

" ၁ သောင်းခွဲပေး တီးနည်းပါသင်ပေးမယ် "

" တီးနည်းက ရှိသေးလား "

" ရှိတာပေါ့ဗျ ဒါအနုပညာ "

အော် တော်သေးတာပေါ့ သတောင်းစားမို့လို့ ... မဟုတ်ရင် ဝါးစစ်ပိတ်၀ယ်ဖို့ ဂီတအစည်းအရုံးတောင်ရောက်မယ့်အပေါက် ...

" အေးကွာ ရော့ ၁ သောင်းခွဲ "

" ဒီမှာကြည့် ဒီဘက် တစ်ချက်ထု "တုံ" ဆိုပြီးမည်တယ် ... ဒီဘက်က အကြွေစိလေးတွေထည့်ထားတယ် ကချွင် ပါမည်တယ် ... "

" အော် အာ့လိုလား "

" ပေး ၁ သောင်းခွဲ " ဆိုပြီး ကော့ကော့နဲ့ ထွက်သွားရော ... ကျုပ်မှာတော့ ဝါးစစ်ပိတ်လေးပိုက်ပြီးအိမ်ပြန် ... အိမ်ရောက်တော့ ငတိမကို ဖုန်းဆက် 

" သဲရေ ဝါးစစ်ပိတ်ရပြီ .. "

" ဟယ် တစ်ကယ် video call လိုက်မယ် ဆိုပြ "

Video Call ခေါ်မယ်ဆိုတော့ ကျုပ်အိမ်ထဲက မှောင်တော့ ၀ရန်တာထွက် ဖုန်းလေးထောင် Video Call လေးခေါ် 

🎵တတုံတုံ့ တုန် တုံတုံ့တုန် ... အချစ်အကြောင်းများမသိခဲ့ဘူး ငယ်စဉ်က အသက်အရွယ်မှာ တတုံတုံ့ တုန် တုံတုံ့တုန် 🎵အလဲ့
ငတိမကတော့ Video Call ထဲမှာပျော်လို့ ... လက်ခုပ်လေးတီးပြီး ...

ကျုပ်က ကို့ဖီလ်းနဲ့ကိုယ်တီးနေတာ ... တီးလို့ပြီးတော့ အိမ်အောက်က အသံတွေကြားပါတယ်လို့ ဘာဖြစ်လို့လည်း ငုံ့ကြည့်တော့ ....

အိမ်အောက်မှာက လူတွေအုံလို့ 

" ဟယ်တိုက်ပေါ်က တောင်းစားတဲ့သူတောင်းစား ဒီတစ်ခါပဲ မြင်ဖူးသေးတယ် "

" အေးဟယ် ခေတ်ကြီးက အဆင့်မြင့်လာတယ်နော် "

" ဟဲ့ ဖုန်းလေးထောင်ပြီးတီးနေတာ ဖွဘုတ်က LIVE လွင့်ပြီး တောင်းစားတာထင်တယ် "

" သနားပါတယ်နော် "

တောက်စ် ရှက်လိုက်တာဆိုတာလေ ... ရက်ကွက်ထဲ တိုက်ပေါ်က သတောင်းစားဆိုပြီး နာမည်ကိုကြီးလို့ ... အမေကလည်း သူ့ကိုအရှက်ခွဲရမလားဆိုပြီး အိမ်ပေါ်ကပါ နှင်ချလို့ မနဲတောင်းပန်ရတယ် ....

ခုထိ ၁ သောင်းခွဲတန် ဝါးစစ်ပိတ်ကြီးက အိမ်မှာ သောင်တင်နေတုန်း ... ခင်ညားတို့ထဲက ၀ယ်မယ့်သူရှိရင်ပြောလေ တစ်သောင်းပဲပေး ကျုပ်က တီးနည်းပါသင်ပေးမယ် .... 😜

တစ်ကယ်ချစ်ရင် ဝါးစစ်ပိတ်နဲ့ သီချင်းဆိုပြရတယ်ဗျ ...😂

Cd
ဘဝအမောတွေ ပြေပျောက်ပါစေ
ခညားတို့ရဲ့ ပျော်တော်ဆက်ကြီး....😆
            မြို့မ အရှင်

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့