#ဖတ်ပါ
ဘဝအမောတွေပြေကြပါစေ
😂😂😂😂😂
လှတောသား စကားကပ်တော့ ဆရာတော်က လှည်းကြုံ
မတင်ချင်ဘူး။
စကားမများပါဘူး ဆိုတဲ့ ကတိနဲ့ လိုက်ခွင့်တော့ ပြုလိုက်သတဲ့။
လမ်းမှာ ဖွတ်တကောင် ဖြတ်ပြေးတာ တွေ့တော့
ဆျာတော်က ''တွင်းအောင်း သတွာဒေများ ကျောရိုး တယ်ရှည်သကိုး'' လို့ ပြောတာကို
လှတောသားက
''တွင်းအောင်း သတွာတိုင်း ကျောရိုးရှည်ရမယ်ဆို
ကဏန်းတွေဆို ရထားတွဲလိုနေမှာဗျ'' လို့ ကပ်သတဲ့။
ဆျာတော် မျက်စောင်းထိုးတော့ လှတောသား ငြိမ်ပု သွားရော။
တစ်နေရာ ရောက်တော့ ရေတိုက်စားလို့ ကမ်းပါးပြိုနေတာကို မြင်တော့
''သံစောင်းထက် ရေစောင်းထက် ဆိုတာ အဲဒါပေါ့'' လို ဆိုပြန်သတဲ့။
လှတောသား ပါစပ်ပြင်လိုက်သေးတယ် နောက်မှ ပြန်ထိန်းပီး နေလိုက်တယ်။
မနေလဲ နွားရိုက်တဲ့ ကြိမ်က သူ့ကျောကို ထိမှာကိုး။
လမ်းခုလတ်မှ လှည်းကို ရပ် ဆျာတော်ကိုလဲ ဆွမ်းကပ်ဖို့နဲ့ နွားတွေလဲ အနားပေးရင်း ဇရပ်တစ်ခုမှာ စခန်းချကြသတဲ့။
''ဟေ့ဒကာ မင်းလဲ အလကားမနေနဲ့ သွား ရေနွေးတည်ဖို့ ထင်းရှာချေ'' လို့ဆိုတော့ ထွက်သွားတယ်။
တော်တော်နဲ့ ပြန်မရောက်။
ဆျာတော်က ဆွမ်းဘုဉ်းပီးလို့ ရေနွေးသောက်ချင်နေပီ။
လိုက်သွားကြည့်တော့မှ ထင်းတုံးကို ရေနဲ့ လောင်းနေတာ တွေ့ရတယ်။
မေးကြည့်တော့ ''ဆျာတော်ပဲ သံစောင်းထက် ရေစောင်း ထက်ဆို အာ့ကြောင့် ဓားနဲ့ မခွဲပဲ့ရေနဲ့ပက်ခွဲနာ'' လို့ဖြေတယ်။
ဆျာတော်လဲ သူ့စကားနဲ့သူဆိုတော့ အံကျိတ်နေရတယ်။
ရေနွေးမသောက်ရတော့ စိတ်က မကျေနပ်ဘူး။
ဒါနဲ့ သူ့ဒကာကပ်တဲ့ သင်္ဘေားသီးလေး အချိုးတည်းရင်းက ''ပင်မှည့်သီများ တယ်ချိုသကိုးကွယ့်'' လို့ ရေရွတ်သတဲ့။
ဆျာတော် ဆွမ်းကျန်ကို ကပ္ပိယနဲ့ အတူဝါးနေတဲ့ လှတောသားက ကိုက်လက်စ ငရုပ်သီးမှည့်လေး ထောင်ပြသတဲ့။
ဆျာတော် ဒေါသဒီကရီက မရတော့ဘူး။
နွားရိုက်တဲ့ ကြိမ်ပြေးဆွဲပြီးကျောကော့အောင် ဆော်တော့တယ်။
ဒါတောင် ဆျာကမမှတ်သေးပဲ '' ရတနာ နှစ်ပါးကယ်တော်မူပါ'' လို့ အော်သတဲ့။
''ရတနာဆိုတာ သုံးပါးရှိတာဟ ကဲဟာ ကဲဟာ'' နဲ့ ဆက်တီးတာ။
''ရတနာ တစ်ပါးက ကိုယ့်ဆော်နေတာ ဘယ်လိုလုပ် ကယ်နိုင်မလဲဖျာ့''
လို့ ပြန်လျှောက်သတဲ့။
😂😂😂
Credit - Original uploader
#အထွေထွေဗဟုသုတ
Comments
Post a Comment