အချစ်ဆုံး လို့ ခေါ်ရဲလား😁😁😂😂
********************
အရုပ်ဆိုင် တစ်ဆိုင်သို့ 
အမျိုးသမီးတစ်ယောက် ရောက်လာလေသည်။ 

ဆိုင်ရှင်က 
အရုပ်ကလေးတစ်ရုပ်ကိုညွှန်လိုက်၏ ။ 

"ဒါလေးက 
သူ့ရှေ့မှာအချစ်ဆုံးလို့ အော်လိုက်ရင်
ကိုယ့်ချစ်သူရဲ့နာမည်ကို အော်ပေးတယ် " 

အမျိုးသမီးက မယုံသဖြင့် အော်လိုက်သည် ။ 

"အချစ်ဆုံး " 

"ကိုငြိမ်းမောင် ... " 

"ဟယ် မှန်လိုက်တာ"

အမျိုးသမီးက သဘောကျသွားပြီး
အရုပ်ကိုဝယ်ကာ အိမ်ပြန်လေသည်။ 

အပြင်မှပြန်လာသည့်မိန်းမကိုမြင်သဖြင့် အိမ်ထဲမှယောက်ျားဖြစ်သူက 
ဝမ်းသာအားရ ပြေးကြိုလေသည် ... ။ 

"အချစ်ဆုံး " 

ထိုအခါ အိတ်ထဲမှအရုပ်ကလေးက 
ထအော်လေသည် ... 

"လှလှတင့်၊ ခင်ခင်မြ၊ အေးကြည်မ ၊ 
ဝိုင်းစိန် ၊ တင်မာရီ၊ ​ဖြူဖြူလွင်၊ ပုလဲ ၊ ဝတ်လွှာမှုံ ၊ ယဉ်ယဥ် ၊ သိမ့်သိမ့် ၊ချယ်ရီ ၊ နွယ်နွယ် ၊ အမရာချို 
ပြီးတော့ နာမည်မသိတဲ့ 
နောက်ထပ်သုံးဆယ့်ခြောက်ယောက် နဲ့ အငယ်ဆုံးခယ်မလေး " 

"ကတောက်စ်!!!" 

😂??😂😂😂

#Credit Orginal writer

Comments

  1. ထောက်ပို့လေးကိုမမေ့ကြပါနဲ့နော်

    ReplyDelete
  2. playstore မရတော့ တိုင်ပတ် တစ်ဆင့်ခံပြီးသုံးနေရ

    ReplyDelete
  3. ဖောက်ပို့က တခါမှ မကလစ်ဖူးလို့ဗျ သူက ကြော်ငြာမတက်ဘူးလား

    ReplyDelete
  4. အဲအရုပ်လေး လိုချင်လိုက်တာ 🧸🧸

    ReplyDelete
  5. ဟာသအသစ်လေးတွေတင်ပေးပါဦးအက်မင်ရေ

    ReplyDelete
  6. အဲဒီ အရုပ်မျိုးလေး လိုချင်မိ😆😆🤣🤣

    ReplyDelete

Post a Comment

Popular posts from this blog

ချောတယ်လို့