တခါတုန်းက ကိုလူရိုး
😁😁😁😁😁😁😁😁😁

''ကိုရိုး ''နှင့် '' မယ်ခ ''တို့အိမ်ထောင်ကျသွားကြသည်။
'' ကိုရိုး ''က ဒီဘက်ရွာ '' မယ်ခ''ကဟိုဘက်ရွာ တစ်ယောက်တစ်ရွာဆီကဖြစ်သည်။

အိမ်ထောင်ကျတော့''ကိုရိုး''ရွာတွင်''မယ်ခ''
လိုက်နေသည်။ တစ်နေ့''မယ်ခ''ကိုယ်ဝန်ရှိနေပြီ
ဖြစ်သဖြင့် သတင်းမေးရန် ဟိုဘက်ရွာမှ'' မယ်ခ''
၏ ဖခင်လာမည်။

ခက်တာက''ကိုရိုး''၏ အဖေသည်''မယ်ခ''
ဖခင်ဖြစ်သူအား အကြွေးပေးစရာ ရှိလေသည်။

ထို့ကြောင့်''မယ်ခ''အဖေလာလျှင် ရှောင်နေမည်
ဟု ဆုံးဖြတ်လိုက်သည်။ မနက်ရောက်သော်''မယ်ခ''အဖေ လာခါနီးတွင် အပြင်သို့

ရှောင်နေရန် ထွက်သွားသည်။ လမ်းရောက်သော်
သူ့သား''ကိုရိုး''သည် နုံနုံအအ ဖြစ်သဖြင့် စကားမှားမည် စိုးသောကြောင့် ပြန်လှည့်လာပြီး သင်
ပေး၏။

'' သား မင်းယောက္ခမ လာလို့အဖေ့က ိုမေးရင်
ညထဲက တောင်ပေါ်မှာ ကာလသားတွေနဲ့သွားအိပ်တယ်လို့ပြောလိုက် ''

ပြောပြီးပြန်ထွက်သွား ပြီးမှ မဖြစ်သေးပါဘူး တော်
ကြာ နွားတွေ ဆွဲသိမ်းသွားရင် ဒုက္ခ ဆိုပြီး ပြန်လှည့်လာတယ်

'' ဒီမှာသား နွားတွေမေးရင် မနက်ထဲက ကြို းဖြည်
ပြီး လွှတ်လိုက်တာ ခုထိ အစန မတွေ့ရသေးဘူး
လို့ပြောလိုက် ''

'' အေး အကြွေး ကိစ္စမေးရင်တော့ အဖေ့က်ိစ္စ
အဖေလာမှရှင်းသားမသိဘူးလို့ ပြောလိုက် ကြား
လား ''

'' ဟုတ် အဘ ''

ဆိုပြီး''ကိုရိုး''အဖေ လဲ ထွက်သွားလေရဲ့
မကြာပါဘူး''မယ်ခ''အဖေ ရောက်လာတော့တာပါပဲ . . .

'' ဟေ့ သား ကိုရိုး ''

'' ဟာ အဖေ လာ လာ ထိုင် ''

'' သားရေ မင်းအမေကော ''

'' ညထဲက တောင်ပေါ်မှာ ကာလသားတွေ နဲ့
သွားအိပ်တယ် အဖေရဲ့ ''

'' ဟမ် ဒါဆို မင်းအဖေကကော ''

'' မနက်ထဲက ကြို းဖြည်ပြီး လွှတ်လိုက်တာ
ခုထိ အစန မတွေ့ရသေးဘူး ''

'' ဟာ ''
ဒီကောင် အူကြောင်ကြောင် နဲ့ မဖြစ်သေးပါဘူး
ငါ့သမီး ကိစ္စမေးအုံးမှပဲ

'' သား မယ်ခ ကိုယ်ဝန် အခြေနေ ဘယ်လို ရှိလဲ ''

'' အဖေ့က်ိစ္စ အဖေလာမှရှင်း သားမသိဘူး ''

'' ဟမ် ဘာပြောတယ် ''

ကိုရိုးတစ်ယောက် ယောက်္ခမ လိုက်ရိုက်လို့ပြေးရပါ
ရောလား
#Credit Original Writer✍️👸
#Pink🌸

Comments

Popular posts from this blog

ချောတယ်လို့