၆တန်းကျောင်းသားလေးတွေ အချင်းချင်း စကားပြောကြရင်း တစ်ယောက်က သူသိလာတဲ့ အထူးအဆန်းတစ်ခုကို ပြောပြသတဲ့ ။
" လူကြီးတိုင်းမှာ လျှို့ဝှက်ချက် တစ်ခု မဟုတ် တစ်ခု ရှိကြတယ်ကွ ၊ ဒါ့ကြောင့် မင်းဟာ ဘာမှ မသိထားဘဲနဲ့ လူကြီးတစ်ယောက်ကို သွားပြီး 'ကျနော်အကုန်သိတယ်' လို့ ပြောလိုက်လို့ရတယ် " 🙄
မောင်ဂျစ်တူး တစ်ယောက် အာ့တာကို အင်မတန်စိတ်ဝင်စားသွားပြီး ညနေကျောင်းဆင်းရင် လက်တွေ့စမ်းကြည့်မယ်လို့ တွေးထားလိုက်တယ် ။
ညနေ ကျောင်းဆင်းလို့ အိမ်ပြန်ရောက်ချိန် သူ့အမေ က အိမ်ပေါက်ဝက ဆီးကြိုတယ် ။ မောင်ဂျစ်တူး လဲ အမေ နားကပ်ပြီး " အမေ ၊ ကျနော် အကုန်သိတယ် " လို့ပြောလိုက်တော့ ...
သူ့အမေလဲ အံ့ဩထိတ်လန့်တဲ့ပုံ ဖြစ်သွားပြီး ချက်ချင်းဘဲ " အေး ၊ အေး ၊ မင်းအဖေကို သွားမပြောနဲ့ " ဆိုပြီး မုန့်ဖိုး ၂၀၀၀ ပေးလိုက်တယ်တဲ့ ။
မောင်ဂျစ်တူး စိတ်ထဲ အတော်ကျေနပ်သွားတယ် ၊ ဒါနဲ့ ထပ်စမ်းဦးမှဘဲ ဆိုပြီး ညကျ သူ့အဖေ စာဖတ်ခန်းထဲ ရှိနေတုန်း အနားသွားပြီး " အဖေ ၊ ကျနော် အကုန်သိတယ်နော် " လို့ ဆိုတော့ သူ့အဖေလဲ ပြာပြာသလဲ နဲ့ " အေး ၊ အေး ၊ ငါ့သား ၊ မင်းအမေ မသိစေနဲ့နော် ၊ ရော့ရော့ မုန့်ဖိုး " ဆိုပြီး ၅၀၀၀ တန် တစ်ရွက် ပေးလိုက်ပြန်ရော ။
မောင်ဂျစ်တူး ပျော်လွန်းလို့ ည အိပ်မပျော်တော့ဘူး ။
ပိုက်ဆံရှာရတာ လွယ်လိုက်တာ ၊ မနက်ဖန်တော့ လမ်း တွေ့တဲ့ လူကြီးတွေ အကုန် လိုက်ပြောကြည့်ရမယ် ဆိုပြီး စဉ်းစားနေသတဲ့ ။
နောက်နေ့ မနက် ကျောင်းသွားတော့ အိမ်နားမှာတင် ရေပိုက်ပြင်တဲ့လူကို တွေ့ပါလေရော ၊ လောလောလတ်လတ် မုန့်ဖိုး ၇၀၀၀ ရထားလို့ တက်ကြွနေတဲ့ မောင်ဂျစ်တူး ၊
ရေပိုက်သမား နား သွားပြီး အနားကပ် ပြောလိုက်တယ် ။
" ဦးလေးကြီး ၊ ကျနော် အကုန်သိတယ်ဗျ "
ရေပိုက်သမား အလွန်အံ့ဩတဲ့ ရုပ် ထွက်သွားတယ် ၊ ချက်ချင်းဘဲ ပျော်သွားတဲ့ မျက်နှာနဲ့ လက် ၂ ဖက် ကမ်းပြီး ....
" ဝမ်းသာလိုက်တာ ငါ့သားရာ ၊ အဖေ့ကို ဖက်စမ်းပါဦး ... "
😂😂😂😂😂
#crd
😂😂
ReplyDelete😀😀😁
ReplyDeleteဟားဟား
ReplyDelete😃😃
ReplyDelete😀😀⭐
ReplyDelete😂😂😂
ReplyDelete