" မိမိ အလုပ်အပေါ် ရိုသေပါ "
😊😊😊😊😊😊😊😊😊😊😊
တစ်ခါကတုန်းပေါ့ဗျာ။ ရွာတရွာမှာ
သူဌေးကြီးတစ်ဦး ရှိပါသတဲ့။ တစ်နေ့တော့
သူဌေးကြီးဟာ သူဘယ်လိုချမ်းသာ
လာတယ်ဆိုတာ ပြောပြဖို့အလှူတစ်ခုလုပ်ပြီး
တစ်ရွာလုံးကို ဖိတ်ပါရော။
တစ်ရွာလုံးကလည်း သူဌေးကြီးရဲ့
ချမ်းသာလာတဲ့ လျို့ဝှက်ချက်ကို
သိချင်ကြတော့ လာကြသပေါ့လေ။
အလှူမှာ စားသောက်ပြီးတဲ့အခါ သူဌေးကြီးက
သူ့ရဲ့ခန်းမကျယ်ကြီးထဲ မှာ တစ်ရွာလုံး
စုဝေးခေါ်ပြီး ပြောပြတော့တာပေါ့။
" ရွာသူရွာသားအပေါင်းတို့ခင်ဗျာ အခုဆိုရင်
ကျနော် ဘယ်လို ချမ်းသာလာခဲ့သလဲဆိုတာ
ပြောပြပါမယ်။ အားလုံးစိတ်ဝင်စားကြပါလား"
"စိတ်ဝင်စားပါတယ်"
"ကျနော် ချမ်းသာလာရတဲ့အကြောင်းရင်းကတော့
ကျနော်ဟာ ကျေးဇူးရှင်ကိုအမြဲတမ်းရှိခိုးပါတယ်
ခင် ဗျ"
"ဟိုးအရင် ကျွန်တော်ဆင်းရဲစဉ်အခါက
ထီးပြင်တဲ့ အလုပ်လုပ်ပါတယ်… … ဒါကြောင့် ကျွန်တော်ဟာ မိုးကောင်းကင်ရယ် . .
လေရယ် ထီးရယ်ကို အမြဲတမ်း ရှိခိုးပါတယ် "
"တကယ်လား သူဌေးကြီး"
"တကယ်ပေါ့ဗျာ… …ဒီလို ကျေးဇူးရှင်တွေကို
ရှိခိုးရတဲ့ အကြောင်းကြောင့် ကျနော်ဟာခုလို
ကြွယ်ဝချမ်းသာလာခြင်းဖြစ်ပါတယ်"
ဒီအချိန်မှာ ရွာသားတွေက တစ်ယောက်
တစ်ပေါက် ပြောကြရော ဆိုပါတော့။
" ဟာ..ဒါဆိုရင် ငါကရေထမ်းရောင်းတော့
ထမ်းပိုးကြီးကို ကန်တော့မယ် ရှိခိုးမယ်"
" ကျမကတော့ အဝတ်လျော်တော့ …
အဝတ်အထည်တွေကို ရှိခိုးမယ်"
" ငါက တောင်သူဆိုတော့ နွားတွေ
မြေကြီးတွေကို ကန်တော့ ယုံပေါ့"
အဲဒီအချိန်မှာ အမျိုးသမီးကြီး
တစ်ယောက်က ထပြောပါတယ်။
"ဟမ်… …တေနာဂျီး …!! ငါ သူဌေးမဖြစ်ရင်
နေပလေ့စေတော့ အဲ့သလိုတော့ မလုပ်နိုင်ဘူး!
ဒါနဲ့ ရွာသူရွာသားတွေက
ဘယ်သူများလဲလို့ ကြည့်လိုက်တာ
သူတို့တစ်ရွာလုံးရဲ့ သားဖွားဆရာမကြီး
ဖြစ်နေပါသတဲ့...။😆😆😆😆
😁😁😁😁😁😁😁
#credit-တာရာမင်းဝေ
Comments
Post a Comment