မင်းသဘော...
😁😁😁😁😁
ဂေါက်ကလပ် တစ်ခုရဲ့
အဝတ်လဲခန်းထဲမှာပါ။
တစ်ချို့က ရေချိုးနေကြပြီး
တချို့က အဝတ်လဲနေကြတယ်။
ခုံတန်းပေါ်မှာ တင်ထားတဲ့
မိုဘိုင်းဖုန်းတစ်လုံး
အသံမြည်လာတယ်။
အခန်းထဲက လူတစ်ယောက်က
ဖုန်းကို ကောက်ကိုင်လိုက်ပြီး
အားလုံးကြားအောင် speaker ကို
ဖွင့်လိုက်တယ်။
ပြီးမှ
သူက "ဟဲလို" လို့ ပြောလိုက်တယ်။
တစ်ဖက်က
"ကိုကို ကလပ်မှာ ရှိတုန်းပဲလား"
"ဟုတ်တယ်"
"ဟိုလေ ကျွန်မ အခု ရွှေနန်းတော်မှာ
ရောက်နေတယ်။
ဆွဲကြိုးလေးတစ်ကုံး တွေ့ထားတယ်။
လှလိုက်တာ ကိုကိုရယ်။
စျေးက ၅ သိန်းတဲ့။
ယူလိုက်ရမလားဟင်"
"ကြိုက်ရင်လည်း ယူလိုက်လေ"
"အော် ဒါနဲ့
ကျွန်မတို့ တခါသွားကြည့်တယ်
Car Showroom မှာ
အရင်တခါ မရှိတော့ဘူးဆိုတဲ့
၂၀၁၇ မော်ဒယ်ကားလေ။
အခုပြန်ရောက်နေပြီလို့
ဆိုင်က ဖုန်းဆက်တယ်။
အရင်ပြောထားတဲ့ သိန်း ၂၀၀ ကို
၁၀ သိန်း လျှော့ပေးမယ်တဲ့။
ယူလိုက်ရမလားဟင်"
"အေးလေ၊
မင်းကြိုက်ရင်လည်း ယူလိုက်ပေါ့"
"အိုး ဒါမှ ဒို့ကိုကိုကွ။
ဒါပေမဲ့..
တစ်ခု ကျန်သေးတယ်နော်။
ဟိုတစ်ခါ သွားကြည့်တဲ့
ကွန်ဒို အခန်းလေ။
မနက်ဖြန်
အရောင်းပိတ်တော့မယ်တဲ့။
ဒီနေ့ယူမယ်ဆိုရင် သိန်း ၂၀၀၀ ကို
သိန်း ၅၀ လျှော့ပေးမယ်တဲ့။
ယူလိုက်ရမလား ကိုကို"
"အေးလေ၊
မင်းသိပ်ကြိုက်နေရင်လည်း
ယူစေဗျာ"
"အိုး၊
ဒါကြောင့် ကိုကို့ကို သိပ်ချစ်ရတာ။
ဝမ်းသာလိုက်တာ။
ဒီနေ့ အိမ်ကို စောစော ပြန်ခဲ့နော် ကိုကို"
"အိုကေ၊ ဘိုင်ဘိုင်"
အခန်းထဲက လူတွေအားလုံးဟာ
သူ့ကို အံ့သြပြီး အားကျတဲ့ အမူအရာနဲ့
ဝိုင်းကြည့်နေကြတယ်။
သူဟာ ဖုန်းကို ပိတ်လိုက်တယ်။
ပြီးတော့ ဖုန်းကိုလူတွေဖက်ကို
မြှောက်ပြလိုက်ရင်း
ခုလို ပြောလိုက်ပါတယ်...
"ဒါ ဘယ်သူ့ဖုန်းလဲဗျ" တဲ့😁😁😁
#Credit Orginal writer
😂😂😂
ReplyDeleteထောက်ပို့ကိုပုံမှန်ဝင်ပေးကြပါလို့
ReplyDeleteဝင်ပေးနေပါတယ်လို့
Deleteဒီဘဲငစားကွ
ReplyDelete🤣🤣
ReplyDeleteအမွှေဇယား
ReplyDelete😆😆
ReplyDeleteပုံမှန်ကလစ်ပေးပါ
ReplyDelete😁
ReplyDelete😅😅
ReplyDeleteဟာတွေ ရသ ြမောက်တယ်😊
ReplyDelete😂😂😂
ReplyDeleteဒီထဲရောက်ရင်😂😂😂
ReplyDelete