ကိုစိန်သောင်း နှင့် ထိုသူတောင်းစား
😁😁😁😁😁😁😁😁😁😁😁😁
တစ်နေ့ ကိုစိန်သောင်းတစ်ယောက်လဖေ့ရည်ဆိုင်ထိုင်နေစဉ်

" ဟာ .. မရှိဘူး .. သွားသွား "

ဆိုလည်း မရဘူး .. သူတောင်းစားက
ပေကပ်ကပ်နဲ့ ကျုပ်ဘေးနား ထိုင်နေသေးတယ် ..

" တကယ်မရှိလို့ပါကွာ .. ဒီမှာတွေ့လား
၃ရာပဲ ပါတယ် "

တကယ်လည်း ကျုပ်မှာမရှိဘူး .. အိမ်က
ထွက်လာကတည်းက မြန်မာငွေ၃ရာပဲ ပါလာတာလေ
ဒါတောင် မတတ်သာလို့ ဘုရားစင်ကနေ ခဏစွန့် ပြီး
လဖေ့ရည်ရိုးရိုးတစ်ခွက်နဲ့ wifi free ကြိတ်မယ်ဆိုတဲ့
အကြံနဲ့ထွက်လာတာ

လဖေ့ရည်ဆိုင်လေး အေးဆေးထိုင်ရမလားမှတ်တယ်
သူတောင်းစားက ကျုပ်စ ထိုင်တည်းက ဘေးနားလာပြီး
တအီအီလုပ်နေတာ

ဆိုင်ရှင်ကို အားကိုးတကြီးနဲ့ လှမ်းကြည့်တော့လည်း
သူ့နဲ့ မဆိုင်သလိုပဲဗျာ ..
မျက်နှာတောင်လွဲသွားသေးတယ်
သူတောင်းစားနဲ့များ ညှိပီး လုပ်စားနေလားမသိဘူး

သူတောင်းစားကလည်း မပေးမချင်းကို
မသွားဘူး .. စမြုပ်မပြန်ရုံတမယ် ပြောနေတာ

" နယ်ပြန်ဖို့ အခက်ခဲ ဖြစ်နေလို့ ကူညီပေးပါ ဆရာရယ်" တဲ့

သူ့ ပုံစံကြည့်တော့ အရွယ်ကောင်းတုန်းရှိသေးတယ်
သန်သန်မာမာကြီးနဲ့ အခက်ခဲ ဖြစ်နေရှာတာ

" အာ့များ စောစောမပြောဘူး
ဒီလမ်းတိုင်းတည့်တည့်သွား
၂လမ်းကျော်ရင် ညာချိုး .. တည့်တည့်ဆက်သွား
အာ့ဆို ကားဂိတ်ရောက်ပြီ .. "

" ဟာ .. ကားခ တောင်းနေတာဗျ "

ရော် .. ခက်ပြီ .. သူပဲ နယ်ပြန်ဖို့ အခက်အခဲ
ဖြစ်နေတယ်လည်းပြောသေးတယ်
ကားဂိတ်ညွှန်ပြတော့ မဟုတ်ပြန်ဘူး ..

" ကျန်းမာရေးလည်း သိပ်မကောင်းလို့ပါ ဆရာရယ်
ကူညီပေးပါ "

ဖြစ်ရပြန်ပီ .. ကားခ မရတော့ ချက်ချင်းလက်ငင်း ကို
ကောက်ဖျားပြတော့တာပဲ .. အဲဒါလည်း
ပိုက်ဆံမတတ်နိုင် ပေမယ့် တတ်နိုင်သလောက်တော့
ကူညီပေးပါတယ်

" ဒီကနေ တည့်တည့်သွား .. ဟိုးမှာ တွေ့လား
ဆိုင်းဘုတ် အနီရောင်လေး .. အဲ့ရောက်ရင်
ဘယ်ပြန်ချိုး .. တလမ်းကျော်ရင် ညာပြန်ချိုး
ပရဟိတဆေးခန်းလေး တွေ့လိမ့်မယ်
အဲ့မှာ ဆေးသွားတောင်းချေ "

" ဟာ.. ဆေးဖိုးလေးပဲ ပေးလိုက်ပါလား ဆရာရယ် "

" ငါ့ မှာ မရှိလို့ပါဆို "

" ဆရာရယ် .. မနက်စာလည်း မစားရသေးလို့ပါ "

" ညယ့် "

သူတောင်းစားကလည်း ဆေးဖိုးလည်း မရပြန်တော့
ရုတ်တရက်ကြီး ဗိုက်ဆာပြပါရော
သူ့ကြည့်တော့ ပါးစပ်က ဆီကွက်က မပြောင်သေးဘူး

အာ့နဲ့ ကျုပ်လည်း စားပွဲပေါ်က စမူဆာတစ်ခု
လှမ်းပေးတော့ ..

" စမူဆာ မကြိုက်ဘူး ဆရာ ..
ထမင်းဖိုးလေးပဲ ပေးလိုက်ပါ "

" ငှယ် .. တကယ်မရှိလို့ပါ ဆိုနေမှကွာ
ငါ ငိုလိုက်မှာနော် "

အဲလိုပြောလည်း မရတော့ဘူး .. သူတောင်းစားကလည်း
နောက်ဆုံး မျက်ပေတုံးကြိ်းနဲ့ ကျုပ်ကိုကြည့်ပြီး
ငိုသံ ပါပါနဲ့ ..

" ဆရာ့ကို ကန်တော့ပါတယ်ဗျာ .. " ဆိုပြီး

လဖေ့ရည်ဆိုင်ထဲ လက်အုပ်ချီပြီး
ထိုင်ကန်တော့ပါလေရော ..

သောက်ကျိုးတော့ နဲပြီ .. အားလုံးက ကျုပ်ကို
ဝိုင်းကြည့်နေကြပြီဆိုတော့ ရှက်ကိုးရှက်ကန်းနဲ့
ကြံမိကြံရာ ကြံပြီး

" အေးကွယ် .. အခုလို သီတင်းကျွတ်အခါသမယမှာ
လူကြီးသူမကို ကန်တော့ရခြင်းကြောင့် .. စိတ်၏
ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပီး
သွားလေရာမှာ ခလုပ်မထိ ဆူးမညှိပဲ .. အနာဂတ်မှာ
တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်တဲ့ လူတော်လူမြတ်ကြီး
ဖြစ်ပါစေကွယ် "

" ဟာ .. "

" ဟင် "

" သူတို့က .. ဘာတွေလား "

" ငယ်ငယ်တည်းက ကွဲကွာနေတဲ့
သားအဖတွေထင်တယ် "

စသဖြင့် အားလုံးကလည်း တစ်ယောက်တစ်မျိုးစီနဲ့
မှတ်ချက်ပေး ကုန်ကြပြီ ..

အဲ့ကျတော့မှ
သူတောင်းစားလည်း ရှက်ကိုး ရှက်ကန်းနဲ့
မတ်တပ်ထရပ်ပြီး ..

" ဒီမှာ ဟေ့လူ .. ကျုပ်တသက်လုံးတောင်းစားလာတာ
ခများလိုလူမျိုး တခါမှ မတွေ့ဖူးဘူး ..
ဘယ့်နှယ်ဗျာ .. ကျုပ်ထက်တောင်မှ မွဲနေသေးတယ် "

" ညယ့် "

ပြောလည်း ခံရတော့မှာပဲလေ .. ကျုပ်မှာ
ပိုက်ဆံမှ မရှိပဲကိုး

" ရော့ .. ဒီမှာ ခများအတွက် လဖေ့ရည်ဖိုး ၁ထောင် ..
ပိုတာ ခများပဲယူလိုက်တော့ .. နောင်လာနောက်သား
သူတောင်းစားတွေကိုလည်း ခများလိုလူနဲ့
မတွေ့ပါစေနဲ့လို့ ကျုပ်ဆုတောင်းတယ် .. ဒါပဲ .. ဖွီ "

" ဟာ "

သူတောင်းစားလည်း ပြောချင်တာပြောပြီး
ကော့ပက်ကော့ပက်နဲ့ လှည့်ထွက်သွားတယ်
အဲ့ကျတော့မှ ကျုပ်လည်း လဖေ့ရည်အေးဆေး
သောက်ပြီး ဖုန်းလေးကောက်ပွတ်နိုင်တယ်
လဖေ့ရည်ဆိုင်ထဲက လူတွေတော့
ထင်ချင်ရာထင်ကြပါစေတော့ .. ဘယ်တတ်နိုင်မလဲ

အဲဒီချိန်ကစပြီးလည်း ကျုပ်နား ဘယ်သူတောင်းစားမှ
လာမကပ်ရဲကြတော့ဘူး .. သူတောင်းစားအချင်းချင်း
သတင်းပေးကြတာလည်း ပါမှာပေါ့

ဟို လဖေ့ရည်ဖိုးပေးသွားတဲ့
သူတောင်းစားကတော့ ခုချိန်ထိ ကျုပ်ကိုတွေ့ရင်
တံတွေးထွေးပြပီး ပါးစပ်ကလည်း ရွတ်နေတုန်း..

#Credit-စိန်သောင်း✍️👸
#Pink🌸

Comments

Popular posts from this blog

ချောတယ်လို့