ဖေါ်လိုက်ရမလား
😂🤣😂🤣😂🤣😂
ဝိုင်ထုတ်လုပ်ရေးစက်ရုံက
ဝိုင်ထုတ်တဲ့နေရာမှာ ဝိုင်အရည်အသွေး
ကောင်းမကောင်း မြည်းရတဲ့ ကျွမ်းကျင်သူ
ကွယ်လွန်သွားလို့ လူသစ်အစားထိုးခန့်ရန်
လိုအပ်ကြောင်း ကြော်ငြာပါတယ်။
-
-
မကြာခင်မှာပဲ အ၀တ်အစား
ဖြစ်ကတတ်ဆန်းနဲ့ရေချိန်မှန်နေပုံရတဲ့
လူတစ်ယောက် အလုပ်လာလျှောက်ပါတယ်။
-
လူက ကြည့်ရတာ အချိန်ပြည့်
မူးနေပုံ ရတယ်ဆိုပြိး
ကုမ္မဏီပိုင်ရှင် ဥက္ကဌက
အစပိုင်းမောင်းထုတ်မလို့လုပ်ပြီးမှ
-
ကြော်ငြာအရ လာလျှောက်တာမို့
ဒီအတိုင်း ပြန်ခိုင်းရင်
မကောင်းတတ်တဲ့အတွက်
စဉ်းစားပြီး စကားပြောတယ်။
-
"ကောင်းပြီလေ..
ခင်ဗျား အရည်အချင်းကို
စမ်းသပ်လို့ကြိုက်ရင် ခန့်မယ်...
ခင်ဗျားကိုဝိုင် တစ်မျိုးစီ ပေးမယ် ။
-
ခင်ဗျား သောက်ပြီးရင် ဝိုင်အမျိုးအစားနဲ့
နာမည်ကို ပြောနိုင်ရင်
စာမေးပွဲ အောင်ပြီ..ဟုတ်လား...
ကဲ စကြရအောင် “
-
ဦးစွာ ဥက္ကဌက ဝိုင်တစ်ခွက်
ကမ်းပေးလိုက်တယ်...
ဒီလူက အနည်းငယ်
သောက်ကြည့်ပြီးတဲ့အခါ
ပြောတယ်။
-
“ဒါ မြောက်ဘက်တောင်ကုန်းဒေသက
စပျစ်နဲ့ချက်တဲ့ Muscat ဝိုင်ပဲ..
စတီးစည်နဲ့စိမ်ထားတဲ့အပြင်
၃ နှစ်သက်တမ်းလောက်ပဲ ရှိမယ်
၊ရောင်းတမ်းတော့ ၀င်ပါတယ်..
ဒါပေမယ့် အဆင့်နိမ့်တယ်"
-
“မှန်ပါတယ်ဗျာ..
ကဲ နောက်တစ်မျိုး စမ်းပြပါဦး “
-
ဥက္ကဌက မှန်ကန်ကြောင်း ပြောပြီး
ဒုတိယမြောက် ဝိုင်ခွက်ကို ပေးလိုက်တယ်။
-
ဆရာက အနံ့လေးခံကြည့်၊
ပါးစပ်ထဲ တစ်ငုံစာလောက်
မော့ပြီး မျက်လုံးလေး
အသာမှိတ်ကာ စဉ်းစား ဖြေတယ်။
-
“ဒါကတော့ Cabernet ဝိုင်ပဲဗျ၊...
အနောက်တောင်ပိုင်းက ထွက်တဲ့
စပျစ်သီးကို ချက်ပြီး
၀က်သစ်ချစည်ထဲမှာ
-
အပူချိန် ၈ ဒီဂရီနဲ့လှောင်ထားတယ်၊
သက်တမ်း ၈ နှစ်လောက်ရှိလောက်ပြီ..
နောက်ထပ် ၃ နှစ်လောက်
ဆက်ထားလို့ရင်အကောင်းဆုံးပေါ့ဗျာ “
-
“မှန်ပါတယ်ဗျာ..
ခင်ဗျား မဆိုးဘူးဗျ၊
ကဲ..နောက်တစ်မျိုး ပြောပါဦး “
-
ဥက္ကဌက မှန်ကန်ကြောင်း ၀န်ခံပြီး
တတိယမြောက် ခွက်ကို ကမ်းလိုက်တယ်။
-
“ဒါက Pinot Blanc ရှန်ပိန် အမျိုးအစားဗျ၊
အရမ်း စျေးကြီးတယ်..
စျေးကြီးသလောက်လည်း
အတော် ကောင်းတဲ့ အရက်ဗျ “
-
ကုမ္မဏီ ဥက္ကဌ အတော် စိတ်ညစ်သွားတယ်။
ဒီလူက ကျွမ်းကျင်တာတော့ မှန်ပါတယ်...
ဒါပေမယ့် ဥပဓိရုပ်က
လူလေးစားဘွယ်ရာ မရှိလို့မခန့်ချင်တာပါ။
-
ဥက္ကဌ နောက်ဆုံးအကြံရလာတာနဲ့
သူ့ရဲ့အတွင်းရေးမှူးမလေးကို
အချက်ပြ ခေါ်ယူလိုက်တယ်။
-
အသက် နှစ်ဆယ်ကျော်...ရူပါ အပျံစား..
ရှိုက်ဖိုကြီးငယ် ကောက်ကြောင်းတွေနဲ့
ရွှေရောင်ဆံပင်ရှိတဲ့ အတွင်းရေးမှူးမလေး
အနားရောက်လာတဲ့အခါ..
ဥက္ကဌက နှစ်ကိုယ်ကြား
တိုးတိုးလေး ပြောလိုက်တယ်။
-
အတွင်းရေးမှူးမလေး ..
ခေါင်းငြိမ့်ပြီး - ထွက်သွားတယ်
သန့်စင်ခန်း၀င် ... ရှုရှုပေါက်ပြီး
-
ခနနေတော့ .. ဝိုင်တစ်ခွက်နဲ့.....
 ရောက်လာတယ်။
-
“ကဲပါဗျာ၊ဒါ နောက်ဆုံးပါပဲ၊
သောက်ပြီး ပြောပါဦး “
-
ဥက္ကဌက အတွင်းရေးမှူးမလေး
ယူလာတဲ့ ခွက်ကို ပေးလိုက်ပြီး ပြောတယ်။
စိတ်ထဲမှာ. . . ကြည့်ကြသေးတာပေါ့ကွာ၊
ဒီလောက် ကျွမ်းတဲ့ ကိုယ့်ဆရာ
ဘာပြန်ဖြေမလဲ ‘ ပေါ့။
-
ထုံးစံအတိုင်း ဟိုဆရာက ခွက်ကို
အရင်ဆုံး အနံ့ခံတယ်..
ပြီး တစ်ငုံစာ မော့လိုက်တယ်၊
မျက်လုံးလေးမှတ်ပြီးစဉ်းစားတယ် ။
-
တအောင့်လောက် ကြာတဲ့အခါ...
-
“ဒါကတော့ ....
Blonde (ရွှေရောင်ဆံပင်)အမျိုးအစားဗျ၊..
သက်တမ်းက ၂၄ နှစ်..ကိုယ်၀န်၃ လ နဲ့ဗျို ု့...
-
-
ဒီမှာ ! ... သူဌေးမင်း...
ကျုပ်ကို အလုပ်ခန့်ရင်ခန့်ဗျ၊
မဟုတ်လို့ကတော့ ...
ကလေးအဖေ နာမည်ကိုပါ
 ဖော်လိုက်မှာ "
-
😛😛😛😛😛
-
Credit ; မူရင်းရေးသားသူကိုပေးပါသည်။

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့