#နောင်ကလေးတွေမကြုံပါစေနဲ့
======================
သိန်း ၄၀ တန်
မီးပုံးပျံကြီး
တက်သွားတဲ့အခါ
၂၀၀ တန်
ထမင်းထုပ်လေး
စားနေတဲ့
ကလေးလေးက
ငေးကြည့်နေတယ်.....
သိန်းသောင်းများစွာနဲ့
တည်ဆောက်ထားတဲ့
ဝေရောစဏ
ကျောက်စိမ်း
စေတီကြီးရဲ့ရှေ့မှ
အစိမ်းရောင်
ဆင်းတုတော်တစ်ဆူ
ခြေရင်းက
လက်အုပ်ချီပြီး
ရောင်းနေတဲ့
ပန်းသည်လေးက
" အကိုရယ် ယူပါနော်" တဲ့.....
သီချင်းတပုဒ်ဆိုရင်
သိန်းဆယ်ဂဏန်းရတဲ့
အဆိုတော်မလေးက
မီးပွိုင့်က
သီချင်းညည်းရင်း
စံပါယ်ပန်းရောင်းတဲ့
ပန်းသည်လေးကို
" အကြွေ မရှိသေးဘူး"တဲ့....
ရွှေဆိုင်ပိုင်ရှင်
အဒေါ်ကြီးက
ကန်စွန်းရွက်သည်
ကလေးလေးကို
" ၃ စည်း ၅၀၀ မရရင် မယူဘူး"တဲ့.....
ဒါပေမယ့် .....
မီးပုံးပျံ
သိန်း ၄၀ တန်ကို
လက်ခုပ်တီးရင်း
ကနေကြသူတွေဟာ
ကလေးငယ်လေးရဲ့
ထမင်းထုပ်လေးကို
မတွေ့မိလိုက်ကြဘူး...
ဟင်းဆိုတာ
ပဲရည်ကျဲလေးနဲ့ ဂေါ်ဖီကြော်.....
ကလေးလေးနားကို
ဖုတ်ခနဲ ကျသွားတာက
သိန်းဂဏန်းတန်တဲ့
အရက်ပုလင်းခွံတစ်လုံး.......
ကျောက်စိမ်း
စေတီကြီးဆီမှာ
ဆုတောင်းနေသံတွေကို
လေ့လာရင်
လောဘတွေ
ပြည့်နေပေမယ့်
ပန်းရောင်းတဲ့
ကလေးလေးပါးစပ်က
မေတ္တာပို့သံလေး
လွင့်လွင့်လာတတ်တယ်.....
စံပါယ်ပန်းတွဲလေးကိုင်ထားတဲ့
ကလေးလေးက
သူ စျေးမရောင်းရတာကို
ဝမ်းမနည်းဘူးဗျာ
ကားပေါ်က
အဆိုတော်မလေးကိုတွေ့ရလို့
အားရဝမ်းသာ ရယ်ပြနေတယ်.....
ကန်စွန်းရွက်
၃ စီး ၅၀၀ နဲ့ စျေးဆစ်နိုင်လို့
ပြုံးနေတဲ့ အဒေါ်ကြီးကို
စျေးသည်လေးက
နောက်တစ်ခါ ဝယ်လှည့်ပါဦးတဲ့......
တစ်ခါတစ်ခါ
ပြောင်းပြန်ဖြစ်တဲ့လောကဓံနဲ့
လောကကြီးကို မုန်းစရာများကောင်းနေသလားဗျာ.....
#𝓦𝓐𝓟
#crd
Comments
Post a Comment