" စာဖတ်ခြင်းရဲ့ ဗဟုသုတ "
တစ်ခါက အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။
ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံရတဲ့အခါ ဘယ်လိုမှ မတည့်ဘူးတဲ့။ စကားများရတာတွေ၊ ရန်ဖြစ်ရတာတွေ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်နေရတာပေါ့ ။
ယဉ်ကျေးမှုအရလည်း ဖြစ်၊ ဘာသာရေးအရ လည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရပေမဲ့လည်း ထမင်းခူးပေးရတယ်။ ပြီးတော့ အစခပ်သိမ်း ပြင်ဆင်ပေးရတယ်ပေါ့။
တစ်နေ့တော့
ဒီဒဏ်တွေကို မခံနိုင်လို့ ချွေးမဖြစ်သူ အမျိုးသမီးက
သူမရဲ့ အဖေဖြစ်သူထံ သွားပြီး အကြံအဉာဏ်တောင်းတယ်။ အဖေဖြစ်သူကလည်း ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ
အဆိပ်ဆေးကို နေ့စဉ် နည်းနည်းစီ ခက်ပြီး ၆ လအတွင်း မသိမသာ နဲ့ သေဆုံး သွားအောင် လုပ်ရန်ရကြောင်း နည်းလမ်းပေးလိုက်သတဲ့။
ပြီးတော့ ဆေးလဲ ပေးလိုက်ပါ သတဲ့။
ဆေးခပ်နေတဲ့ ၆ လအတွင်းမှာ ယောက္ခမကို ကြည်ကြည်ဖြူဖြူနဲ့ ပြောဆိုဆက်ဆံ ရမယ်လို့လဲ မှာလိုက်တယ်။
ဒါမှလည်း သေကြောင်းကြံကြောင်းကို ဘယ်သူမှ မသိမှာ ဖြစ်ကြောင်းလည်း ရှင်းပြလိုက်တယ်လေ။
ဒါကြောင့် အဆိပ်ဆေးရသွားတဲ့ ချွေးမဖြစ်သူဟာ နေ့တိုင်း သူ့ယောက္ခမစားတဲ့ ထမင်းတိုင်းမှာ အဆိပ်ကို ထည့်ပါတယ်။
ဒီတော့ အဆိပ်ထည့်တဲ့ ကာလ အတွင်းတော့ အဆင်ပြေအောင် ပေါင်းရမယ်ဆိုပြီးတော့ ကောင်းမွန်စွာ ပြောဆိုဆက်ဆံပါတယ်။
ဒီလိုနဲ့ ပြောဆိုဆက်ဆံမှု ယဉ်ကျေးပြီး အလျော့ပေးတတ်တဲ့ ချွေးမကြောင့် ယောက္ခမလည်း ပြောင်းလဲ လာပါတယ်။ တဖြည်းဖြည်း အကောင်းမြင်ပေးတတ်လာပြီး အတ္တတွေနည်းလို့ အဆင်ပြေလာကြပါတယ်။
ပတ်ဝန်းကျင်မှာလည်း ချွေးမ လိမ္မာကြောင်း တော်ကြောင်းကို သတင်းကောင်းများ ပြောလေ့ ရှိပါတယ်။
ဒါကြောင့်မို့ သူတို့ မိသားစုလေးဟာ အတော်လေး သာယာပြီး အဆင်ပြေစွာ နေလာခဲ့ကြပါတယ်။
ဒီတော့ အဆိပ်ခက်မိတဲ့ ချွေးမလုပ်သူဟာ နောင်တရမိနေသတဲ့။
ဒါကြောင့် ချွေးမဖြစ်သူဟာ သူ့အဖေထံ ပြန်သွားပြီး လက်ရှိ ခက်ထားတဲ့ အဆိပ်ကို ပြေအောင် လုပ်နိုင်တဲ့ ဆေးပြန်ပေးပါလို့ တောင်းဆိုတော့တာပေါ့။
ဒါနဲ့ အဖေက ပြန်ဖြေပါတယ်။
"ငါ့သမီးကို ပေးလိုက်တာ အဆိပ်မဟုတ်ပါဘူး။ နေ့စဉ် ကျန်းမာစေဖို့ အားဆေးပါဝင်တဲ့ ဗီတာမင် ဆေးတွေပါ။ သမီးရဲ့ စိတ်ထဲမှာ ယောက္ခမအပေါ်မှာ ကိန်းအောင်းနေတဲ့
"အာဃာတ"ဆိုတဲ့ အဆိပ်ကိုသာ အဖေ ဖယ်ရှားပေးလိုက်တာပါ" တဲ့ ။
လောကကြီးမှာ
လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ
ဟိုလူမကောင်းဘူး၊ ဒီလူ မကောင်းဘူးလို့
ပြောနေမယ့် အစား
အရင်ဆုံး ကိုယ်ကိုယ်ကို ကောင်းအောင်
အရင်ပြောင်းလဲ ကြည့်လိုက်ပါလို့ တိုက်တွန်းရင်း တဆင့် ပြန်လည် မျှဝေပေးလိုက်ပါရစေ....။🤓🤓🤓
Crd#
#တာဇဲ
မျှဝေသည်။
Comments
Post a Comment