မှားပါတယ်။            
😂😂😂
ကချင်ပြည်နယ် ဂျာမိုင်းကောင်းရွာကချာတိတ်‌လေးတစ်ယောက်နဲ့
မွန်ပြည်နယ် စစ်တောင်းမြစ်ကမ်းနဘေးရွာတစ်ရွာက
ချာတိတ်မလေးတစ်ယောက်ဟာ 
 ရန်ကုန် မြို့မှာ တွေ့ဆုံချစ်ကြိုက်ပြီး ညားကြတယ်လေ။

တစ်ဖက်နဲ့ တစ်ဖက် မိဘတွေကိုလည်း မမြင်ဘူးကြဘူးဆိုပါတော့။

တစ်နေ့မှာ ကောင်မလေးဘက်က စာတစ်စောင်ရောက်လာတယ်။

သို့

သမီး  

ခွေးပု နေမကောင်းဖြစ်နေတယ်။
ရွာမှာလည်း ဆရာဝန် ကောင်းကောင်းမရှိတော့ အခက်တွေ့နေရတယ်။ သမီးအသိဆရာဝန်ရှိရင် ရွာက်ို လွှတ်ပေးပါလား။

                                         အေမ

ဒီတော့ ကောင်မလေးက ညည်းတာပေါ့။

"အမေကလည်းလေ…ဒုက္ခပါပဲ …အသိဆရာဝန် ဘယ်လိုလုပ်ရှိမှာတဲ့လဲ"

ကောင်လေးက ပြန်ပြောလိုက်တယ်။

"မိန်းမရေ…ငါနဲ့ ကျောင်းအတူတက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ဆရာဝန်ဖြစ်နေတယ်…သူ့ကို အကူအညီတောင်းကြည့်ပေးမယ်"

"ရပါ့မလား ယောင်္ကျားရယ်"

"ရမှာပါဟ"

ဒါနဲ့ ညနေပိုင်းရောက်တော့  
ကောင်လေးပြန်လာပြီး ပြောတယ်။

"မိန်းမရေ…ငါ့သူငယ်ချင်းဆရာဝန်က 
 ဒီညကားနဲ့ သွားပေးမယ်တဲ့"

"ဟုတ်လား ဝမ်းသာလိုက်တာရှင်"

နောက်နှစ်ရက်လောက်နေတော့  
ကောင်မလေးက ဒေါကြီးမောကြီးနဲ့  
ကောင်လေးက်ို ပြောပါရော။

"ရှင်နဲ့ကျမ မပေါင်းနိုင်တော့ဘူး…အခုကွာပေး"

"ဘာ …ဘာဖြစ်လာတာလဲ မိန်းမရယ်"

"ဘာဖြစ်ရမလဲ…ရှင့်ကို ဆရာဝန်ပင့်ခိုင်းတဲ့ကိစ္စလေ"

"အေးလေ…ငါ့သူငယ်ချင်းကို လွှတ်လိုက်တာပဲ"

"ရှင့်သူငယ်ချင်းက တိရိစ္ဆာန်ဆရာဝန်ဆို!… …"

"ဟုတ်တယ်လေ…မိန်းမပဲ ခွေးပုကို  
ဆေးကုဖို့ ဆရာဝန်ပို့ချင်တယ် ပြောပြီးတော့"

"အဲဒီခွေးပုဆိုတာ ကျမအဖေရှင့်"

"ငှင်"
🤣🤣🤣🤣🤣

Credit- -Mg Mg ( Doctor Story )
Photo- -ရီဇော်

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့