လူတစ်ယောက်ဟာ ရှော့ပင်းမောထဲ ဝင်လာတယ် 

သူ့ဘောင်းဘီဇစ် ပွင့်နေတာကို မြင်တဲ့ အသက်ခပ်ကြီးကြီး အရောင်းစါရေးမ(အိမ်ထောင်သည် ဖြစ်ဟန်တူရဲ့)က 
ရှင့် ရဲတိုက်တံခါး ပွင့်နေတယ်လို့ သတိပေးတယ် 

ဒီလူဟာ စါရေးမ ပြောတာကို နားမလည်တော့ ကြောင်တောင်တောင်နဲ့ ဟိုကြည့်သည်ကြည့် လုပ်ရင်း သူလိုချင်တဲ့ ပစ္စည်းတွေ လိုက်ရှာဝယ်နေတယ် 

ဒီအချိန်မှာ သူ့လိုဘဲ စျေးဝယ်နေသူတစ်ယောက်က မြင်တော့ အနားနားကပ်ပြီး 

"ဟေ့လူ ခင်ဗျား ဘောင်းဘီဇစ် ပွင့်နေတယ်"လို့ တိုးတိုးလေး ကပ်ပြောတယ် 

ဒီလူဟာ သူ့ဘောင်းဘီဇစ်ကို အမြန် ပြန်ပိတ်လိုက်တယ် 

တဆက်တည်းမှာဘဲ သူ ဝင်လာကာစက အရောင်းစါရေးမ သတိပေးတာကို သဘောပေါက် သွားတယ် 

သူဟာ လူပျော်လူနောက် ဖြစ်လေတော့ အပြန်မှာ အရောင်းစါရေးမကို သတိပေးတာ ကျေးဇူးတင်ကြောင်း ပြောရင်းနဲ့ 
သူက စ လိုက်တယ် 

"ခင်ဗျား အခုနက ကျနော့်ရဲတိုက်တံခါး ပွင့်နေတာ တွေ့တုန်းက အထဲမှာ ကျနော့် ရဲဘော် သတိဆွဲရပ်နေတာ မြင်သွားသေးလား" လို့ မေးလိုက်ပါတယ် 

အရောင်းစါရေးမက 

"ဟင့်အင်း စစ်ပြန်ရဲဘော်အိုကြီး ကျောပိုးအိပ် ၂လုံးပေါ် ငုတ်တုတ်ထိုင် ငိုက်နေတာဘဲ မြင်တယ်"တဲ့

Credit:

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့