ညဘက် အလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့
နောက်မှာ လူတစ်ယောက်ကပ်ပါလာတယ် ။
ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ် ။
ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ် ..
ကောင်မလေးက ဖြတ်ထိုးဉာဏ်သုံးပြီး ဂူတစ်ဂူရှေ့ရပ်လိုက်တယ်။

အဲ့ဒီ့နောက် ဂူကိုလက်နဲ့ပုတ်ပြီး " အဖေ .. အဖေ .. သမီး ပြန်လာ
ပြီ တံခါးဖွင့်ပေးအုန်း " လို့ပြောလိုက်တယ် ။
နောက်မှာကပ်ပါလာတဲ့ လူက စကားကြောင့် ကြောက်လန့်ပြီး
ထွက်ပြေးသွားခဲ့တယ် ။ ထွက်ပြေးသွားတဲ့ လူကိုကြည့်ပြီး ...
ကောင်မလေး ရယ်မိတယ် ။"သမီးကလဲ .. သော့ယူသွားဖို့
မေ့ခဲ့ပြန်ပြီလား ! " အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ
ထွက်ပြေးခဲ့ရတယ် ။

ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ
ဂူဖောက်ထွင်းတဲ့ သူခိုး တစ်ယောက်ထွက်လာတယ် ။ 
သူခိုးက "ငါ့ အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ 
မှတ်လောက်သားလောက်အောင် ခြောက်ပြစ်ရမယ် " ဆိုပြီး
ရယ်နေခဲ့တယ် ။

သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကို ကိုင်ပြီး
ရပ်နေတဲ့ အဘိုးအို တစ်ယောက်ကို တွေ့လိုက်တယ် ။
သူခိုးက " အဘိုးကြီး .. ခင်ဗျား ဘာလုပ်နေတာလဲ " လို့မေးတော့ 
အဘိုးအိုက " တောက် .. ဒီလူတွေ ငါ့နာမည်ကို မှားအောင်
ရေးကြတယ်ကွာ " လို့ ပြောလိုက်တယ် ။

အဘိုးအို စကားကိုကြားပြီး သူခိုး ထွက်ပြေးသွားခဲ့တယ် ။
ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟား ဟား နဲ့
ရယ်နေခဲ့တယ် ။ အဘိုးအိုက " ငါ့ စားကျက်ကို လုချင်တဲ့ကောင်
မှတ်လောက်အောင် ဆုံးမရမယ် " လို့ ရေရွတ်လိုက်တယ် ။
ရေရွတ်သံ မဆုံးခင်မှာ လက်ထဲက သံတူရွင်း မတော်တဆ
ပြုတ်ကျသွားတယ် .... ။

တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့ ချုံထဲကနေ
လက်တစ်ဖက်နဲ့အတူ " ဘယ်က ကောင်လဲကွ .. ငါ့မှတ်တိုင်ကို
လျှောက်ဖြတ်နေတာ " ဆိုတဲ့ အသံထွက်လာတယ် ။ အဘိုးအို
ကြောက်လန့် တကြား ထွက်ပြေးသွားခဲ့ ရပြန်တယ် ။

အဘိုးအို ထွက်ပြေးသွားပြီးနောက် သံတိုသံစကောက်တဲ့
လူတစ်ယောက် ချုံထဲကနေ ထွက်လာတယ် ။
အဲဒီ လူက မြေပေါ်ကျနေတဲ့ သံတူရွင်းကို ကောက်ပြီး
" သံတူရွင်း ရလည်း မဆိုးပါဘူး " ဆိုပြီး ထပြန်သွားတယ် ...

အဲ့အချိန်မှာပဲ .... အဲ့ဒီ့ အဖြစ်အပျက်တွေကို 
" ဖတ်လိုက်ရတဲ့ ရုပ်ဆိုးဆိုးနဲ့ သရဲက " ပြုံးနေလေ သတဲ့ ... 😁

Credit to original writer.

Comments

Popular posts from this blog

ချောတယ်လို့