"သဲ ... "
"ဖြန်း ... "
ကျုပ်ဖြင့်ဘာမှမလုပ်ရသေးဘူး ... နာမည်ခေါ်ရုံလေးနဲ့ဗျာ
ပါးကိုရိုက်ချလိုက်တာ အီစိမ့်သွားတာပဲ
"ကိုကိုကြက် ဘာလုပ်လို့လဲကွာ "
"တောင်းပန်ပါတယ် ကိုကိုကြက်ရယ် ...
မရိုက်လို့မရလို့ပါ "
"အွန့် ... "
ကျုပ်မှာ မျက်ရည်လေး လည်တယ်တယ်နဲ့ စွံ့အပြီး
ကျန်ခဲ့တယ် ... ။ မရိုက်လို့မရလို့တဲ့ ... ။
ရှိစေတော့လေ အကြောင်းရှိလို့ဖြစ်မှာပဲဆိုပြီး နှစ်သိမ့်ရ
အောင် စိတ်ကူးလိုက်တယ် ။
"သဲရေ ... "
"ဖြန်း ... "
တင်းပြီလေ ... ။
ဂန်းနာမ ဘာမပြောညာမပြောနဲ့ ပါးချည်းလှိမ့့်ရိုက်နေတာ။
ကော မလို့ စိုက်ကြည့်လိုက်တယ် ... ။
"အဲလိုမကြည့်ပါနဲ့ ကိုကိုကြက်ရယ် မရိုက်လို့မရလို့ပါ "
"အှိ ... "
ဒေါသထွက်ရမယ့်လူက ဟိုလိုဒီလိုနဲ့
ဒေါသကြီးက ပြူတစ်တစ်ဖြစ်နေတာပေါ့
စိတ်တိုတာနဲ့ ဘာမှမပြောပဲ တစ်ဖက်လှည့်နေလိုက်တယ်
"ကိုကိုကြက် မကျေနပ်ရင် သဲကိုပြန်ရိုက်ပါ
နော် ... "
"ဟွင်း ... "
"လာပါ... ရိုက်လိုက်ပါ ရိုက်ရိုက် "
ကျုပ်လက်ကိုပါဆွဲပြီး သူ့ကိုရိုက်ပေးနေတာ
အဲလောက်ဆို ကိုယ်တွေကပျော့ပြီလေ ... ပျော့တာမှ
ပြဲလို့ ...
"ဪ ... သဲရယ် "
"ဖြန်း "
"အုမ့္ "
များသွားပြီ ... ။
နားကျောတွေပါ ကျင်တက်လာတယ် ... ။
သုံးချက်လေဗျာ ... စဉ်းစားကြည့် ။ ငတိမကို ပြန်ရိုက်ဖို့
ထက် သတ်ပစ်ချင်လာတာ ... ။
"ဘာလို့ အဲလောက်ရိုက်နေတာတုန်း "
"စိတ်မဆိုးပါနဲ့ ကိုကိုကြက်ရယ် ... ရတယ် မကျေနပ်ရင်
သဲကို ပြန်ရိုက်ပါ ။ သဲရိုက်တယ်ဆိုတာ
အားလုံးကောင်းဖို့ပါ "
"ငှါ ... "
"သဲပြောပြလို့ရပါပြီ ... ပြောပြမယ်နော် "
"ပြောစမ်း "
"သဲ ဒီလထဲမှာကံနိမ့်နေတယ်တဲ့ ... အဲဒါဗေဒင်ဆရာက
အညံ့ပျောက်ချင်ရင် ကိုယ့်ချစ်သူရဲ့ပါးကို ခပ်ဖွဖွရိုက်ပါတဲ့ "
"ဖာ့ခ် ... ခပ်ဖွဖွတဲ့လား "
သေနာမ ... ခပ်ဖွဖွသာပြောတယ်
မကျေနပ်ချက်တွေစုထားလား မှတ်ရတယ် ... နားကျော
တွေပါ ကျင်လာတာပါဆို အဟုတ် ။
"သုံးချက်ပြည့်မှ ပြောဆိုလို့ပါ "
"လာ ... အဲဒီဗေဒင်ဆရာဆီသွားမယ် "
ငတိမကို ခေါ်ပြီး အဲ့ဆရာဆီချက်ချင်းထသွားလိုက်တယ် ။ဗေဒင်ဆရာဘဝများ
ငယ်ငယ်က သူ့အမေနို့မထွက်လို့ အိမ်ဘေး
ရှိနာမည်ကျော်ဗေဒင်ဆရာမ ETနို့စို့ပြီး အကြား
အမြင်ရလာတာတဲ့ဗျာ...
ရောက်တာနဲ့ ဗေဒင်ခဆိုပြီး သောင်းငါးထောင်ပစ်ပေးလိုက်တယ် ။
"ကျုပ်အညံ့ဝင်နေလို့ ယတြာပေးပါလား "
မျက်လုံးမှိတ်ပြလိုက်တယ် ။ ငတိက သဘောပေါက်ပါတယ်
ကျုပ်ပါးက သိသိသာသာ ရောင်နေပြီကိုး ။
"အညံ့ပျောက်ချင်ရင် ... မင်းရဲ့ချစ်သူကို
နားရင်းကို ကိုးချက်ဆင့်အုပ် .. အုပ် "
ဗေဒင်ဆရာတောင် စကားမဆုံးဘူး ... ငတိမ
ပြေးတာဆိုတာ မှုံနေတာပဲ ဖမ်းချိန်တောင်မရဘူး ... ။
လုပ်ချင်တာလုပ်သွားပြီး အိမ်ဖက်တောင်ခြေဦးလှည့်မလာဘူးလေ
နေနှင့်ဦးပေါ့ကွာ စိတ်ပြေတယ်ထင်ပြီးပြန်လာမှ ... ... ...
ကတောက်စ်!!!
Credit NM
ဖြန်း
ReplyDeleteအမယ်လေး
ReplyDeleteOh.
ReplyDelete🙄🙄🙄
ReplyDelete