ဦးမဲလုံး ဒေါသ ထွက်နေတယ် .
သူသားခြောက်ယောက်စလုံးကို တန်းစီခိုင်းပြီး စစ်
မေးတယ် .

"အိမ်သာကို တွန်းလှဲတာ ဘယ်သူလဲ.."

ဘယ်သူမှပြန်မဖြေဘူး ထပ်မေးတယ် .

"အိမ်သာကို တွန်းလှဲတာ ဘယ်သူလဲ.."

ဒါလဲ ဘယ်သူမှ ပြန်မဖြေဘူး ..

ဆိုတော့ မဲလုံးက ဆက်ပြောတယ် ..

"မင်းတို့ကို ဟိုဘက်အိမ်က မောင်ကျေးညို
လေးအကြောင်း ပြောပြမယ်..တခါက
အဲဒီ မောင်ကျေး ညို လေးဟာ သူအိမ်ရှေ့က .
တမာပင်ကို ဓားနဲ့ ခုတ်လှဲ ပစ်တယ် သူအဖေက
ဘယ်သူခုတ်တာလည်းလို့ မေးတော့ .မောင်ကျေး ညို
လေးက သူခုတ်တာပါလို့ အမှန်အတိုင်း ဖြေလိုက်တယ်အဲလို အမှန်ပြောတော့ သူအဖေက မရိုက်ဘူးကွ .."

ပြီးတော့ ခုနက မေးခွန်းကို ပြန်မေးတယ် .

"အိမ်သာကို ဘယ်သူ တွန်းလှဲပစ်တာလဲ .."

အဲဒီမှာ တတိယ အငယ်ဆုံးသားက ပြန်ဖြေတယ်

"ကျနော် တွန်းလှဲတာပါ .."

ဆိုတော့ ဦးမဲလုံးက အဲဒီသားကို ဆွဲထုတ်ပြီး ရိုက်ပါ
လေရော ..

သားလေးက ငိုရင်း နဲ့မေးတယ် .

"ကျေး ညို အပြစ်လုပ်တယ် အမှန်ကို သူဝန်ခံတယ်
သူအဖေ မရိုက်ဘူး..ကျနော်အပြစ်လုပ်တယ်
အမှန် ဝန်ခံတယ် ကျနော့်ကိုအဖေရိုက်တယ် .."

ဒီတော့ ဦးမဲလုံးက ပြန်ပြောတယ် ..

"ကျေးညို တမာပင် ခုတ်လှဲတုန်းက သူအဖေက
တမာပင်ပေါ် ငုတ်တုတ် ထိုင်မနေဘူး ကွ" ...တဲ့ .. :p.:p

သန်၄ကို
credit- Original Writer✍️👸
မိုးမခ

Comments

Popular posts from this blog

ချောတယ်လို့