" ကျမ မလိမ်ပါဘူး သူကြီးရယ် ဒါ ကိုရွှေနဲ့ရတဲ့ ကိုယ်ဝန်စစ်စစ်ပါ "

" ဟားဟား .. မိအေးရယ်မင်းကငါ့ကို အပိုင်ဖမ်းချင်တာပေါ့လေ ဟက်လား "

" ရှင်မယုတ်မာနဲ့နော် ရှင်နဲ့ရည်းစားဖြစ် နေတာလည်း တရွာလုံးသိတယ် ကျမအဲဒီနေ့က ရှင့်အလိုကို တခါလေးလိုက်မိတာ မှားသွားဘီ"

" သူကြီးရေ ကျုပ်
ဒါတွေကိုကြိုသိလို့ အဲဒီနေ့က အကာအကွယ်
သုံးခဲ့တာ ကျုပ်အသိဆုံးပါ "

သူကြီး စဉ်းစားရ ကြပ်သွားသည်။
ထို့နောက် ငရွှေ့ကို စကားဆက်စေသည်။

" ငရွှေ.. ဆက်ပြောစမ်း မင်းဘယ်လို အကာအကွယ်သုံးခဲ့တာလဲ " 

" ဒီလိုပါ သူကြီး .. အဲဒ်ီနေ့က မိအေးနဲ့မတွေ့ခင် 
ကျုပ်မြို့ကိုတက်သွားပါတယ် " 

" ဟုတ်ပီ " 

" မြို့ရောက်တော့ ဆေးဆိုင်ကိုသွားပါတယ် 
ဆေးဆိုင်ရောက်တော့ အမျိုးသမီးတစ်ယောက်က 
ဘာလိုလဲ ဆိုပီး ကျုပ်ကိုလာမေးပါတယ် " 

" အဲဒီတော့ " 

" အာ့နဲ့ ကျုပ်ကလည်း မပြောတတ်တော့ 
မိန်းမနဲ့ အဝွာပြုရင် ဗိုက်မကြီးအောင် သုံးတဲ့ဟာ
လို့ ပြောလိုက်တော့ " 

" ဟင် .. မင်းကို ဆေးဆိုင်က ဆဲမလွှတ်လာဘူးလား " 

" ဆဲတာပေါ့ သူကြီးရယ် ဘယ်ပြောကောင်းမလည်း 
ဒါပေမဲ့ ကျုပ်လိုချင်တာတော့ ပေးလာတယ်လေ " 

" ရိုက်မခံရတာ ကံကောင်း " 

" ရိုက်ခံရပါတယ် သူကြီး .. "

" ဘာလို့ "

"ဒါကို ဘယ်လိုသုံးရလည်း မေးလိုက်တာ
 ဝိုင်းရိုက်ကြပါလေရော " 

"ခြီး" 

ငရွှေ၏ စကားဆုံးသွားသောအခါမှ သူကြီးက
မိအေးဖက်သို့ လှည့်ပြီး 

" မိအေး .. သူအကာကွယ် သုံးခဲ့တယ်ဆိုတာ 
ဟုတ်လား " 

မိအေး ဘာမှ ပြန်မပြောနိုင်ပဲ
ခေါင်းလေးသာ ညိမ့်နိုင်တော့သည်။

" ဒါဆို သူကြီးယုံပီမလား ဒါကျုပ်နဲ့ ရတဲ့ကိုယ်ဝန်
လုံးဝ မဟုတ်ဘူးဆိုတာ သေချာနေပီ " 

"အင်း .. စဉ်းစားရကြပ်နေဘီကွ ဒါနဲ့နေပါအုံး 
မင်းက အကာကွယ်ကို ဘယ်လိုသုံးတာလည်း "

" အဲဒီနေ့က ကျုပ်ရွာပြန်ရောက်ရောက်ချင်းပဲ
မိအေးဆီသွားလိုက်တယ်လေ .. ရောက်တာနဲ့ 
ဆေးဆိုင်က ပေးလာတဲ့ ဗူးကို ဖောက်ကြည့်တော့ 
ပူစီပေါင်းလိုဟာမျိုး ထွက်လာတယ် "

" အင်း .. ဆက်ပြော " 

" အာ့နဲ့ ဖောက်ပြီး စွပ်ပေးလိုက်တယ် " 

" ဘယ်နားလဲ " 

" မိအေးခေါင်းမှာ စွပ်လိုက်တာပါသူကြီး 
အရမ်းအသုံးဝင်တာပဲ သူကြီးရယ် 
မိအေး အသံတောင်မထွက်နိုင်ရှာဘူး "

သူကြီး ဓားနှင့်လိုက်၍ ငရွှေတယောက် ရွာပြင်ပြေးရလေတော့သည်။ 
အံသွပ😂😂

မစိန်သောင်း

မနှစ်က အဟောင်းလေးပါ....😁😁😁

#Crd...

           #Kokolin

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့