#တန်ဖိုး
==================
ဝါးရုံတစ်ခုထဲမှာရှိတဲ့ ဝါးနှစ်ချောင်းပါ။
တစ်ချောင်းက ပုလွေ ဖြစ်သွားပါတယ်။
နောက်တစ်ချောင်းက အဝတ်လှန်းတဲ့ တန်း ဖြစ်သွားပါတယ်။
အဝတ်တန်းဝါးက မကျေမနပ် ပုလွေကိုလှမ်းမေးပါတယ်။
ငါတို့က ဝါးရုံတစ်ခုထဲဖြစ်ရဲ့သားနဲ့
ငါက လေထဲမိုးထဲနေရပြီး ဘာမှတန်ဖိုးမရှိဘူး။
#မင်းကျတော့တန်ဖိုးမြင့်နေတာကဘာ့ကြောင့်လည်း???
ပုလွေ ပြန်ဖြေလိုက်တာက-
မင်းက ဓါးတစ်ချက်ပဲ အခုတ်ခံရတယ်။
ငါက ဓါးအချက်ပေါင်းများစွာ အခုတ်ခံရပြီးမှ
လက်ရာမြောက်စွာ တန်ဖိုးထားခြင်းခံရတာလေ။
အဲ့ဒီတော့မှ အဝတ်တန်းက နှုတ်ဆိတ်သွားပြီး တစ်ခုတွေးလိုက်မိတယ်။
သြော် #တန်ဖိုးမြင့်နေတဲ့သူတိုင်းက
#ဒဏ်ရာပေါင်းများစွာအလူးအလဲခံခဲ့ရတာပါလားလို့ပေါ့။
လူ့ဘဝ ဆိုတာလည်း ဒီလိုပါပဲ
*အခက်အခဲအတားဆီးများစွာကျော်ဖြတ်ရတဲ့ ဒဏ်
#နားလည်ပေးနိုင်သူမရှိလို့_အထီးကျန်ဆန်တဲ့ဒဏ်
*ဝိုးတဝါး အခြေနေအောက်မှာ တာဝန်ယူရတဲ့ ဒဏ်
#ဘဝပေးကံကြမ္မာကြောင့်_တွေ့ဆုံကွေကွင်းရတဲ့ဒဏ်
#ဒဏ်ပေါင်းစုံကို_အပြုံးနဲ့ရင်ဆိုင်ဖြေရှင်း #ကျော်လွှားနိုင်ပါမှဘဝကတန်ဖိုးရှိမှာပါ။
ဒါ့ကြောင့်မို့ သူများတွေ အောင်မြင်နေတာ တွေ့ရရင်မနာလို ဝန်တို မဖြစ်မိပါစေနဲ့
သူ့မှာ ပေးဆပ်ထားရတာ ပိုများလို့ပါ။
#OneDay
#Crd
Comments
Post a Comment