ဘဲဥ
====
ရာဇာ ဒီနေ့ မိန်းမဖြစ်သူ မမမိုး နဲ့ရ န် ဖြစ်တယ်။
ဖြစ်ရတဲ့ အကြောင်းက သူ့မိန်းမ မမမိုးက ဘဲဥဟင်း နေ့တိုင်းချက်လို့
သူကလည်း အလုပ်မယ်မယ်ရရ မရှိ။
အိမ်က မွေးထားတဲ့ ဘဲအုပ်ကို ကျောင်းတဲ့အလုပ်ပဲ လုပ်တာ။
အရက်လေးကလည်း ကြိုက်တော့ညညသောက်တယ်။
ဒါကို မိန်းမလုပ်သူက မကြည်ဘူး။
ဒါကြောင့် အခုတလော နေတိုင်း ဘဲဥဟင်းတွေပဲ လှိမ့်ချက်နေတာ။
ညနေက ထမင်းစားရင်း အပြောင်းအလဲ လေးချက်ဖို့ပြောတော့ ထ ရန်ဖြစ်ကြတယ်။
ဒါကြောင့် စိတ်ညစ်ညစ်နဲ့ ဒီညနေ ကျော်စန်းတို့ ကွီးစိုင်းလွှမ်းဘုန်းတို့နဲ့ ဂူဖြောင်းဘုံဆိုင်မှာဆုံဖြစ်တော့ ခါတိုင်းထက်ပိုသောက်လိုက်တယ်။
မူးမူးနဲ့ အိမ်ပြန်လာတော့ မိန်းမက အိပ်နေပြီ။
ရာဇာဗညားလဲ ခြင်ထောင် ထဲ ခေါင်းထိုး ဝင်ပြီး အိပ်ပလိုက်တယ်။
မိန်းမက အိပ်ချင်ယောင်ဆောင်နေ တယ် ထင်ပါတယ်။ လှုပ်တောင်မလှုပ်ဘူး
ဒါနဲ့ အိပ်ပျော်သွားတယ်။
.
.
.
ညလည်မှာ ရာဇာဗညား ရုတ်တရက်နိုးလာတယ်။ သူ့အိပ်ရာ မဟုတ်သလို ခံစားရတယ်။
ဘေးကို ကြည့်လိုက်တော့ လူတယောက် သူ့ကိုစိုက်ကြည့်နေတယ်။
စိတ်ထဲက အလိုလိုသိလိုက်တယ်။
ဒီလူက ယမမင်း ... ... ...
"ဟာ.. ကျနော်tayပြီလားဗျာ။" လို့ ရာဇာဗညား က သေချာအောင် မေးလိုက်တယ်။
"အေးပေါ့။ ဒီလောက် သောက်နေမှ တော့ tayပြီပေါ့။" လို့ ယမမင်းက ဖြေတယ်။
"ကျနော်မိသားစုတောင် သေသေချာချာ နှုတ်မဆက်ရသေးဘူးဗျာ။ ပြန်ပို့ပေးလို့ မရဘူးလား " လို့ စျေးဆစ်လိုက်တယ်။
ယမမင်းကလည်း " မင်း တအားပြန်ချင်ရင်တော့ ပြန်ပို့ပေးမယ်.. ဒါပေမဲ့ လူအဖြစ်တော့ ပြန်မရဘူး.. ဘဲအဖြစ်နဲ့ ပြန်ရင်တော့ ရမယ် "
.
.
.
ရာဇာဗညားလည်း ကြာကြာစဉ်းစားမနေဘဲ လက်ခံလိုက်တယ်။
ခဏအတွင်းမှာ သူဟာ သူ့အိမ်က ဘဲခြံထဲကို ပြန်ရောက်သွားတယ်။
အမွေးအတောင် ဖြူဖြူနဲ့ သူ့ဘာသာတောင် ကျေနပ်နေသေးတယ်။
ဒါပေမဲ့ သူ့ဗိုက်ထဲက တမျိုးဖြစ်နေတယ်။
အဲဒီမှာ သူ့ဘဲခြံထဲက ဘဲထီးကြီးရောက်လာပြီး "မင်းက အသစ်လေးလား" လို့မေးတယ်။
အဲဒီမှ သူသတိထားမိတယ်။
သူက ဘဲမ ဖြစ်နေတာကိုး။
" ဟုတ်တယ်...ဒီနေ့မှ ရောက် လာတာ... လောလောဆယ် ဗိုက်နာသလို ဖြစ်နေတယ်... " လို့ ဖြေလိုက်တယ်။
ဘဲထီးကလည်း " မင်း ဥ ဥချင်လို့ပေါ့ကွ... တခါမှ မဥဘူးလား... မကြောက်ပါနဲ့... သဘာဝအတိုင်း ဖြစ်သွားမယ်...စိတ်သာလျော့ထားလိုက် " ဆိုပြီး သူ့ရဲ့ ဘဲခေါင်းလေးကို သူ့အတောင်ပံနဲ့ ပွတ်ပေးနေတယ်။
.
.
.
သူလည်း ဘဲထီးကြီးအကြံအတိုင်း စိတ်ကိုလျော့လိုက်တော့ ခဏချင်းမှာ ပထမဆုံးဥကို ဥလိုက်တယ်။
ရင်ထဲမှာ ပီတိတွေ ဖြစ်လို့။
အော် မိန်းမတွေ ကလေးမွေးရင် ဖြစ်တဲ့ ပီတဆိုတာ ဒီလိုနေမှာလို့ ရာဇာဗညားက တွေးနေတယ်။
ဘဲထီးကြီးကလည်း သူခေါင်းကို အသာဆက်ပွတ်ပြီး "ကောင်းတယ် ဆက်ကြိုးစား... ဆက်ကြိုးစား" လို့ ပြောနေရှာတယ်။
.
ဒါနဲ့ ဒုတိယဥကို ဆက်ဥတယ်။
ဒုတိယဥက ပိုကြီးတယ်။
ပီတိအဟုန်ကလည်း ပိုကြီးတယ်။
သူဘာသာလည်း ကျေနပ်နေတယ်။
နောက်ဆုံး တတိယဥက အတော်ကြီးတယ် ထင်တယ်။
ရာဇာဗညား နည်းနည်းအားစိုက်ပြီးညစ်ရတယ်။
တတိယဥ ဥလိုက်ပြီးတဲ့အချိန်မှာ သူဟာ ဘဲအဖြစ်နဲ့ ပြန်လာရတာ အတော်မှန်တယ်လို့ စိတ်ထဲမှာ ကျေနပ်ပီတဖြစ်နေတုန်း ... ... ... ...
`` ဖြောင်း ....... ´´
နောက်ကနေ သူ့ခေါင်းကို ဖြန်းခနဲ ရိုက်ခံလိုက်ရပြီး...
.
.
.
.
.
.
.
.
.
.
.
.
.
.
tayချင်းဆိုးကြီး... ဒီအရည်တွေသောက်လာပြီး အိပ်ရာထဲ အီးတွေပါချနေတယ်... ရှင့်လိုလူမျိုး လူပြည်မှာ မရှိမှအေးမယ်" ဆိုတဲ့ အသံကြီးကို ရာဇာဗညား ကြားလိုက်ရပါတော့တယ်။
😂😂😂😂😂😂😂
(မြန်မာမူ့ပြု ဘာသာပြန်သည်။)
Linn Linn HtetOo
ပြန်လည်၍ဝေမျှပေးပါသည်။
#Argyi 28-7-2019
ဥဘဲ
ReplyDeleteရယ်စရာလေးတွေကောင်းတယ်
ReplyDeleteNice .
ReplyDelete🤣
ReplyDelete😃😃
ReplyDelete😂
ReplyDeleteကောင်းခန်းရောက်နေတုန်း 😆
ReplyDelete😂😂😂
ReplyDelete😂
ReplyDeleteVeegar is Here
ReplyDelete