တစ်ခါက လင်မယားနှစ်ယောက်ရှိသတဲ့။
အသက်အရွယ်ကြီးလာပြီဖြစ်တဲ့အတွက်
ယောက်ျားဖြစ်သူက 
သူ့မိန်းမ နားမကောင်းတော့ဘူးလို့ 
သံသယဖြစ်မိသတဲ့။
သူပြောလိုက်တဲ့စကားတွေကို 
မကြားသလိုလို
ပြန်မပြောသလိုလိုဖြစ်နေတဲ့အတွက် 
မိသားစုဆရာ၀န်နဲ
တိုင်ပင်ကြည့်ရတာပေါ့။
ဆရာ၀န်ကတော့ 
အကြံတစ်ခုပေးပါတယ်။
ခင်ဗျားမိန်းမရဲ့ 
အကြားအာရုံကို စမ်းသပ်ြုကည့့်ပါပေါ့။
ပထမ ပေ ၄၀ လောက်အကွာကနေ 
ပုံမှန်ပြောနေကျလေသံနဲ့ 
တစ်ခုခုလှမ်းမေးလိုက်ပါ။
သူပြန်မပြောဘူးဆိုရင်
ပေ၃၀ ကနေပြော၊
အဲဒါတောင်မကြားသေးဘူးဆိုရင် 
တဖြည်းဖြည်းအနားကပ်ပြီးပြောကြည့်ပေါ့။
.
အဲဒီလိုနဲ့ညနေခင်း
သူ့မိန်းမ ညစာချက်နေတဲ့အချိန်မှာ 
ပေ ၄၀လောက်ဝေးတဲ့ အိမ်ရှေ့ကနေပြီးတော့
” မိန်းမရေ ညစာဘာဟင်းချက်လဲ” လို့မေးပါတယ်။
သူ့မိန်းမဆီက ဘာအသံမှမကြားရပါဘူး။
ဒါနဲ့ ပေ၃၀ လောက်ဝေးတဲ့ 
အိမ်လယ်ခန်းလောက်ဆီသွားပြီးတော့ 
ညစာဘာဟင်းလဲလို့မေးပါတယ်။
ဘာသံမှမကြားပါဘူး။
ဒါနဲ့ ပေ ၂၀ လောက်ဝေးတဲ့
လှေကားနားကနေ ထပ်မေးပါတယ်။
မကြားပါဘူး။နောက်တော့ စိတ်မရှည်တာနဲ့ 
မီးဖိုချောင်တံခါးနားကနေလှမ်းမေးပါတယ်။
ဘာမှမကြားပါဘူး။
သူကတော့ ငါ့မိန်းမတော့
တော်တော်နားပင်းနေပြီဟ ဆိုပြီးတော့
ဒေါသတွေထွက်နေပါတယ်။
နားနှာခေါင်းဆေးရုံကို ပို့ဖို့လိုနေပြီလို့ 
ထင်လိုက်ပါတယ်။
အဲဒါနဲ့ သူ့မိန်းမဘေးနားကို သွားပြီး 
ညစာဘာချက်လဲလို့ ပြောလိုက်ပါတယ်။
အဲဒီအခါသူ့မိန်းမက 
“ယောက်ျားရေ ရှင်ဘာဖြစ်နေတာလဲ 
ကျွန်မငါးခါစလုံး ကြက်သားချက်တယ်လို့
 ပြန်ဖြေတယ်လေ” လို့ပြောလိုက်ပါတယ်။
.
.
တစ်ခါတစ်လေမှာ 
ကိုယ်ကဖြစ်နေတာကို 
သတိမထားမိဘဲ 
သူများအပေါ်ကိုပဲ 
လက်ညိုးထိုးချင်နေတဲ့ 
စိတ်ဓါတ်လေးတွေကို
မြင်တွေ့ရမှာဖြစ်ပါတယ်။
.
လူသားအားလုံး 
နားလည်မှုရှိရှိနဲ့ 
ချစ်ခင်ကြင်နာနိုင်ကြပါစေ။
.
Credit : မောင်စိုင်း

#Online_Knowledge_Society

Comments

Popular posts from this blog

ချောတယ်လို့