" တရားဟောတာ ဘက်မလိုက် ပါနဲ့ "
😁😁😁😁😁😁😁😁😁😁😁😁😁
တစ်နေ့သ၌
ကျောင်းဒကာမ အပျိုကြီး မတင်ရွှေသည်
ဦးသာကျောင်းသို့ ဆွမ်းပို့ လာ၏ ။
တစ်ရွာထဲ လည်းဖြစ် ဆွေမျိုးနီးစပ်လည်း တော်သဖြင့်
ဦးသာတို့ ကျောင်းသို့ အရောက် အပေါက် များသလို
ရင်နီးမှုလည်း ရှိလေသည်။
မတင်ရွှေ ဆွမ်းကပ်ပြီးနောက် ဦးသာအား လျှောက်လေ၏ ။
" ဦးဇင်းတို့က တရားဟောတာ ဘက်လိုက်တယ် "
" ဟင် ဘာဖြစ်လို့လဲ ??? "
" ဘာဖြစ်ရ မှာလဲ ဦးဇင်းတို့ ဟောလိုက်ရင်
တစ်ခါ လာလည်း မိဘ ကျေးဇူး
တစ်ခါ လာလည်း မိဘ ကျေးဇူး
မိဘ ကျေးဇူး ဆပ်ရမယ်ပဲ ဟောနေတာ ... "
" အဲဒါ ဟုတ်တယ်လေ မိဘကျေးဇူး မကြီးဘူးလား..? "
" မိဘ ကျေးဇူးကြီးတာ ဟုတ်ပါတယ် ဘုရား
ဒါပေမယ့် မိဘ ဝတ္တရားလေးလည်း ထည့်ဟောပေးပါအုံးးး
ဘုရာ့ "
" ဘာဖြစ်လို့ တုန်း ဗျာ့ "
" ဘာဖြစ်ရ မှာလည်း ဘုရား
အပြင်က မိဘတွေက ရုပ်ရှင်တွေထဲက မိဘတွေလောက်
တာဝန် မကျေဘူး ဘုရာ့ "
" ဘကြောင့်တုန်း မတင်ရွှေရ ??? "
" ဟုတ်တယ်လေ ဦးဇင်းကလည်း
ရုပ်ရှင်ထဲမှာဆို သားသမီးတွေက
အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်မပြုရင်
မိဘတွေက စီစဉ်ပေးတယ်
အပြင်မှာကြတော့ အဲလိုလဲ မဟုတ်ဘူး ဘုရာ့ "
" ဟင် ..... "
" မဟင်နဲ့
ဦးဇင်းလည်း မိဘကျေးဇူးချည်းပဲ ဟောမနေနဲ့အုံးးး
မိဘ ဝတ္တရားလေး ဘာလေးလည်း ဟောပေးအုံးး
ဘုရားဟောထဲမှာ ပါတယ်လေ ဘုရာ့ ၊
မိဘဝတ်တရားငါးပါး
- မကောင်းမြစ်တား ၊ ကောင်းရာ ညွှန်လတ်၊
အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်
ဖခင်မယ်တို့တာ - ဆိုတာ ပါတယ်လေ ... "
" ပါ ပါ တယ် မတင်ရွှေ ... "
" အဲဒီထဲက နောက်ဆုံး ဝတ္တရား ဖြစ်တဲ့
ထိမ်းမြားခြင်းလျှင် - ကို
အကျယ်တ၀င့် ဟော ဟော ပေးပါ ဘုရား
အရှင်ဘုရားတို့ တရားဟောတာ ဘက်မလိုက်ပါနဲ့ "
" ဟုတ် ဟုတ် မလိုက်ပါဘူးဗျာ
အခွင့်အခါသင့်ရင် ဟောပေးပါ့မယ် "
" ဒါဆို တပည့်တော်ကို ခွင့်ပြုပါအုံး ဘုရား "
" ကောင်း ကောင်း ကောင်းပါပြီဗျာ "
မတင်ရွှေ သူလျှောက်ချင်တာ လျှောက်ပြီး
ငိုက်စိုက် ငိုက်စိုက်နှင့် ကျောင်းပေါ်မှ ဆင်းသွားတော့သည်။
#Credit Original Writer✍️👸
#Pink🌸
Comments
Post a Comment