ဖြတ်စာ
••••••••••
သို့/
အသက်တမျှ ချစ်ရပါသော နွယ်။
မင်း ဘယ်ပြန် ညာပြန် ရိုက်ခဲ့ဖူးတဲ့ မောင့်ပါး နှစ်ဖက်ကို
မေ့လိုက်ပါတော့။
တဖန် သနားစိတ်တွေ ဝင်ပြီး ပြန်နမ်းခဲ့ဖူးတဲ့ မောင့်ပါး
ညိုညိုညက်ညက်တွေကိုလည်း မေ့လိုက်ပါတော့နွယ်။
နွယ့်ကို တင်တောင်းဖို့ သိန်းငါးထောင် ရှာခိုင်းတဲ့ နွယ့်အမေကို
ပြောလိုက်ပါကွယ်။
သိန်းငါးထောင် ဘယ်လိုမှ မဖြစ်နိ ုင်တော့ပါဘူးလို့
မောင် အခု မြို့မှာ အလုပ်ရပြီလေ။
မစား မသောက် စုတာတောင် တစ်ရက်ကို ၃၆၀၀ ပဲ
ရပါတယ်လို့ နွယ့်မေမေကို ပြောပေးပါ။
မောင်တို့ဝေး ရပြီပေါ့ကွယ်။
မိန်းမကြောက်တဲ့ "မ ယ က" ကြီး နွယ့်အဖေကိုလည်း ပြောပေးပါ
မယက ဘဝမှ အမြန်ကျွတ်ပါစေလို့ ဆုတောင်းပေးတဲ့
အကြောင်းပေါ့ကွယ်။
မောင့်ကို အမြဲ ဂျိုကြည့် ကြည့်တတ်တဲ့ နွယ့် အစ်ကိုနဲ့
နွယ့်မောင်လေးကို လည်း ပြောပေးပါ
အရက်ကိုလျော့သောက်ပါလို့
အရက် အတုတွေ အရမ်းပေါတော့ ဘေးဖြစ်မှာ စိုးတယ်လို့။
မောင် နွယ့်ကို တွေ့ချင်လို့ နွယ်တို့အိမ် လာချောင်းတဲ့အခါ
အမြဲ မာန်ဖီတတ်တဲ့ အောင်နက်ကိုလည်း ဂရုစိုက်ပါ
ကျားစွယ် မှန်မှန် သွေးတိုက်လိုက်ပါကွယ်။
သိန်းငါးထောင် တင်တောင်းနိ ုင်တဲ့ အုပ်ချုပ်ရေးမူး သား
မောင်မောင်တုတ် ကိုသာ ယူလိုက်ပါတော့ကွယ်။
နွယ် ချမ်းသာရင် မောင်ကျေနပ်တယ်။
အော်
မောင်မောင်တုတ်တို့ လာပြီး တင်တောင်းတဲ့အခါ
ပိုက်ဆံကိုလည်း သေချာစစ်ဆေးပါ
ပိုက်ဆံ အတုတွေက ပေါတော့ နွယ့်အတွက် စိုးရိမ်မိတယ်။
အစုပ်အပြဲတို့ တိပ်ကပ်တို့လည်း သေချာစစ်ပါလို့
ဂုဏ်မက်တဲ့ နွယ့် အမေကို ပြောလိုက်ပါကွယ်။
ဥပုဒ်စောင့်ရင်း အတင်းပြောတတ်တဲ့ နွယ့် အဖွားကိုလည်း
ပြောပေးပါ
အတင်းပြောရင်း တရားရပါစေလို့။
အာဘောင်အာရင်း သန်သန်နဲ့ မသိ မသာရော
သိသိသာသာပါ ကြွားတတ်တဲ့ နွယ့်အဘိုးကိုပြောလိုက်ပါ
မသေမချင်း ကြွားနိ ုင်ပါစေလို့။
စကားပြောရင် ပါးစပ်ကို ဟဟပြီး ရွှေသွားကို ကြွားတတ်တဲ့
နွယ့် ကြီးတော်ကြီးကို ပြောလိုက်ပါ
ခန ခန ပါးစပ်မဟပါနဲ့လို့ သွားအအေးပတ်မှာစိုးလိုပါကွယ်။
နိုင်ငံတော်ကြီးကို သူပဲ တည်ထောင်ထားသလိုလိုနဲ့
နိုင်ငံရေးအကြောင်း ပြောတတ်တဲ့ နွယ့်ဘကြီးကို
မေးပေးပါ
သူသားအကြီးကောင် ထောင်က လွတ်ပြီလားလို့။
အို--စကားရိုင်းသွားရင် ခွင့်လွတ်ပါနွယ်
ဂုဏ်မက်တဲ့ နွယ့်တဆွေ တမျိုးလုံးကို ပြောလိုက်ပါ
ဂုံလျှော်တွေစားပြီး ဂုံနီအိပ်သာ ခြုံထားကြပါလို့။
မောင် အရမ်းဝမ်းနဲလို့ပါကွယ်
ဒီစာနဲ့အတူ မောင့်ရဲ့ ပထမဆုံးရတဲ့ လုပ်အားခ ၃၆၀၀
ကိုထည့်ပေးလိုက်တယ်။
မောင်မောင်တုတ်နဲ့ နွယ်တို့အတွက် မင်္ဂလာ လက်ဖွဲ့ပေါ့ကွယ်။
နွယ့်ကိုချစ်တဲ့ "မောင်".... 😥😁😁
#လေးစားစွာဖြင့်Creditပေးပါတယ်❣
Comments
Post a Comment