အိမ်ထောင်ကျသူ
-----------------
တစ်ညတွင် ဇနီးဖြစ်သူသည် အိပ်ရာကနိုးသည်ရှိသော် မိမိဘေးတွင် ခင်ပွန်းဖြစ်သူကို မတွေ့သောကြောင့် ခုတင်ပေါ်မှဆင်းပြီး အိမ်ထဲတွင် လိုက်ရှာသည်။

သူ့ခင်ပွန်းသည် ထမင်းစားခန်းထဲရှိ စားပွဲတွင်ထိုင်ပြီး ကော်ဖီတစ်ခွက်သောက်နေသည်။ 

သူက ကော်ဖီကို သောက်လိုက် ပြတင်းပေါက်က အပြင်ကို ငေးလိုက်၊ သက်ပြင်းကြီးချလိုက်၊ ခေါင်းရမ်းလိုက်နှင့် တဟင်းဟင်း လုပ်နေသည်။ 

ဇနီးသည်က ထမင်းစားခန်းထဲဝင်လိုက်ပြီး

“မောင် ဘာဖြစ်နေတာလဲကွယ်” ဟုမေးလိုက်သည်။ သူက စိတ်မပါစွာဖြင့်

“ကော်ဖီသောက်နေတာလေ” ဟုဖြေသည်။

“ညကြီးမင်းကြီး ကော်ဖီဆင်းသောက်ရတယ်လို့ ... ဘယ်လိုဖြစ်တာလဲ ... ဗိုက်ဆာလို့လား”

“မဟုတ်ဘူး ... ဒီနေ့ ဘာနေ့လဲ သိလား”

“ဘာနေ့မို့လို့လဲ”

“မင်းနဲ့ငါ စတွေ့တဲ့ နှစ် ၂၀ ပြည့်နေ့”

“ဟုတ်လား သတိမထားမိဘူး ... မောင်ကလေ မှတ်မိလိုက်တာနော်”

“မမှတ်မိလို့ရမလားကွယ် ... ဒီနေ့ကို ကောင်းကောင်း အမှတ်ရနေတာပေါ့”

သူ့ခင်ပွန်းကပြောရင်း မျက်ရည်တွေကျလာသည်။

“အို မောင်ရယ် ဘာဖြစ်လို့ငိုတာလဲကွယ် ... နှစ် ၂၀ ပြည့်ဆိုလည်း ဝမ်းသာရမယ်မဟုတ်လား”

“ဟိုး လွန်ခဲ့တဲ့ နှစ် ၂၀ က ... မင်းက ၁၆ နှစ် ... ငါက ၁၈ နှစ်နော်”

“ဟုတ်တယ်လေ”

ခင်ပွန်းဖြစ်သူက မျက်ရည်တွေကို သုတ်လိုက်ပြန်သည်။

“ဘာဖြစ်လို့လဲမောင်ရယ်”

“အဲဒီနေ့က မင်းတို့အိမ်ထဲက အခန်းထဲမှာ မင်းနဲ့ မောင့်ကို မင်းအဖေကြီးက ဖမ်းမိသွားတာလေ”

“ဟီ ... ဟီ ... အဲဒီညက ကျွန်မတို့လေ ... ဟီ ... ဟီ”

“မင်းအဖေကြီးက သေနတ်ကိုကိုင်လာပြီး ... မောင့်နဖူးတည့်တည့်ကို ချိန်ထားတာ မှတ်မိသေးလား”

“မှတ်မိတယ် ... ဟီ ... ဟီ ... ဖေဖေက စိတ်ဆိုးတာပေါ့ ... ကျွန်မနဲ့မောင့်မှာ အဝတ်တွေမှ မရှိတော့တာ”

“အဲဒီတုန်းက မင်းအဖေပြောတာ မှတ်မိသေးတယ်”

“ဘာလဲမောင်”

“မင်း ငါ့သမီးကို ယူမလား ... ထောင်ထဲမှာ နှစ် ၂၀ လောက် သွားနေမလားတဲ့”

“အင်းနော် ... ဖေဖေကအဲဒီလိုပြောတာ ... အဲဒါ ဘာဖြစ်လဲမောင်ရယ် ... ငိုစရာလား”

ခင်ပွန်းဖြစ်သူက မျက်ရည်ကို သုတ်လိုက်ပြီး

“အဲဒီအချိန်ကသာ ထောင်ထဲသွားမယ်လို့ပြောလိုက်ရင် ... ဒီနေ့ ငါ ... ထောင်က လွတ်ပြီပေါ့......”😁 😭

Credit


Comments

Popular posts from this blog

ချောတယ်လို့