ကလေးတဖက်နဲ့ မုန့်ဟင်းခါး ရောင်းနေတဲ့ ရည်းစားဟောင်းကို ရုတ်တရက် တွေ့လိုက်တဲ့အခါ….
စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး
တနေ့က သွားရင်းလာရင်း ဘီယာဆိုင်တစ်ဆိုင်ရောက်တော့ အရင်ရည်းစားဟောင်းနဲ့ပြန်တွေ့တယ် တွေ့တော့လည်း သူငယ်ချင်းလိုပါပဲ ညီမ အဆင်ပြေလား နေကောင်းလား ဘာညာပေါ့။
သူ အဆင်မပြေမှန်းတော့ ကျနော်သိတယ် ထမီကို ခပ်နွမ်းနွမ်းတီရှပ်အင်္ကျီအပေါ်ကနေ တင်းနေအောင်ဆွဲဝတ်ပြီး ဘီယာဆိုင်ရှေ့မှာ ကလေးတွဲလောင်းနဲ့ မုန့်ဟင်းခါးရောင်းနေတာကိုး။ သူ့ယောက်ျားကလည်း ရွှေတောဖက်သွားလိုက်ပြီး အဆက်သွယ်လည်းမရ ၊ ပိုက်ဆံလည်းမပို့တော့ ဝမ်းရေးကိုအဆင်ပြေသလို ဖြေရှင်းနေပုံရတယ် အဲဒါနဲ့ သူကလည်း သူ့အကြောင်းတွေပြော၊ ကိုယ်ကလည်း ကိုယ့်အကြောင်းတွေပြောရင်း မုန့်ဟင်းခါး တစ်ပွဲ ကုန်သွားတာတောင် မသိလိုက်ဘူး။
ပိုက်ဆံရှင်းမယ်လုပ်တော့ ရတယ်အစ်ကို ညီမကျွေးတာပါ တဲ့ အဲဒါနဲ့ မပြီးသေးဘူး ဒါက အစ်ကို့အမေအတွက်ဆိုပြီး ပါဆယ် တစ်ပွဲပါထပ်ထုပ်ပေးသေးတယ် မယူဘူးလို့ ပြောပြန်ရင်လည်း သူစိတ်မကောင်းဖြစ်မှာစိုးလို့ ယူခဲ့လိုက်ပါတယ်။ ဒါပေမဲ့ ကျနော်သူ မသိအောင် မုန့်ဟင်းခါးပန်းကန်အောက်မှာ တစ်ထောင်တန် တစ်ရွက်ထားပေးခဲ့ပြီး ခပ်သုတ်သုတ်ထွက်လာလိုက်တယ်။
ခဏကြာတော့ ကိုကြီးဆိုပြီး ကျနော့်နောက်ကို သူမ ပြေးလိုက်လာတယ် လက်ထဲမှာလည်း အထုပ်တစ်ထုပ်နဲ့ သူ့မျက်ဝန်းမှာလည်း မျက်ရည်စ အချို့ကို ကျနော်တွေ့နေရတယ်။ ကျနော့်ကို သေချာစူးစိုက်ကြည့်ပြီး သူ့လက်ထဲက အထုပ်ကို ကျနော့် လက်တွန်းလှည်းပေါ်တင်လိုက်တယ်။
ဘီယာဘူးခွံတွေပါ အစ်ကိုတဲ့ နောက်လည်း မကြာမကြာလာပါတဲ့ ညီမ အားတဲ့အချိန် ဘီယာခွံတွေ ရသလောက်စုထားပေးမယ်ဆိုပြီး ပြန်ပြေးထွက်သွားတယ်။
အစ်ကိုပြန်လာဖြစ်အုံးမှာပါ....။😢
#မရယ်ကြေး
Credit Original Writer
ဒီလိုပါဘဲ
ReplyDelete🤓🤓
ReplyDelete😁😁
ReplyDeleteခုအချိန်ပြန်တွေ့ကြရင် ကိုယ်လဲ အလုပ်လက်မဲ့🙂
ReplyDeleteသံယောဇဥ်တွေ
ReplyDelete😁😁
ReplyDelete