"လှတောနယ်က လင်မယား"
😁😁😁😁😁😁😁😁😁😁😁
လင်မယားနှစ်ယောက် ရန်ဖြစ်နေကြတယ်။
"ကောင်မ နင်က ရန်ကုန်လိုပဲ"
"ရန်ကုန်ဆိုတော့ ဘာဖြစ်လဲ"
"ရန်ကုန်ဆိုတော့ နင်က ဆန်ကုန်တာပဲ အဖတ်တင်တယ်
ဆန်ကုန်မြေလေးမ"
"အံမယ် ရှင်ကသာ မန္တလေး"
"မန္တလေးက ဘာဖြစ်လဲ"
"မန္တလေးဆိုတော့ အရမ်းဝေးတယ်ပြောတာ ။ ရှင့်ကို ငတုန်းလို့ပြောတာ"
"နင်ကသာ လူတကာငိုတဲ့ ပူတာအိုကောင်မရဲ့"
"ရှင်ကသာ စစ်မီးပွားနေတဲ့ မြစ်ကြီးနားအကောင်ရဲ့"
"အံမယ် ရှင်ကသာ မောင်တောလို အချောင်စားချင်သူ
တွေ လုပ်စားနေတာ"
"ဟေ့ နိုင်ငံရေးမပါနဲ့ ရန်ဖြစ်တာကွ။ ထောင်ထဲတော့
မသွားနိုင်ဘူး။ ငါက စစ်တွေလို အချစ်တွေပဲထားပြီး
မင်းကို တန်ဖိုးထားခဲ့တာကွ"
"သူကပြောရချည်သေး ။ ကျုပ်ကလည်း ပြွန်တန်ဆာလို
အနွံတာခံခဲ့ရတာ ရှင်သိရဲ့လား'
"မတာမ ငါ့ကို အဲ့လိုမနှိုင်းနဲ့။ ငါကလည်း နင့်ကို တပ်
ကုန်းလို ငတ်ပြီးရုန်းခဲ့ရတာ နင်သိလား"
"သိဒယ် သိဒယ် ရှင်က တောင်ကြီးလို … …တောင်ကြီး
လို… …"
"ဟေ့ ဘာဖြစ်လဲ"
"ကြောင် …… ကြောင်ချီးလုပ်နေတာ သီးမခံနိုင်ဘူးတော့"
"လာ လာချည်သေး တာချီလိတ်လို အသာရီလိုက်
မယ်။ ငါ့ကို မော်လမြိုင်လို အပျော်ချိုင်ချင်နေတာ
ငါသိတယ်"
"သူကများ ကော့သောင်းလို ပျော့ပြောင်းသလိုနဲ့ ဖလမ်း
လို အကြမ်းတွေ လာပြောနေတယ်"
"ပြောတယ်ကွာ … … မော်ချီးလို ပျော်ပြီး နေပလိုက်မယ်
"ဘာ … … ရှင်က တောင်ကုတ်လို စောင်ထုတ်ပြီး ဆင်း
ချင်နေတယ်ပေါ့"
"အေး ဟုတ်တယ် … …သံတွဲလို ငါ့အကြံကလည်း
မလွဲစေရဘူး မတာမရဲ့"
"အဲတော့ ရှင်က ပခုက္ကူလို အရှုပ်လိုလူ လုပ်ချင်သပေါ့
လေ လုပ်လိုက်စမ်းဘာ"
"အေးး ရဒယ် ငါကလည်း မိတ္ထီလာလို သိပ်ပြီးကဗျာမဆန်တော့ဘူး လာလေ"
"ကျုပ်ကလည်း ဝ , တွေ လို ချတယ် တွယ်တယ် လာ"
နောင်ဂျိန် နောင်ဂျိန်
ချကြလေပြီ
#Credit- Original Writer✍️👸
#မိုးမခ
Comments
Post a Comment