" ကိုငြိမ်းမောင်.... !!"
"ဗျာ.ဗျာ .. ရှိ."
" ကလေး နို့တိုက်လိုက် ဦး"
"ဟမ်.....ငါမှ နို့မထွက်တာ မိန်းမရယ်"
"နို့ဗူး တိုက်ခိုင်းတာ ရှင့်ကို. !!
တကထဲ မပြောလိုက်ချင်ဘူး"
" အေး အေးပါမိန်းမရယ်.... လာလာ သားလေး
ဖေဖေနို့တိုက်မယ်
မင့်အမေက ဆေးချ နေတာ မအားသေးဘူးတဲ့"
" ဘာ...ကိုငြိမ်းမောင် ရှင်ကျမကို
ဘယ်လိုမိန်းမထင်နေတာလဲ"
" အပင်တွေ ပိုးမကျအောင် ဆေးဖြန်းနေတယ်ပြောတာပါ မိန်းမရယ်"
"ဟွန်း ရှင် တော့ သေတော့မယ်... ပီးရင် ကလေးကို သိပ်လိုက်ဦး"
"ငါးပိနက်သိပ် ရမှာလား ဆားနဲ့ သိပ်ရမှာလား.မိန်းမ"
" မဆလာလေးပါထည့်လိုက်.... "
" နူးတဲ့ အချိန်မှ မဆလာထဲ့ ရမှာမလား."
"ကိုငြိမ်းမောင် ရှင် အရက်ကြောင်ကြောင်ပြီး ဘာတွေပြောနေတာလဲ ကလေး ကို အိပ်သွားအောင် ချော့သိပ်ခိုင်းနေတာ"
"အေးပါ မတင်ရွှေရယ်.."
တနေ့တနေ့ ဒီမိန်းမ နက်ပဲ ပြသနာတက်နေတာ ။ အရက်တိုက်တဲ့ မျက်နှာလေးရှိလို့ပေါ့ကွာ။နောက်မို့ဆို ဒင်း နဲ့ အလဲ အပြဲ အကွဲပဲ။...
"ကဲကဲ သားလေး ဖေဖေချော့ သိပ်မယ်နော်::::"
"ဟုတ် ပေပေ ကျိ"
"သားလေးရယ် အိပ်ပါတော့ ကြောင်ကြီးကိုက်လိမ့်မယ်"🎵
"ပေပေ .. ကြောင်ကျိက ပေပေ ရက်ရက်နက် မြည်းလိုက်တာမလား"
"အရေးထဲ မင့်ကလဲ သားဖချင်းကပ်ဖဲ့နေသေးတရ်"
"ကိုငြိမ်းမောင်.. ကလေး မအိပ်သေးဘူးလား"
"သိပ်နေတယ်မိန်းမရေအိပ်တော့မှာ.."
" သားလေး အိပ်တော့နော်...ဖေဖေ ချင်းဆိုပြမေ .. ကြာဖြူ ရေ ကြာဖြူ ရေ...🎵 ရွှေမိုးလေးတွေ .🎵ရွာတိုင်းပဲ သတိရနေ.."
"ကိုငြိမ်းမောင် ရှင် ကလေးချော့သိပ်နေတာလား ကာရာအိုကေ ရောက်နေတာလား ဘယ်က ကြာဖြူကို သတိရနေတာလဲပြောစမ်း.. ရှင့်ကို အဲ့ ကောင်မက အမြည်းဖိုးပေးနေလို့လား"
"အာ မတင်ရွှေ ကလဲ.. ကလေးချော့သိပ်နေတာကို.."
"နော့သားလေး အိပ်တော့နော် ဖေဖေချေ့ာ့သိပ်မယ်..🎵🎵.. ရန်သူငါးပါးထဲမှာ အင်မတန် အပြောကြမ်းလှတာ🎵 မညှာမတာ ဘယ်သူ့မှ မကြောက်တဲ့ 🎵သူခိုးဓားမြထက် ဆိုးတဲ့ တင်ရွှေဟာ.."
"ဘာ !!! ကိုငြိမ်းမောင် ရှင်ကျမကို ဘာမကျေနပ်တာလဲ ပြောစမ်း"
"ကလေးချော့နေတာပါ မိန်းမရဲ့ ကိုယ့်အလုပ်ကိုလုပ်စမ်းပါ"
"ဟွင်းဟွင်း ရှင်နော် ရှင်.."
"သားလေး မငိုနက် အိပ်အိပ်...ဖေဖေချော့သိပ်မယ်
🎵တို့ရေဆာစဉ် အာမီတွေ ယူလာပေးသူ..🎵 အဆင်ပြေချိန် ဝီစကီလေး တစ်ခွက် ထက်ကို🎵 တန်ဖိုးထားပါတရ်.."
"တိတ်စမ်း ကိုငြိမ်းမောင် အခု အိမ်ပေါ်က ဆင်းတော့"
"ဟာ မတင်ရွှေ မင်းဟာလေ."
"ကျမဟာ.ဘာဖစ်တုန်း ပြောစမ်း"
"အရက် လောက်မှ ဇောက်မနက်ဘူး"
" ဘာအရက်လဲ ဇကော ဇကော"
"ငါသိပါတရ်... မင်းမှာသစ္စာ လူမှာ ဘီယာ တဲ့"
" ဘာ လူမှာ ကတိ ကတိ.. "
"အေး.. မင်းငါ့ကို ကတိတွေ အတန်တန်ပေးခဲ့တယ် မှတ်မိလား"
"ဘာ ကတိတွေလဲ ပြောစမ်းပါဦး"
" မင်းနဲ့ချစ်သူ ဖြစ်တုန်းက င့ကို ရာသက်ပန် အရက်တိုက်မယ်ဆိုပီး ကတ်ိတွေပေးခဲ့တယ်လေ... မင်းကတိမတည်လို့ မြန်မာဘီယာ ၆၀၀ကနေ ၇၀၀ ဖြစ်သွားခဲ့တယ်။ မင့်ငါ့ကို ထာဝရထက် အရက်ပိုတယ် ပြောပီး အခု ပြောင်းလဲ သွားခဲ့တယ်.လေ..မင်းကတိမတည်လို့ အာမီပုလင်းခွံတောင် ၅၀ပဲ ရတော့တယ်....မင်း ကတိမတည်ဘူး တင်ရွှေ"
"ဟင်. ကျမ မှားပါတယ် ကိုငြိမ်းမောင်ရယ်"
"ရပါတယ် ငါနင့်ကို အရက်နဲ့ ထပ်တူ ချစ်ခဲ့တာ တင်ရွှေရဲ့"
"အိုရ် ကိုငြိမ်းမောင်ရယ် မပြောပါနဲ့တော့.. ကျမ မှားသွားပါတယ် ဟင့် ဟင့်"
"မငိုပါနက်မိန်းမရယ် င့ကို ကတိတစ်ခု ပဲပေးပါ"
"ပြောလေ ကိုငြိမ်းမောင်"
" ငါ့ ပုလင်းတွေထဲ ခိုးခိုးပီး ရေမရောတော့ပါ ဘူးဆိုတဲ့ကတိ"
"ကျမကတိပေးပါတယ် ကိုငြိမ်းမောင်... ရှင်လဲကတိပြန်ပေး"
"ပြောလေ မတင်ရွှေ"
"ကျမက အရက်ကို လက်တစ်ဆစ်ပဲ သောက်လို့ပြောတာကို . .နောက်တစ်ခါ လင်ဗန်းထဲ လက်တစ်ဆစ်ထည့်ပီး မသောက်ပါနက်"
" အေးပါ မိန်းမရယ်... ငါလျော့နေပါတယ်.."
"သားလေး တောင် အိပ်သွား ရှာပီ"
"မအိပ်ပဲ နေမလားဟ! ချော့သိပ်ရတာ မောလို့ ငါ့ပုလင်းထဲက လက်ကျန်လေး တိုက်လိုက်တာ"
"ဘာ "
⬛️
#Credit Original Writer✍️👸
#Pink🌸
Comments
Post a Comment