ကြည့်အုံးမလား
😂😂😂😂😂😂
သူမက လေယာဉ်ပေါ်မှာ...
ဘေးထိုင်ခုံမှာ ဘုန်းကြီးတပါး ပုတီးစိပ်နေတယ်
သူမကတော့ တယောက်တည်းအလုပ်ရှုပ်နေတယ် လက်ကိုင်အိတ်ထဲက တစုံတရာကိုထုတ်လိုက်တယ် သေချာကြည့်တယ် ပြန်ထည့်လိုက်တယ် ပြီးရင်ပြန်ထုတ်တယ် ကြည့်တယ်
သက်ပြင်းတချက်ကိုမှုတ်ထုတ်ပြီး
ပူပင်သောကရောက်နေဟန်ဖြစ်နေတယ်
နောက်ဆုံးမှာဆုံးဖြတ်ချက်တခုကိုချပြီး
ဘုန်းကြီးဘက်လှည့်ပြီး စကားပြောလိုက်တယ်
" တပည့်တော်မကို တခုလောက်အကူအညီပေးပါဘုရား "
ပုတီးစိပ်နေတဲ့ဘုန်းကြီးလည်းအံ့သြစိတ်နဲ ဇဝေဇဝါဖြစ်သွားပြီး
" ပြောပါ ဒကာမလေး "
" ဘုန်းဘုန်း ကူညီနိုင်တာရှိရင်ကူညီပေးပါမယ် "
" တပည့်တော်မ ဒီနိုင်ငံကနေပြန်လာတော့
အမျိုးအစားကောင်းပြီးစျေးကြီးတဲ့နူတ်ခမ်းဆိုးဆေး တဗူးဝယ်လာပါတယ် ဘုရား "
" လေဆိပ်မှာအခွန်ဆောင်ရရင်အများကြီးဆောင်ရမှာ "
" အဲ့ဒါ အရှင်ဘုရားရဲ့သင်္ကန်းအောက်မှာ ဖွက်ပြီး ယူလာပေးလို့ရမလား ဘုရား "
" အင်း ! ဒီလောက်ကကူညီပေးလို့ရပါတယ်"
"ဒါပေမဲ့ ပြဿသနာက ဘုန်းဘုန်းတို့ကမုသာဝါဒကံကျူးလွန်လို့မရဘူး ဒကာမလေးရဲ့ "
" လေဆိပ်မှာ အခွန်ဆောင်စရာပါသလားမေးရင် ဘုန်းဘုန်းကလိမ်ပြောလို့မရဘူးကွဲ့ "
သူမ တချက်စဉ်းစားလိုက်ပြီး
ဘုန်းဘုန်းနားကပ်လို့
တိုးတိုးလေးပြောလိုက်တယ်
ဘုန်းဘုန်းကတော့ ခေါင်းတညိမ့်ညိမ့်နဲ့ပေါ့
အဲဒီလိုနဲ့လေဆိပ်ရောက်လို့ အကောက်ခွန်အရာရှိက
"ဘုန်းဘုန်း အခွန်ဆောင်စရာပစ္စည်းပါလား ဘုရား..." လို့မေးတော့
" ခါးအထက်ပိုင်းမှာတော့ ဘာမှမပါဘူးဒကာကြီး "
အရာရှိလည်း အံ့သြသွားပြီး
" ဒါဆိုခါးအောက်ပိုင်းမှာ ပါလာတာလားဘုရား "
" အေးကွဲ့ ဘုန်းဘုန်းရဲ့ခါးအောက်ပိုင်းမှာတော့
အမျိုးသမီးတွေအတွက် ပစ္စည်းတခုပါလာတယ်
ဒါပေမဲ့ ဘုန်းဘုန်းတော့တခါမှအသုံးမပြုရသေးဘူး ဒကာကြီးကြည့်ချင်ရင်ထုတ်ပြမယ်လေ" ။
😂 Aung Khit Htoo
#Credit
Comments
Post a Comment