" အလွတ်မရလျင် ဘာဖြစ်တတ်သလဲ "

🙄🙄🙄🙄🙄🙄🙄🙄🙄🙄🙄🙄🙄🙄🙄

ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးသမားတစ်ဦးဟာ ပရိသတ် ထောင်သောင်းကို ဟောပြောနေ ပါတယ်။

“ကျနော့်ဇနီး မဟုတ်တဲ့ မိန်းမ တစ်ယောက်ရဲ့ 
ရင်ခွင်မှာ နေခဲ့ရတဲ့ အချိန်တွေဟာ ကျနော့် ဘဝရဲ့ အပျော်ဆုံး အချိန်တွေပါပဲ” 

လို့ ပြောပြီး စကားကို ခဏ ရပ်လိုက်တယ်။

ပရိသတ်တွေ ဆွံ့အ သွားကြတယ်။ အသံအားလုံး တိတ်ဆိတ် ကုန်တယ်။ သူတို့ လေးစားတဲ့ ဒီ နိုင်ငံရေးသမားဟာ ... ဘာလဲ ဘယ်လိုလဲ ... ???

ခဏနေတော့ သူက ဆက်ပြောတယ် ...

“အဲဒီ မိန်းမကတော့ ကျနော့် အမေပါပဲ”

အော် … ဒီလိုကိုး …
ဟား ... ဟား ရွှီး ... ဖြောင်း … ဖြောင်း …

ဒီစကားကို ပရိသတ် တစ်ယောက် ဖြစ်တဲ့ 
ကိုထုံ သဘောကျ သွားတယ်။ အိမ်ပြန်တော့ 
သူ့မိန်းမကို ပြောကြည့်မယ်ဆိုပြီး မီးဖိုထဲကို 
သွားတယ်။ အရက် နှစ်ခွက်လောက် အရင် 
သောက်လိုက်တယ် ပြီးတော့ ပြောတယ် … …

“င့ါဇနီး မဟုတ်တဲ့ မိန်းမ တစ်ယောက်ရဲ့ 
ရင်ခွင်မှာ နေခဲ့ရတဲ့ အချိန်တွေဟာ င့ါဘဝရဲ့
 အပျော်ဆုံး အချိန်တွေပါပဲ” 

သူ အဲဒီလို ပြောပြီး စကားကို ခဏ ရပ်လိုက်တယ်။

သူ့မိန်းမ မျက်နှာနီရဲလာတယ်၊ 
အသားတွေ တဆတ်ဆတ် တုန်လာတယ်။

ဒုတိယစကားကို ဆက်ပြောဖို့ ကိုထုံ စဉ်းစားတယ်။ 
နဲနဲမူးနေတော့ စဉ်းစားလို့ မရဘူး ဖြစ်နေတယ်။
စဉ်းစားတယ်။စဉ်းစားတယ်။ဘယ်လိုမှ စဉ်းစားလို့ 
မရတော့ သူ့ဟာသူ ညည်းတွားလိုက်တယ်။

“သူ ဘယ်သူလဲဆိုတာ ငါ မေ့နေပြီ” … တဲ့။

အဲ … အဲဒီနောက်တော့ ကိုထုံရဲ့ 
လောကကြီးဟာ မှောင်အတိ ကျသွားတယ်။

ကိုထုံ သတိ ပြန်လည်လာတော့
 ဆေးရုံ ကုတင်ပေါ်မှာ …။ ဘာတွေ ဖြစ်ခဲ့ပါလိမ့်
 ဆိုတာကို ပြန် တွေးကြည့်မိတော့ ... သူ တစ်ခုခု 
ပြောဖို့ စဉ်းစားတယ်၊ အဲဒီ အချိန်မှာ သူ့မိန်းမ 
လက်ထဲမှာ ငရုပ်ကျည်ပွေ့ ကိုင်ထားတယ် 
ဆိုတာကို တဖြည်းဖြည်း သတိရ လာပါတယ်။

😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁

Crd ## သန်၄ကို
via zinbo

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့