လှတောသားနှစ်ယောက် တွေ့သောအခါ ၆
---------------------
- အရီးသာဖော့ ဟိုတလောက
သွားကိုက်လို့ ဆို ...
- ပြောချင်ပါဘူး လှဆောင်ရယ် ကိုက်နာကြီး
ပါးစောင်ထဲ ဗုံးတွေ ဆက်တိုက်
ထပေါက်နေသလားလို့ ထင်ရ ...
- အခုရော
- သွားဆရာဝန်နဲ့ ပြပြီးနှုတ်လိုက်တော့
ကောင်းသွားပါပြီ ...
- လွယ်လွယ်နဲ့ နှုတ်လို့ရရဲ့လား
- မေးရက်ပါ့အေ
အရပ်လက်သယ် မထွေး
ခလေးမွေးပေးတဲ့ အတိုင်းပါဘဲ
ပါးစပ်ကို ဖြဲလိုက် နှိုက်လိုက် မွှေလိုက်နဲ့ပေါ့
နောက်ဆုံးမှ ဘသားချောက မဲရှုံးတဲ့အမတ်လို
မထွက်ချင် ထွက်ချင်နဲ့ အပြင်ရောက်လာတာ
- ပိုက်ဆံကော ဘယ်လောက်ကုန်သတုံး
- တောင်းချက်ကတော့ ရက်စက်သယ်အေ့
နိုင်ငံတော်ကာကွယ်ဖို့ ဘာ့ဂျက်ချခိုင်းသလားမှတ်ရ။
လှတောသား.စကားပဒေသာမှ
Comments
Post a Comment