ဝန်ကြီးနဲ့သိုးကျောင်းသား
▄▄▄▄▄▄▄▄▄▄▄
တစ်ခါက ဝန်ကြီးတစ်ပါး ရှိသတဲ့.. ဝန်ကြီးဟာ တောင်ပေါ်ဒေသကို ရုပ်ဖျက်ပြီး အလည်အပတ် သွားတယ်.. သွားရင်း ..သူ့ကားရှေ့မှာ သိုးတွေ ဖြတ်နေတာကြောင့် အကြာကြီး စောင့်နေရတယ်.. ကြာလာတဲ့အခါ စိတ်မရှည်တော့တာနဲ့ သိုးကျောင်းသားလေးကို ပြောတယ်။

“ငါ ဝန်ကြီးကွ သိုးတွေကို ရပ်ခိုင်း” .. “ရပ်ခိုင်းလို့ မရဘူးဝန်ကြီး.. ဒီကောင်တွေက တစ်ကောင်သွားရင် နောက်တစ်ကောင် လိုက်တာပဲ.. သိုးတွေကို သိုးသတ်ရုံ ပို့ရင် ဒီလိုပဲ ပို့တာ ဝန်ကြီးလည်း ဖတ်ဖူးမှာပေါ့”.. “အာဂကောင်လေးပဲ” ဟု.. ဝန်ကြီးက တွေးသည်.. သိုးကျောင်းသားလေး ပြောတာ .. သိုးတွေက အသေသာ ခံသွားမယ် သူတို့လမ်းစဉ်ကို မပြောင်းဘူး ဆိုတာမျိုးပေါ့။

သူ သဘောကျတယ်.. ဒါပေမဲ့ ဝန်ကြီးက ဒီကောင်လေးကို ပညာပေးဦးမယ်လို့ စိတ်ကူးပြီး အောက်ပါအတိုင်း ပြောလိုက် တယ်.. “မင်းသိုးတွေ အတော်များတာပဲနော်”.. “များပါတယ်ဝန်ကြီး.. အကောင် ၅၀၀ တိတိ ရှိပါတယ်”.. “ဟုတ်လား ဒါဆိုရင် ဘယ်နှကောင်က အထီး.. ဘယ်နှကောင်က အမဆိုတာ ပြောနိုင်ရင် မင်း ငါ့ကို သိုးတစ်ကောင် ပေးမလား”.. “အင်း … ကျနော်လည်း လောင်းကစား ဝါသနာပါတယ်.. စိန်လိုက်လေ”

ဝန်ကြီးလည်း ကားထဲဝင်သွားပြီး သူ့ရုံးကို ဖုန်းဆက်တယ်.. GPS ကို ဖွင့်ပြီး ရုံးအဖွဲ့ကို သိုးအမနဲ့ သိုးအထီး အရေအတွက်ကို တွက်ခိုင်းတယ်..မိနစ်ပိုင်းမှာပဲ အရေအတွက် အတိအကျ ရတယ်.. “မင်းသိုးဟာ အထီး ၁၇၆ ကောင်.. အမ ၃၂၄ ကောင် မဟုတ်လား”.. သိုးကျောင်းသားလေး အံ့ဩသွားတယ်.. “မှန်တယ်..ဝန်ကြီးကြိုက်တဲ့ သိုးတစ်ကောင် ယူသွားပါ”

ဒီအချိန်မှာ .. သိုးတွေက လမ်းပေါ်က ဆင်းလို့ ကုန်နေပြီ.. ဒီတော့ ဝန်ကြီးက နောက်ဆုံး သိုးတစ်ကောင်ကို ကားထဲ ကောက်ထည့်လိုက်ပြီး ကားပေါ် တက်သွားတယ်.. ဒီအခါ သိုးကျောင်းသားလေးက ကားနား ကပ်လာပြီး.. 
“ဝန်ကြီးကို နောက် အလောင်းအစားတစ်ခု လုပ်ချင်တယ်”.. ဝန်ကြီးက ရယ်ပြီး .
. “ဘာလုပ်ချင်လဲ” လို့မေးတာပေါ့..
 “ဝန်ကြီးကို ဘယ်ဝန်ကြီးဌာနကလဲလို့ ပြောနိုင်ရင် ဝန်ကြီးက ကျနော့်သိုးလေးကို ပြန်ပေးမလား”.. 
ဝန်ကြီးက စဉ်းစားတယ်.. “ဒီကောင်လေး ငါ့ကို မသိနိုင်ဘူး.. ငါ့ကို တီဗီထဲမှာ တွေ့ဖူးသလား.. မဖြစ်နိုင်ဘူး.. ငါ လွှတ်တော်တွေ တက်ရင်လည်း ခေါင်းပေါင်းနဲ့ ဆိုတော့ ဒီကောင်လေး အပြင်မှာ ငါ့ကို မမှတ်မိနိုင်ဘူး..
 ပြီးတော့လည်း ..ငါ သူ့သိုး ပြန်ပေးရတာ ဘာအရေးလဲ” လို့ စဉ်းစားပြီး .. “ငါ ဘယ်ဝန်ကြီးဌာနကလဲ” လို့ မေးလိုက်တယ်

ကောင်လေးက ချက်ချင်းပဲ .. “ဝန်ကြီးက ပညာရေးဌာနက မဟုတ်လား” လို့ ဖြေလိုက်တယ်.. ဒီအခါ ဝန်ကြီး မျက်လုံးပြူး သွားတယ်.. ဒီကောင်လေး ငါ့ကို ဘယ်လို သိတာလဲ.. ဝန်ကြီးဟာ ရှက်ရှက်နဲ့ သိုးကလေးကို ကားထဲက ပြန်ထုတ်ပေးရင်း သိုးကျောင်းသားလေးကို မေးလိုက်တယ်.. 
“မင်း ဘယ်လို သိတာလဲ.. ငါ့ကို တီဗီထဲကနေ မြင်ဖူးလို့လား” ဆိုတော့ .. သိုးကျောင်းသားလေးက ပြုံးတယ်

“မဟုတ်ပါဘူး ဝန်ကြီး.. စောစောက ဝန်ကြီး ယူသွားတာ သိုး မဟုတ်ဘူးလေ..ကျနော့်ခွေးလေး.. သိုးမှန်း မသိ..ခွေးမှန်း မသိဘူး ဆိုတော့ .. ပညာရေးဝန်ကြီးမှန်း သိတာပေါ့” တဲ့..

Credit: ဒေါက်တာခင်မောင်ညို
Credit Photo Google
#ဖေ့ဘုတ်ဟာသကမ္ဘာ

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့