ဂါဝူး..

*******

တခါက ကာရစ်ဘီယမ်ကျွန်းစုထဲမှာကိုယ်ပိုင်အုပ်ချုပ်ရေးရတဲ့ ရေမီးရှားဆိုတဲ့

ကျွန်းနိုင်ငံလေးတခုရှိခဲ့တယ် ကျွန်းအုပ်ကြီးအပါအဝင် ကျွန်းသားအားလုံးက ဂေါက်သီးရိုက်ကစားနည်းကိုအရမ်းဝါသနာပါ

ကြတယ် တနေ့တော့ တိုင်းသူပြည်သားတွေ

အတွက်ပျော်ပွဲရွင်ပွဲတွေလုပ်ပေးပြီး အထူးအစီအစဉ်အဖြစ် ကမ္ဘာမှာနာမည်အကြီးဆုံး

ဂေါက်သီးရိုက်ချန်ပီယံ တိုက်ဂါးဝုဒ် (Tiger Woods )ကိုဖိတ်ခေါ်ကာ သရုပ်ပြဖို့ ဆုံးဖြတ်ခဲ့ကြတယ်  


ပျော်ပွဲရွင်ပွဲမတိုင်မှီညမှာ ချန်ပီယံကြီးကိုဂုဏ်ပြုညစာစားပွဲနဲ့ဧည့်ခံပြီးသကာလ

အိပ်ချိန်မှာမပျင်းရအောင် ကျွန်းသူငယ်ငယ်ချောချောလေးတယောက်ကို အဖော်အဖြစ်

အိပ်ခန်းထဲမှာ ထားပေးခဲ့တယ် 

ညအိပ်ချိန်ရောက်တော့ အတူတူအိပ်ကြတာပေါ့ အိပ်ရင်းနဲ့ကောင်မလေးက မကြာခဏဆိုသလိုသူတို့ဘာသာစကားနဲ့ "ဂါဝူး ဂါဝူး "ဆိုပြီး

ထ ထ အော်တယ် သူ့စကားကိုယ်နားမလည်ဘာပြောမှန်းမသိပေမယ့်သနားလို့ဆိုပြီး အတူဆက်မအိပ်တော့ပဲ အိပ်ခန်းထဲကဆိုဖာပေါ်မှာပြောင်းအိပ်လိုက်တယ်

ရင်ထဲကတော့ မတင်မကျနဲ့ပေါ့


နောက်တနေ့ ဂေါက်သီးရိုက်သရုပ်ပြပွဲမှာ

ကျွန်းသူကျွန်းသားအားလုံး လာရောက်အားပေးကြတာ ကျွန်းရှိလူကုန်ပဲ

ကိုတိုက်ဂါးကလည်း ချန်ပီယံပီသစွာ ကျွမ်းကျွမ်းကျင်ကျင်ကစားပြသွားတယ် တချက်ရိုက်လိုက်တိုင်းပရိတ်သတ်က "ဟေး " ကနဲအားပေးသံကစိတ်ကိုအရမ်းတက်ကြွစေတယ် 

ဒီလိုနဲ့ရိုက်လာရင်း နောက်ဆုံး တွင်းထဲကိုရိုက်သွင်းဖို့ ချိန်နေတဲ့အချိန်မှာ ပရိတ်သတ်ကြီးက ငြိမ်သက်ပြီးအသက်ရှုဖို့တောင်မေ့နေကြသလားထင်ရတယ် တိုက်ဂါးဝုဒ် လည်း သေချာချိန်ပြီးရိုက်လိုက်တာ ဝင်မလိုဖြစ်ပြီးမှ ကပ်ပြီးလွဲသွားတယ် အဲဒီအချိန်မှာ ကြည့်နေတဲ့ ပရိတ်သတ်ကြီးရဲ့ အားမလိုအားမရ အသံကြီးကတပြိုင်တည်းထွက်လာတယ်  

" ဂါဝူး" တဲ့


(ငယ်ငယ်ကဖတ်ဖူးခဲ့သောဟာသလေးကိုပြန်လည်ခံစားတင်ပြပါသည် စာဖတ်သူများ

ရွှင်လန်းကြပါစေ)


Crd.

Comments

Popular posts from this blog

ချောတယ်လို့