လမ်းထိပ်မှာ ဆေးဆိုင် လာဖွင့်နေတာ ။


ဖြတ်လျှောက်ရင်း ကြည့်လိုက်တော့ 

အလန်းလေးတွေ့ လိုက်တယ်။ ဒါနဲ့ ဆေးဝယ်ချင်စိတ် 

ပေါက်လာရောဆို ပါတော့လေ 😁


"မင်္ဂလာပါရှင့် မြန်မာဆေးနဲ့ နိုင်ငံခြားဆေးမျိုးစုံ 

ရပါတယ်"


အဟက် အသံလေးကပါ ချိုသာချက်… …


"မင်္ဂလာပါ"


"ဘာယူမလဲရှင့်"


"ဟိုလေ… …ဦးစိုင်း ရှိလား ညီမ"


"ရှိပါတယ်ရှင်"


"အာ့ဆို ခဏလောက် ခေါ်ပေးပါလား "


"ရွှမ်"


"အလကား နောက်တာ … …ရွှေသမင်ရှိလား"


"ရှိပါတယ်"


"ရှိရင် တိရိစ္ဆာန်ရုံကို ပို့လိုက်လေ"


"အမ်'


"စ တာ စ တာ… …ဒါနဲ့ အဘထ ရပြီလား"


"ရပါပြီရှင့်… …"


"ကောင်းတယ် ကောင်းတယ် အဘ က ထလို့ရရင်

လမ်းလေး ဘာလေး ညောင်းပြေ ထွက်လျှောက်ခိုင်းအုံး"


"ဟင်"


"ဆာဒူးကြီးရောရှိလား"


"ရှိတယ်"


"ဒါဆို နားမားစတေး လို့ပြောပေး"


"နားမလည်ဘူးရှင့်… …"


"နားမားစတေး - မင်္ဂလာပါ လို့ ပြောခိုင်းတာ"


"ဘာရှင့်… …ရှင်လွန်လာပြီနော်"


ဒေါသထွက်ပုံက ချေ့စာလေး ငှိ ငှိ… …


"ကဲ ကဲ ညီမရယ်… …အစ်ကို ခေါင်းကိုက်နေလို့ပါ။

အဲဒါ ဘာဆေးသောက်ရမလဲ"


"ပါရာသောက်"


"အစ်ကိုဆီမှာ ဘာမှ ပါမလာဘူး ညီမရဲ့"


"ရှင်နော်…ကျမက ပါရာစီတမော့ ကို ပြောတာ"


"အင်း ဟုတ်ပြီလေ… …ဒါဆိုရင် ရေသန့်တစ်ဗူးပေး"


"ရှင် ဆေးမဝယ်ဘူးလား ဝယ်မှာလား"


"ဝယ်မှာပေါ့ကွာ ဆေးသောက်ဖို့ ရေအရင်ဝယ်တာပါ"


"ကဲ ရော့ ရော့"


""ဟာ ညီမတို့ဆိုင်က ရေသန့်က ဒိတ်အောက်နေပြီ"


"ရှင် … …ဒီရေသန့်တွေ မနက်ကမှ တင်ထားတာပါ"


"ဒီမှာ ညီမရဲ့ … …PH 7 တဲ့

တစ်ခြားဆိုင်တွေဆို PH 8 တို့ PH 9 တို့ ရောင်းနေပြီ"


"အဖေရေ… …ဒီမှာ စျေးမဝယ်ပဲ လာနှောင့်ယှက်နေတယ်"


ငှင့် .. တေပီ


"ဘယ်ကောင်လဲကွ"


အလိုလေး


လက်ထဲမှာလည်း ဓားကြီးနဲ့


ပြေးပီယေ 🥴😁😂


ဝှက်စ်ထ်။

Crd

.

.😜😜😜


CRD : Ko Gyi Kyaw

Comments

Popular posts from this blog

ချောတယ်လို့