ခရိုနီကြီးတစ်ယောက်ဟာ

သူ့ရဲ့အသစ်စက်စက် Lexus ကားကြီးကို သူ့ရုံးရှေ့မှာ ရပ်လိုက်တယ်..

သူ အပြင်ထွက်ဖို့ တံခါးကို တွန်းဖွင့်လိုက်စဉ်

ထရပ်ကားတစ်စီးက ကားတံခါးတစ်ချပ်လုံးကို

ဖြတ်တိုက်ပြီး မောင်းပြေးသွားတယ်..


ခရိုနီကြီး ဒေါသတကြီးနဲ့ နီးစပ်ရာစခန်းကို

ဖုန်းခေါ်တယ်...

မကြာပါဖူး...ရဲအရာရှိ ရောက်လာကော.....


ရဲက ဘာမှပြောချိန်မရဖူး...ခရိုနီကြီး အော်ဟစ်

တော့တာပဲ...''ကားက အသစ်စက်စက်ကွ...

ဘော်ဒီရုံပြန်ပြင်လဲ အော် ဖြစ်တော့မှာမဟုတ်ဖူး..

တိုက်တဲ့ကောင် မိလည်း တစ်စီးလုံးကို

ဒီကောင် လျော်နိုင်မှာလား''..


ရဲအရာရှိ သူ့ကို ကြည့်ပြီး စိတ်ပျက်တဲ့မျက်နှာနဲ့ 

ပြန်ပြောလိုက်တယ်...

''ခင်ဗျားတို့လို လူတွေဗျာ...ဥစ္စာပစ္စည်းပဲ

မက်နေတယ်..ကျန်တာ ဘာမှ ဂရုမစိုက်ဖူး''


''မင်းက ဘာစကားပြောတာလဲ.... ဘာကို ဆိုလိုတာလဲ'' ခရိုနီကြီးက စိတ်ဆိုးဆိုးနဲ့ပြန်မေးတယ်...


''ထရပ်ကားက ဖြတ်တိုက်တုန်းက

ခင်ဗျား ဘယ်လက် တံတောင်ဆစ်ကနေ ပြတ်ပါသွားတာကို သတိမထားနိုင်အောင် ဥစ္စာဇောတွေ တက်နေတယ်ဗျာ'' 


ရဲအရာရှိ စကားဆုံးတာနဲ့..

ခရိုနီကြီးဟာ သူ့လက်ကို သူငုံကြည့်ပြီး..


''ဟာ......

ဒါဆို......ငါ့...ငါ့

.

.

.

.

.

.

.

.

ရိုးလက်နာရီကြီးကော''

Crd


(Ref: Hit and Run)

(ယုတ္တိမတန်ပေမဲ့ လူ့သဘာဝကို ထင်ဟပ်လို့ပါ)

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့