လူငယ်တစ်ယောက်ဟာ ပန်းခြံမှာ အပန်းဖြေနားနေခိုက် ဗိုက်နာလာလို့ အိမ်သာရှာတာ မတွေ့ဘူးတဲ့။ 

  နောက်တော့ အောင့်မထားနိုင်တော့တာနဲ့ ပန်းရုံဘေးမှာ ကိစ္စရှင်းနေတုန်း လုံခြုံရေးအရာရှိနဲ့ ပက်ပင်းတိုးတယ်။

   `ဟေ့လူ၊ ဒါအများပြည်သူပိုင်တဲ့နေရာဗျ၊ ဒီလိုနေရာမျိုးမှာ ခင်ဗျားမို့ မိုက်ရိုင်းဝံ့တယ်´ လို့ အော်တယ်။ 

     လူငယ်က`အိမ်သာမတွေ့လို့ပါဆရာ၊ ကျွန်တော်အောင့်မထားနိုင်တော့တာနဲ့ ထုတ်လိုက်ရတာပါ´ လို့ဖြေတယ်။

    သူတို့ အချေအတင်စကားများနေတော့ ဘေးက အပန်းဖြေသူတွေကလည်း စူးစမ်းတဲ့ သဘောနဲ့ ဝိုင်းအုံလာကြတယ်။ 

     ဘာဖြစ်တာလဲပေါ့။ 

     ဒီမှာ အများပြည်သူပိုင် ပန်းခြံထဲလာပြီး မစင်စွန့်တဲ့ကောင်ဗျ လို့ အရာရှိက ဖြေတော့ လူအုပ်ကြီးက ဒေါသတွေထွက်ပြီး ဆဲကြတယ်။

   မိုက်ရိုင်းလိုက်တာ။ မရှက်ဘူးလား စသဖြင့် ပြောဆိုကြရင်း ဟေ့ ၊ လူလိုမသိတတ်တဲ့ ဒီလူကိုတော့ အပြစ်ပေးမှရမယ် ဆိုပြီး ဆူညံကုန်ရော။

    လုံခြုံရေးအရာရှိကလည်း ရန်ပွဲ ဖြစ်မှာစိုးရိမ်လာပြီး 

    `နေကြပါဗျာ၊ ကိုယ်ထိလက်ရောက် လုပ်စရာမလိုပါဘူး။ ဒါက ပြည်သူပိုင်ပန်းခြံပါ၊ သူ့ကို ဥပဒေအရ တရားစွဲ အရေးယူလို့ရပါတယ်။ တရားသဖြင့် အပြစ်ပေးလို့ရပါတယ်´ လို့ပြောတယ်။

     ဒီစကားကြားတော့ လူငယ်က မျက်နှာငယ်လေးနဲ့ 

     `ခဏလေးဗျာ၊ ခဏလေးနားထောင်ကြပါဦး၊ ကျုပ်ကိစ္စ ကျုပ်ရှင်းပါ့မယ်၊ တရားတော့ မစွဲပါနဲ့´လို့ ပြောတယ်။

     ပြီးတော့ ချက်ချင်းပဲ ပန်းရုံဘေးက သူ့အီးပုံဘက် ခေါင်းလှည့်ပြီး ကုန်းစား လိုက်တော့တာပဲတဲ့။

      အဲဒီမှာ အရာရှိအပါအ၀င် ဒေါသနဲ့ ဝိုင်းကြည့်နေကြသူအားလုံး ဒီမြင်ကွင်းကိုမြင်ပြီး မျက်လုံးတွေ ပြူးပြီး တဝေါ့ဝေါ့ ထိုးအန်ကြတော့တယ်။

     ပြီး အရာရှိက `တော်တော့၊ မစားပါနဲ့တော့ မင်းကို တရားမစွဲတော့ဘူး၊ ရပ်ပါတော့´ လို့ အန်နေရင်းအော်ပြောရတယ်။

      အနားက လူတွေလည်းထွက်ပြေးသွားကြတာပဲတဲ့။ အန်တာ ရပ်မှ အရာရှိက ပြောတယ်။

     `အတော်ရူးတဲ့ကောင်ပဲ၊ ဥပဒေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးရင်တောင် မင်းကို ချီးစားခိုင်းတာမျိုးတော့ အပြစ်မပေးဘူးကွ´ 

    လို့ ပြောတော့ လူငယ်က ဒီလို ပြန်ဖြေတယ်။

      `ဟုတ်ကဲ့၊ ချီးစားပါ ဆိုရင်တောင် သိပ်မရွံသေးဘူး။ တရားဥပဒေ ဆိုတဲ့အသံကြားရင်တော့ ကျွန်တော်က ချီးထက် ရွံပါတယ်ဆရာ။´တဲ့။

Crd


crd.ဝါ နု သော်

Comments

Popular posts from this blog

ချောတယ်လို့