#ဧည့်သည်
အရင်တုန်းက
တစ်သက်လုံး တူတူနေသွားကြမယ်ဆိုတဲ့
မိသားစု ဆိုတာလည်း
ခွဲနေတဲ့လူကခွဲနေ သေသွားတဲ့လူကသေနဲ့
လူတွေ ရေရှည်အတူတူနေဖို့ဆိုတာ
ရေစက်ရှိသလောက်ပဲဆိုတာ သိလာတယ်။
ငါတို့အတူတူနေကြမယ်ဆိုပြီး
သူငယ်ချင်းတွေ တူတူတိုင်ပင်ခဲ့ကြဖူးတယ်
အသက်ကြီးလာရင် ခရီးတွေသွားကြမယ်
Club တွေဆက်တက်ကြဦးမယ်
ပရဟိတတွေလုပ်ကြမယ်
တူတူနေကြ တူတူခွီကြမယ်လို့လည်း
စီစဉ်ခဲ့ကြဖူးတယ်
ဒါပေမယ့် ကြာလာတဲ့အခါ
လူအမျိုးမျိုးဟာ အကြောင်းအဖုံဖုံနဲ့
ရေရှည်မှာ အတူတူဆုံနေကြဖို့ဆိုတာ
သိပ်မသေချာတော့မှန်း သိလာတယ်။
ချစ်သူနဲ့ အတူတူနေသွားဖို့လည်း
ကြိုးစားခဲ့ကြဖူးတယ်
ဒါပေမယ့် ကိုယ်တောင် မနက်ဖန်ဆိုတာ
နေရမနေရ မသေချာတဲ့လောကမှာ
လူတစ်ယောက်နဲ့ တစ်သက်လုံးနေရဖို့ဆိုတာ
ရေစက်ကလည်းရှိဦးမှ
ကံကလည်းပါဦးမှဆိုတာ ရိပ်မိလာတယ်
ပြဿနာကြီးငယ်တွေနဲ့
မတူညီတဲ့အယူအဆတွေနဲ့
လမ်းခွဲကြ ပြတ်ဆဲကြ ထပ်ရှာကြ ထပ်ကွဲကြနဲ့
ထာဝရ လက်တွဲနိုင်ဖို့ဆိုတာ
တော်ရုံရေစက်နဲ့ မရမှန်း
သဘောပေါက်လာမိတယ်။
အိမ်ထောင်သည်တွေတောင်
ဒီလင်ဒီမယား တစ်သက်လုံးလက်တွဲသွားကြဖို့
မသေချာတဲ့ လောက
မွေးထားတဲ့ သားသမီးဆိုတာလည်း
ကိုယ်နဲ့တူတူနေပေးဖို့
ကိုယ့်ကိုပြန်ပြီး လုပ်ကျွေးပြုစုဖို့
မကျိန်းသေတဲ့ လောကမှာ
ကျွန်တော်တို့အတွက် 'သေချာခြင်း' ဆိုတာ
တကယ်တော့ ရှိမနေခဲ့ဘူး။
ခုနောက်ပိုင်းတော့
မိသားစုအပေါ် ချစ်သူအပေါ်
သူငယ်ချင်း မိတ်ဆွေတွေအပေါ်
အရမ်းမှီခိုနေတာတွေ အရမ်းဆွဲထားတာတွေ
အလွန်အကျွံ တွယ်တာနေတာတွေကို
ရသလောက် လျှော့လိုက်တယ်။
ဘယ်သူနဲ့ဖြစ်ဖြစ် ကံရှိသလောက်
ရေစက်ရှိသလောက်သာနေခွင့်ရတာမို့
ဆုံနေတုန်း တွေ့နေတုန်းအချိန်မှာ
အကောင်းဆုံးဖြစ်အာင်သာ နေပေးဖို့
စတင် ကြိုးစားနေတယ်။
မဆွဲထားတော့ဘူး
မစွဲလန်းနိုင်အောင် ကြိုးစားနေတယ်
အထူးသဖြင့် ထာဝရ ဆိုတဲ့စကားကိုမပြောမိအောင် သတိနဲ့နေနိုင်အောင် ကြိုးစားနေတယ်။
နေခွင့်ရတုန်းလေးတော့
ချစ်ပါရစေ... ရယ်ပါရစေ...
ပြုံးပါရစေ... ပျော်ပါရစေ....☺
မရတော့တဲ့အချိန်
ကိုထွက်လာခဲ့တဲ့အချိန်
သို့မဟုတ်
သူတို့ထွက်သွားကြတဲ့အချိန်ရောက်ရင်လည်း😩
"ဒါ လောကသဘာဝ"လို့
နှလုံးသွင်းနိုင်အောင်တော့
တော်တော်ကြိုးစားရဦးမယ်။
#အရာရာဟာ ဧည့်သည်ပါ။
Crd
~~~~~~~~~~~~~~~~~
မူရင်းရေးသာသူအား credit ပါ
တွယ်ငြိရာသာ ဆုံးရှုံးမှာ
ReplyDelete