လေကြမ်းချက်များ
••••••••••••••••••••
မြန်မာနိုင်ငံသို့
အလည်အပတ် ရောက်ရှိနေသော ဂျာမန်လူမျိုး
တစ်ယောက်သည် ၄င်း၏ ဂိုက်လေးအား မေးမြန်းနေသည်။
" ဒီအဆောက်အဦးကို ဘယ်လို ခေါ်ပါသလဲ...? "
" ဇရပ်လို့ ခေါ်ပါတယ် "
" ဘာရည်ရွယ်ချက်နဲ့ လမ်းဘေးမှာဆောက်တာလဲ...? "
" ခရီးသွားလာသူတွေ နားနားနေနေ နေရအောင်ပါ "
" ဘေးက ကပ်လျက်က ဘာလေးလဲ..? "
" ဟုတ်ကဲ့... သောက်ရေအိုးစင်ပါ "
" ထားရတဲ့ ရည်ရွယ်ချက်လေးက..? "
" ခရီးသွားတွေ
မောပမ်းလာရင် ရေသောက်ရအောင်လို့ပါ ဗျ "
" ကောင်းတယ်ဗျာ...
ရေသောက်ပြီး အဆင်သင့်နားဖို့ ခဗျားတို့ လူမျိုးတွေရဲ့
စေတနာကောင်းမှု့၊ ရက်ရောမှု့၊ ဖော်ရွေမှု့ တွေကို
အတိုင်းသား မြင်တွေ့ရတာပါပဲ...."
ဂျာမန် နိုင်ငံသားကို ရှင်းပြနေတဲ့
မြန်မာဂိုက်လေးရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေ..လို့....
မကြာပါဘူး..
ဂျာမန်တိုးရစ်က သောက်ရေခွက်ကို ကြည့်ပြီး
မေးလိုက်ပြန်ပါတယ်....
" ဒါနဲ့... ဒီသောက်ရေခွက်လေးကို
ဘာလို့ ကြိုးချည်၊ သော့ခတ်ထားတာလဲ...? "
ဒီတော့
မြန်မာဂိုက်လေးက ဇောချွေးများ ပြန်နေအောင် စဉ်းစားပြီး
ဖြေလိုက်တာက....
......
........
" ဟုတ်ကဲ့
ဒါကတော့ေလတိုက်ရင် လွှင့် မပါအောင်လို့ပါ " တဲ့.....
" အိုးမိုင်ဂေါ့.....
မြန်မာပြည် လေတယ်ကြမ်းသကိုး .. " တဲ့ လေ ..
" ဟုတ်ပါတယ်
မြန်မာပြည်မှာ လေ တော်တော် ကြမ်းပါတယ် "
" LoL "
😛😛
Crd
#Credit
click.
ReplyDelete