"ဂေါက်သီး ”

.

.

အမျိုးသမီးနှစ်ယောက် ဂေါက်ရိုက်နေကြတယ်။


တစ်ချက်သားမှာတော့..

သူတို့ထဲက တစ်ယောက်ရိုက်လိုက်တဲ့ ဂေါက်သီးဟာ လမ်းလွဲသွားပြီး 

ဟိုးရှေ့ခပ်လှမ်းလှမ်းမှာ ဂေါက်အိတ်ထမ်းပြီး လျှောက်နေတဲ့ ကယ်ရီကောင်လေးကို တန်းတန်းမတ်မတ် ဝင်မှန်ပါလေရော...


သူတို့နှစ်ယောက်လည်း ကောင်လေးဆီကို ကမန်းကတန်းပြေးသွားတယ်။


အနားရောက်လို့ ကြည့်လိုက်တော့... ...

ကောင်လေးခမျာ လက်နှစ်ဖက်ကို ပေါင်ကြားထဲ ထိုးထားရင်းနဲ့ 

မြေပြင်မှာ လူးလှိမ့်ပြီး အော်နေရှာတယ်။


ဒီတော့ အမျိုးသမီးက တောင်းပန်စကားဆိုရင်း ပြောတယ်.... 

"တောင်းပန်ပါတယ်ရှင်၊ ကျမဘာလုပ်ပေးရမလဲ"


"အား... အီး... ရ ရတယ်... အီးရား..."


"ကျမက အကြောအဆစ်ပညာရှင်ပါ၊ ရှင့်လက်ဖယ်လိုက်၊ 

 ဝေဒနာသက်သာအောင် ကျမနှိပ်ပေးမယ်"


"အိုး... အား နေ နေပါစေ... ကျွတ် ကျွတ်"


"ရှက်မနေပါနဲ့ရှင်၊ ဒီနားမှာ တခြားဘယ်သူမှ မရှိပါဘူး၊ ကဲ ဖယ် ဖယ်"


... .... ပြောပြောဆိုဆိုနဲ့ ကောင်လေးဘေး ဒူးထောက်ထိုင်လိုက်တယ်။

ကောင်လေးရဲ့ ဘောင်းဘီဇစ်ကို ဆွဲဖြုတ်လိုက်တယ်။


ပြီးတော့... 

သူ့လက်လေးနဲ့ ဘောင်းဘီထဲနှိုက်ပြီး နေရာအနှံ့ နှိပ်နယ်ပေးလိုက်တယ်။


၁၀ မိနစ်လောက် နှိပ်ပေးပြီးတဲ့အခါ အမျိုးသမီးက မေးတယ်... ...

"ဘယ်နှယ့်လဲ အဆင်ပြေရဲ့လား"


... ဆိုတော့ ကောင်လေးက ပြန်ပြောတယ်... ...


"နှိပ်ပေးတာတော့ ကောင်းတယ်ဗျာ...

 ဒါပေမယ့် ဂေါက်သီးမှန်တဲ့ လက်မ, ကတော့ နာနေတုန်းပဲ"


"ငင်... ..."

.

.😜😜😜

.


"ငင့် အနာတခြား ဆေးတခြား

crd#

#တာဇဲ

😁😁


(အာ့ပဲ့ယေ မှားးးတဲ့အခါလည်း မှားးးပေမပေါ့😁😁)

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့