တစ်နေ့ အဖိုးအိုတစ်ယောက် 

ပန်းခြံထဲမှာ အေးအေးလူလူထိုင်ရင်း

စာဖတ်နေစဉ် လူရွယ်တစ်ဦး အနားကို

ရောက်လာခဲ့ပါတယ် ။


" ဆရာကြီးခင်ဗျာ ! 

ကျနော့ကို မှတ်မိပါလားဗျာ... ? ''


" မမှတ်မိတော့ပါဘူး..သားရယ်.....''


" ကျနော်ဆရာကြီးရဲ့

တပည့်တစ်ယောက်ပါဗျာ ''


" အော်..သားက 

ဘာအလုပ်အကိုင်များ လုပ်သလဲ..? ''


" ကျနော် ကျောင်းဆရာဖြစ်နေပါပြီ

ဆရာကြီး ''


" သိပ်မွန်မြတ်တဲ့အလုပ်ပါပဲ !

ဆရာကြီးနဲ့အတူတူပဲပေါ့... ''


" အမှန်ပါဆရာကြီး ! တကယ်တော့ 

ကျနော် ကျောင်းဆရာဖြစ်လာခဲ့တာ 

ဆရာကြီး ကို လေးစားလွန်းလို့ပါ.. ''


" ကဲ..ဆိုပါဦး ! ဘယ်လိုအကြောင်းတွေကြောင့်ပါလိမ့်... ''


လူရွယ်က ပြောပြပါတယ် ။


" ဒီလိုပါဆရာကြီး ! တစ်နေ့ ဆရာကြီး စာသင်ခန်းထဲမဝင်ခင် ကျောင်းသားတစ်ယောက်က အရမ်းလှတဲ့ သူ့နာရီအသစ်လေးကို အတန်းဖော်တွေကို ပြနေပါတယ်... ။


ကျနော် လိုချင်လွန်းလို့ 

သူမသိခင် ယူထားလိုက်မိပါတယ် ။

နာရီပျောက်သွားတာကို သိလိုက်ရတဲ့

အချိန်မှာ သူကဆရာကြီးကို တိုင်ပါတယ် ။


ဆရာကြီးက ပြောပါတယ်... ။

ပျောက်သွားတဲ့ နာရီကို

ပြန်ပေးကြပါလို့လေ... ။

ကျနော် ငြိမ်နေခဲ့ပါတယ်... ။


ဆရာကြီးက တံခါးတွေကို ပိတ်လိုက်ပြီး ကျောင်းသားတွေအားလုံး မျက်လုံး မှိတ်ခိုင်းလိုက်ပါတယ် ။

ကျနော့ရဲ့အိတ်မှာနာရီကို တွေ့ပြီးတာတောင် တစ်ယောက်မကျန်ရှာပြီးမှ အားလုံး မျက်လုံး ဖွင့်ခိုင်းပါတယ် ။


ဘယ်သူ့ဆီမှာ တွေ့တယ်လို့ ...

ဆရာကြီး လုံးဝမပြောခဲ့ပါဘူး ။

ကျနော် အရမ်းအရှက်ရခဲ့တဲ့နေ့ပါဗျာ !

ဆရာကြီးက ကျနော့ရဲ့အရှက်ကို

ကာကွယ်ပေးခဲ့ပါတယ်...။


ကျနော်ဟာ အဲဒီနေ့ကစလို့ 

ဒီလို အရှက်ရစရာအလုပ် ဘယ်တော့မှ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်...။ ဆရာကြီးရဲ့စေတနာကိုလည်း အပြည့်အဝ နားလည်လိုက်ပါတယ် ။


ဆရာကြီးကို ကျေးဇူးတင်လွန်းရုံမျှမက ဆရာကောင်း တစ်ယောက်ဖြစ်ဖို့ 

ဘာတွေ လိုအပ်တယ်ဆိုတာ 

နားလည်လိုက်ပါတယ်... ။


ဒီအဖြစ်အပျက်တွေကို ဆရာကြီး မှတ်မိပါသေးလား ခင်ဗျာ ? ''


" သိပ်...မှတ်မိတာပေါ့သားရယ် !

ဒါပေမဲ့ နာရီကို ဘယ်သူယူထားလဲ

ဆိုတာကို ဆရာကြီးလည်း ဒီနေ့မှ 

သိရပါတယ် ! နာရီကို ရှာတုန်းက 

ဆရာကြီးလည်း မျက်စိကို 

မှိတ်ထားခဲ့တာလေ... ''


🥰🥰🥰🥰🥰


Crd#Original Writer

#တာဇဲ

😁😁

မျှဝေသည်။

Comments

Popular posts from this blog

ချောတယ်လို့