ဦးမာဃရယ်


တစ်ခါကရွာတစ်ရွာတွင် မိသားစုမရှိ၊ တစ်ဦးတည်းနေထိုင်ရသော ဒေါ်အေးဆိုသူအဖွားအိုတစ်ဦးရှိလေသည်။ သူသည်အသက်အားဖြင့် သူငယ်ပြန်သောအရွယ်(ဝါ)စိတ်ချို့ယွင်းသောအရွယ်သို့ရောက်ရှိနေပြီဖြစ်လေသည်။ တစ်နေ့သော်သူသည် မိမိတဲလေးအတွင်းနေထိုင်လျှက်ရှိရာမှ တဲ၏အမိုးများကိုကြည့်ရင်း အမိုးအသစ်မိုးရန်လိုအပ်နေပြီဖြစ်ကြောင်းတွေးမိသဖြင့် မည်သူ့ထံတွင်အကူအညီတောင်းရမည်ကိုစဉ်းစားနေလေသည်။ ထိုသို့စဉ်းစားနေရာမှ ငယ်စဉ်ကတည်းကရင်းနှီးခဲ့ပြီး လူအများ၏အကျိုးကိုဆောင်ရွက်သဖြင့် တာ၀တိသာနတ်ပြည်တွင် သိကြားမင်းဖြစ်နေသော ဦးမာဃဆိုသူအား အမှတ်ရလေတော့သည်။ ဦးမာဃထံအကူအညီတောင်းပါက အဆင်ပြေနိုင်ကြောင်းစဉ်းစားမိလေသည်၊ အများအကျိုးဆောင်ရွက်နေသူဦးမာဃထံတွင် အလကားတောင်းရန်လည်းအားနာသဖြင့် ၄င်းအားငွေ(၁၀၀)ကျပ်ခေတ္တချေးငှားပါရန်နှင့် အဆင်ပြေပါကချက်ချင်းပြန်ဆပ်ပါမည့်အကြောင်းစာရေး၍ စာအိတ်တွင်

 “သို့

ဦးမာဃ

သိကြားမင်း

တာ၀တိသာနတ်ပြည် ” ဟု လိပ်စာတတ်၍စာတိုက်မှတဆင့် ပို့လိုက်လေတောသည်။ ယခင်ကဤကဲ့သို့ မူမမှန်သောစာများရောက်ရှိလာပါက စာတိုက်မှ နီးစပ်ရာရဲစခန်းသို့ ပို့ပေးရလေသည်။ ဒေါ်အေး၏စာကိုလည်း စာတိုက်မှ ရဲစခန်းသို့ပို့လေရာ ရဲစခန်းတွင် တာ၀န်ကျစာသင်ကြီး(စာရေးကြီး)မှ စာကိုဖေါက်ဖတ်ပြီး သနားစရာဟုအောက်မေ့ကာ သိမ်းထားလိုက်လေတော့သည်။ ဤသို့ဖြင့် စာရောက်ချိန်နှင့်ငွေပို့ချိန်တွက်ချက်နေသောဒေါ်အေးသည် အချိန်တန်သည့်တိုင် ငွေမရောက်သဖြင့် ဦးမာဃထံ ရှေ့နည်းတူ စာတစ်စောင်ထပ်မံပို့ပြန်လေသည်။ ၄င်းစာလည်း စာတိုက်မှ တဆင့် စာသင်ကြီးထံရောက်ရှိပြန်လေရာ စာသင်ကြီးသည်လည်းစာကိုဖောက်ဖတ်ပြီး ဒေါ်အေးအား ဂရုဏာဖြစ်သဖြင့် မိမိ၄င်းရွာသို့ရောက်ရှိပါကဒေါ်အေးအား တတ်နိုင်သမျှထောက်ပံ့ပေးမည်ဖြစ်ကြောင်း စိတ်ကူးထားလေတော့သည်။ မကြာမီ စာသင်ကြီးသည် အလုပ်ကိစ္စတစ်ခုဖြင့် ဒေါ်အေးနေထိုင်ရာရွာသို့ သွားရောက်လေသည်။ အလုပ်ကိစ္စပြီးသောအခါစာသင်ကြီးလည်းစုံစမ်းမေးမြန်း၍ ဒေါ်အေးထံသွားရောက်ကာ မိမိထံရှိသောငွေ(၅၀)အားထုတ်ယူ၍ ဦးမာဃမှ ဒေါ်အေးအား ငွေအဆင်မပြေသေးသဖြင့် (၁၀၀)မပေးနိုင်သေးကြောင်း မိမိအကြုံဖြင့် ငွေ(၅၀)သာပေးလိုက်ကြောင်း၊ ပြန်ပေးရန်မလိုကြောင်းနှင့် အဆင်ပြေပါက ထပ်မံပေးပို့မည်ဖြစ်ကြောင်း၊ပြောကြားလေသည်။ ဒေါ်အေးမှ ကျေးဇူးတင်ရှိကြောင်းနှင့် လူလေးကဘယ်ကတုံးဟု ပြန်မေးလေရာ စာသင်ကြီးမှ မိမိသည် ဤရွာအပိုင် ရဲစခန်းမှစာသင်ကြီးဖြစ်ကြောင်း၊ ကိစ္စရှိပါက ဆက်သွယ်နိုင်ကြောင်းပြန်လည်ပြောကြား၍ စခန်းသို့ ပြန်လေသည်။

ဤသို့စာသင်ကြီးထွက်ခွါသွားသောအခါ ဒေါ်အေးသည်စာသင်ကြီး၏နောက်ကျောအားကြည့်၍ “အော်ဦးမာဃရယ်၊ အကြုံပေးစရာရှားလို့ ရဲကိုမှ ထည့်ပေးရသလား အခုတော့(၅၀)ပဲရတော့တယ်” ဟုငြီးတွားလိုက်လေတော့သတည်း။

Crd

Comments

Popular posts from this blog

ချောတယ်လို့