မီးရှို့ခံလိုက်ရလို့ သိန်းထောင်ကျော် ဆုံးရှုံးသွားတဲ့ လုပ်ငန်းရှင် ဒကာတစ်ယောက်က ဆရာဝန်တစ်ယောက်ဆီ ဖုန်းဆက်ပြီး ရင်ဖွင့်တယ်။


"ဆရာရေ။ ကျွန်တော် ဘဝပျက်ပြီဗျာ။ ဆရာ့ဆေးခန်း လာပြီး သန့်ရှင်းရေးအလုပ်လေးဖြစ်ဖြစ် လုပ်ချင်လို့"


ခေတ်မကောင်းလို့ ဟိုရှောင်ဒီရှောင် လှည့်ပတ်ပြေးနေရလို့ ဆေးခန်းလေးပိတ်ပြီး ရှိတာလေးနဲ့ ထိုင်စားနေရတဲ့ ဆရာဝန်က ပြန်ပြောတယ်။


"ငါလဲ ဆေးခန်းပိတ်ထားရလို့ ဘဝပျက်နေတယ်ဟေ့။ လာချင်လဲ လာခဲ့။ ငါ့ဆေးခန်းနားက တွေ့ရာလူကို အကုန်ရိုက်ပေး။ ငါ့ဆေးခန်း လာပြရင် တစ်ယောက်တစ်ဝက် ခွဲယူကြမယ်။ အဲဒါမှ မလုပ်ချင်ရင်တော့ ဘုန်းဘုန်းကျောင်းမှာပဲ ဘုန်းကြီး သွားဝတ်ကွာ"


ကြံရာမရတဲ့အဆုံး ဦးဇင်းဆီ ဖုန်းလှမ်းဆက်တယ်။ 


"ဘုန်းဘုန်းရေ။ ဆရာဝန်ကတော့ အဲ့လိုပြောနေတယ်။ သူပြောတဲ့အလုပ်လဲ မလုပ်နိုင်ဘူး။ ကျောင်းမှာ ဘုန်းကြီးလာဝတ်ရ ကောင်းမလားလို့ဘုရား"


ကိုယ်လဲ အားကျမခံ ပြန်ပြောလိုက်တယ်။


"ငါလဲ ဒကာတွေ စီးပွားပျက်နေကြလို့ ဖွတ်ချက်ဖွတ်ချက် ဖြစ်နေတယ်ဟေ့။ ကျောင်းမှာ ဗူးပင်၊ ချဉ်ပေါင်ပင်လေးတွေ စိုက်ပြီး ဘုဉ်းပေးနေရတယ်။


"ဆရာဝန် ပြောတဲ့ အလုပ်ပဲ ကောင်းပါတယ်ကွာ။ မင်းက လူရိုက်ပေး၊ ဆရာဝန်က မင်းရိုက်ထားတဲ့ လူနာကို ကုပေး။ သူ ကုမရလို့ သေသွားရင် ငါက သရဏဂုံ လိုက်တင်ပေးမယ်လေကွာ"


တိုင်ပင်နေကြပြီ။ တိုင်ပင်နေကြပြီ😀😀


#crd

Comments

Popular posts from this blog

ချောတယ်လို့