စိိတ်ပျက်လက်ပျက်နဲ့

အိမ်ရှေ့မှာ တစ်ယောက်ထဲထိုင်နေစဥ်

ယိုင်ထိုး...ယိုင်ထိုး...နဲ့ လင်းထက် အနား

ရောက်လာတယ်....


"ကိုမိုး...ဂေ့...ဘာတွေတွေးနေတာလဲ"


"ဘာမှ မတွေးပါဘူး ဗျာ

ဒီလိုပါပဲ ဟိုတွေးဒီတွေးပေါ့"


ကျုပ်လဲ စကားပြောရင်း လင်းထက်တစ်ယောက်

ခါးကြားက အရက်ပုလင်းကို တငုံမောသောက်လိုက်တယ်...


"ခင်များ..ဒီအသက် ဒီအရွယ်ရောက်နေပြီ

ဘာလို့...ခုထိစော်မရသေးတာလဲ...ဂေ့..."


အန်းးး


"ဟေ့လူ...မူးရင်အေးဆေးနေဗျာ

ရပ်ကွက်ကို ဒုက္ခမပေးနဲ့ "


"ဟားဟား ဘာဖြစ်တာလဲ

လူပျိုကြီးကလဲ ဒါလေးမေးတာကိုး."


ငမူး လင်းထက် ရစ်နေပါတယ်ဆို

ဘီယာဗိုက်ကို ရှေ့ပြစ်ပြီး ကော့ပက်ကော့ပက်နဲ့

လမ်းလျောက်လာတဲ့ ကိုဝကြီး....


"ဟေ့ကောင်တွေ...ဒီမှာ

မင်းတို့ ဘာတိုင်ပင်နေကြတာလဲ ပြောစမ်း"


"ဒီမှာလေ အမျိုးကောင်းသား လင်းထက်

မူးပြီး လူလာရစ်နေလို့"


"ဟားဟား...ဘာမှဟုတ်ဘူး ကိုဝကြီး ကျုပ်က မဟုတ်တာ မလုပ်ဘူး ဘယ်သူ့ကိုမှလဲ ပြဿနာ မရှာဘူး မစော်ကားပါဘူး ဟုတ်တာမှန်ရာပဲ ပြောတတ်တယ်"


ကိုလင်းထက် စကားကို လက်မတထောင်ထောင်နဲ့

ထောက်ခံနေတာက ကိုဝကြီး...


"မင်းစကားကိုတော့ ငါယုံပါတယ်

နေပါ့ဦး ငမိုးကို မင်းက ဘာတေသွားပြောလို့လဲ"


"ကိုဝကြီး ခင်များပဲ စဥ်းစားကြည့်

ဒီလူ ဒီသက် ဒီရွယ် ရောက်နေပြီ

ဘယ်မှာလဲ သူ့ကောင်မလေး"


လင်းထက်လဲ ပြောလိုက်ရော

ကိုဝကြီး ဒေါသထွက်တဲ့မျက်နှာနဲ့


"မင်းကွာ...ဘာသိလို့

ငမိုးကို သွားပြောနေတာလဲ"


လင်းထက်တစ်ယောက် ကိုဝကြီး

ထ ဟောက်တော့ မျက်လုံးလေးပြူးပြူးနဲ့


"မသိရင် မင်းမှတ်ထား ဟျောင်း

ငမိုးလို ကောင်မျိုးက လူပြည်ရောက်လာတာ

သေးပေါက်ယုံသက်သက် ရောက်လာတယ်ဆိုတာ မင်း မြဲမြဲမှတ်ထား"


"အလကား...ဟန်သာရှိပြီး အဆံမရှိတဲ့ကောင်

မျက်နှာရူး စောက်ရူးဆိုတာ အဲ့...ငမိုးပဲ"


ငင့်....ပြောရက်ထှာ ပြောရက်ထှာ

ကြည့်ကြစမ်းပါဦးဗျာ...


"ခင်"ရေ မောင့်အဖြစ်ကို "ခင်"လာကြည့်လဲပါဦး...." ခင်"ရယ်မလိုသူတွေ ဘယ်လိုပဲ သွေးထိုး​နေပါစေ

မောင် ချစ်က "ခင်"ပေါ်မှာ ဘယ်တော့မှ ပျောင်းလဲမသွားဘူးဆိုတာ "ခင်" ယုံကြည်ပေးပါ....


အခု မောင့်အဖြစ်က ပင်လယ်ထဲမျောနေတဲ့ အီးတုံးလေးလိုပါ ဟိုငါးကတွတ်လိုက် ဒီငါးကတွတ်လိုက်နဲ့ နောက်ဆုံး မောင့်ဘဝက ငရုတ်သီးဖတ်ပဲ ကျန်တော့တယ် "ခင်"ရေ အဲ့ဒီ ငရုတ်သီးဖတ်လေးကို "ခင်" စားမယ်မှုတ်လား....ခင်....။


ရယ်မောချင်ဖြင့် ဘဝအမောတွေ ပြေပျောက်ကြပါစေ

* ပလုံပလန် *


#မိုးဝသာန်

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့