ရပိုင်ခွင့်လို့ သတ်မှတ်ထားသူများ
တစ်ခါတုန်းက ကြက်ဥမကြိုက်တဲ့ ကျီးကန်းတစ်ကောင်ဟာ သူပိုင်တဲ့ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။ခွေးက အစပိုင်း ကျေးဇူး တင်တယ်ပေါ့၊ ကြာတော့ အကျင့်ဖြစ်သွားတယ်။အကျင့်ဖြစ်လာတော့ဒါက သူ့ကိုပေးကိုပေးရမလိုဆိုတဲ့ စိတ် ဖြစ်လာတယ်။တနေ့ကျတော့ ကျီးကန်းက ကြက်ဥကို ငါးကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး။ ကြက်ဥဟာ အစကတည်းက ကျီးကန်းဟာဆိုတာ သူမေ့သွားတယ်။ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်။ ဒါနဲ့သူတို့စကားများကြပြီး အခင်အမင်ပျက်သွားကြတယ်။
ကျွန်တော်ပတ်ဝန်းကျင်မှာလည်း ဒီအတိုင်းပါပဲ တစ်ချိူ့သော လူတွေဟာ သူတစ်ပါးဆီက တစ်ခါတစ်ရံ ရလိုက်တဲ့ အရာတွေကို တစ်သက်လုံးရမယ့်အရာလို့ သတ်မှတ်တက်တဲ့ လူတွေရှိတက်ပါတယ်။ အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်းဖို့ပဲ မျှော်လင့်ကြတယ်။ အစပိုင်းတော့ ကျေးဇူးတင် မဆုံးဘူးပေါ့။ကြာလာတော့ သူများ ကိုယ့်အပေါ်ကောင်းတာကို အမြဲလိုချင်တဲ့ အကျင့် ဖြစ်လာတယ် ။ဒါကိုဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။ တနေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင်အပြစ်တင်ရှုံ့ချ မိတော့တယ်။တကယ်တန်းကျတော့၊ သူများမကောင်းတော့တာ မဟုတ်ပါဘူး။ကိုယ့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။ ရနေကျဆိုတော့ ရပိုင်ခွင့်တစ်ခုလိုမြင်လာပြီး ကျေးဇူးတရားဆိုတာကို မေ့သွားတာပါ။ ဒါကြောင့် သူတစ်ပါးပိုင်တဲ့ ပစ္စည်းကို ကိုယ့်ရပိုင်ခွင့်လို ပုံသေသတ်မှတ်မထားသင့်ပါဘူး။ တစ်ကယ်တော့ ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာပဲ ဆုံးဖြတ်ခွင့်ရှိပါတယ်..။
Crd
Credit – Original

Comments
Post a Comment